brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ခြယ်သပြင်ဆင်ခြင်း

ကိုယ်ဝန်ရှိနေပေမယ့် သင်ဟာ တခြားအမျိုးသမီးတွေလိုပါပဲ။ သင့်အနေနဲ့ မောပန်းတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ ခံစားရပါမယ်။ အလုပ်နောက်ကျလို့ အမြန်ပြေးရတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် မိနစ်အနည်းငယ်သုံးပြီး ပြင်ဆင်ခြယ်သလိုက်ရင် တစ်နေ့လုံး လန်းဆန်းစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခြယ်သပြင်ဆင်ခြင်း

ကြေးနီရောင် အဆင်းနဲ့ လှပစေဖို့

နွမ်းနယ်တဲ့ မျက်လုံးတွေကို ဖုံးကွယ်ဖို့ တောက်ပတဲ့ bronzer ကိုသုံးပါ။ တောက်ပစေတဲ့ bronzer တွေ သုံးခြင်းဟာ ဖျော့တော့နေတဲ့ အသားအရေကို အထောက်အကူဖြစ်စေပါတယ်။ ကြီးမားပြီး နူးညံ့တဲ့ ဘရပ်ရှ်ကိုသုံးပါ။ ပါး၊ နဖူး၊ မေးစေ့မှာလည်း လိမ်းပါ။ နှာခေါင်းကို အနည်းငယ်တို့ပါ။ မိတ်ကပ်ကိုပိုပြီး ပေါ်လွင်စေချင်ရင် bronzer မသုံးခင် အနည်းငယ်ခါချပါ။ ဒါဆိုရင် သင့်လိမ်းခြယ်မှုဟာ ပိုပြီး မြင်သာလာပါလိမ့်မယ်။

မျက်လုံးကိုပိုကြည့်ကောင်းစေဖို့

ဘယ်လောက်ပဲ ပင်ပန်းပြီး ပြည့်အင့်နေတယ်လို့ ခံစားနေရပါစေ မျက်လုံးများကတော့ သဘာဝအတိုင်း တောက်ပါနေမှာ ဖြစ်ပါတယ်။ လိမ်းရတာ လွယ်ကူမြန်ဆန်စေတဲ့ မိတ်ကပ်နဲ့ ခြယ်သနိုင်ပါတယ်။ မျက်ခုံးမွေးဆွဲခဲတံနဲ့ မျက်လုံးအရစ်ကို ပေါ်လွင်နေအောင် ဆွဲပါ။ သိပ်ပြီး အတိအကျ ဆွဲမနေရအောင် ခဲတံထူထူသုံးပါ။ ပိုပြီး ကြည့်ကောင်းအောင် တောက်ပတာကို သုံးပါ။ မျက်တောင်ခြယ်ပစ္စည်းဟာ မက်စ်ကာရာမလိုဘဲ မျက်လုံးကို ပိုပြီး ထင်ရှားလာစေပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ရှိချိန်မှာ အသားအရည်ဟာ အရင်ကထက် ပိုပြီး ထိခိုက်လွယ်စေနိုင်တာမို့ မသုံးမီ ဓာတ်တည့်မတည့် အရင်စမ်းသပ်ပါ။ နွမ်းနယ်နေတဲ့ မျက်လုံးကို တောက်ပလာစေတဲ့အပြင် မျက်နှာအလှပါ ပေါ်လွင်အောင် မျက်တောင်ကော့စေတဲ့ ကိရိယာသုံးပါ။ မျက်လုံးကို ထင်ရှားပြီး မျက်တောင်တွေ ကြည့်ကောင်းလာအောင် အနက်ရောင် မက်စ်ကာရာကို သုံးပါ။ မျက်တောင်တဖက်စီအတွက် မက်စ်ကာရာ တခုစီသုံးပြီး အနှံ့လိုက်ခြယ်ပေးပါ။

နှုတ်ခမ်းများကြည့်ကောင်းအောင်

တောက်ပတဲ့ နှုတ်ခမ်းနီအသစ်ထက် ဘယ်အရာကမှ သင့်နှုတ်ခမ်းအလှကို မပေါ်လွင်စေပါဘူး။ ကြာရှည်ခံစေတဲ့ နှုတ်ခမ်းနီဟာ တစ်နေ့လုံးမှာ ထပ်ပြီးလိမ်းစရာမလိုအောင် စွဲမြဲစေပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ဟာ သင့်မျက်နှာကို ချက်ချင်းထင်ရှား ပေါ်လွင်လာစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့နှုတ်ခမ်းသွင်ပြင်အတိုင်းပဲ ခြယ်သပြီး သဘာ၀ အသားအရည်ကို ပေါ်လွင်အောင်လုပ်ပါ။

ဒါဟာ သင့်နှုတ်ခမ်း သဘာဝအရောင်ထက် ပိုပြီးရင့်သွားနိုင်ပေမယ့် စိတ်ပူပြီး ရဲရဲတောက်ပနေအောင် မပြင်လိုက်ပါနဲ့။ ပိုပြီး သဘာဝအတိုင်းဖြစ်စေချင်ရင် အရောင်အနည်းငယ်ပြေးတဲ့ နှုတ်ခမ်းနီတောင့်ကို ဆိုးပါ။ မှန်မပါဘဲနဲ့လည်း ဆိုးနိုင်ပါတယ်။

အမြန်သုံး မျက်နှာအလှပြင်ပစ္စည်းများ

မျက်နှာကို ချက်ချင်းလန်းဆန်းသွားအောင် အနံ့မပါတဲ့ မျက်နှာသစ်ရည်သုံးပါ။ မျက်နှာမို့အစ်တာတွေ လျော့ပြီး မိတ်ကပ်လိမ်းထားတဲ့ သင့်မျက်နှာကို ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။ မျက်လုံးမှိတ်ပြီး ၂၅ စင်တီမီတာအကွာကနေပဲ မျက်နှာကို ဖြန်းပါ။ ပုလင်းခပ်သေးသေးကို အိတ်ထဲမှာ ဆောင်ထားရင် လိုအပ်လာတိုင်းမှာ သင့်မျက်နှာကို လန်းဆန်းလာအောင် အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ပူပြင်းတဲ့ နွေရာသီမှာ သုံးနိုင်အောင် ရေခဲသေတ္တာထဲ သိမ်းထားပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thant Zin · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။