brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗိုက်ထဲက ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့

မွေးဖွားလာမယ့် ရင်သွေးလေးကို ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆို ဘေဘီလေးမှာ မွေးရာပါရောဂါတွေ မပါလာစေဘဲ နှလုံးကျန်းမာတဲ့ ဘေဘီလေးအဖြစ် မွေးဖွားကြီးပြင်းလာစေဖို့ မေမေတို့ အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်နော်။ နှလုံး ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့ ဒီဆောင်းပါးလေးက အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

ဗိုက်ထဲက ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့

ဗိုက်ထဲက ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့

ဗိုက်ထဲက ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့ ဘာတွေ သိထားဖို့ လိုမလဲ …….

ဗိုက်ထဲကဘေဘီလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်

ဘေဘီလေးတစ်ယောက် ဗိုက်ထဲကထွက်လာပြီးရင် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာစေဖို့ ဖေဖေရော မေမေတို့မှာပါ တာဝန်ရှိတယ်ဆိုပေမယ့် ဗိုက်ထဲမှာရှိနေချိန်မှာတော့ ဘေဘီလေးကျန်းမာဖို့အတွက် တာဝန်အရှိဆုံးသူက မေမေပါ။ ကိုယ်ဝန်ရှိချိန်မှာကတည်းက အစားအသောက်ကို ဂရုစိုက်မှ မွေးဖွားလာမယ့် ကလေးက ကျန်းမာဖွံ့ဖြိုးမှာပါ။ ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့အတွက်လည်း ကိုယ်ဝန်ဆောင်မေမေရဲ့ စားသောက်မှုကအများကြီး သက်ရောက်မှုရှိနေပါတယ်။

ဘေဘီလေးက ဘယ်အချိန်မှာ နှလုံးဖွံ့ဖြိုးမှု စတင်သလဲ…………..

ကိုယ်ဝန်စရှိစဉ်ကတည်းကတော့ ဘေဘီလေးနှလုံးကမဖွံ့ဖြိုးသေးဘူးပေါ့။ ဒါပေမယ့် ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုက ကိုယ်ဝန် ပထမ ၃ လပတ်မှာ စတင်တာပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ်ရေတိုးလာတာနဲ့အမျှ ဘေဘီလေးရဲ့ နှလုံးအရွယ်အစားကလည်း တဖြည်းဖြည်းကြီးထွားလာပါတယ်။ ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံးမှာ ရှင်သန်မှုရဲ့ လက္ခဏာဖြစ်တဲ့ နှလုံးလေးကဖွံ့ဖြိုးလာပြီး ဘေဘီလေးရဲ့ နှလုံးကတဖြည်းဖြည်းခုန်လာပါမယ်။

ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့ အရေးအပါဆုံးအာဟာရဓာတ်တွေ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဘေဘီလေးရဲ့ နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့ နဲ့ ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ် မွေးဖွားလာစေဖို့အတွက် မေမေက အကောင်းမွန်ဆုံးသော အာဟာရတွေပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဘေဘီလေး နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေကျန်းမာစေဖို့အတွက်

  • omega-3 fatty acids
  • ဖောလစ်အက်ဆစ်
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • ဗီတာမင် D
  • DHA
  • အိုင်အိုဒင်းတို့
  • သီရာမင်း
  • ကော့ပါး တို့လိုအပ်မှာပါ။ ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်ကနေစလို့ မွေးဖွားတဲ့အချိန်အထိ ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။

ဘေဘီလေး နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အချက်တွေက ဘာတွေများလဲ………

ဗိုက်ထဲက ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ဒီအချက်တွေက ထိခိုက်စေနိုင်ပါတယ်။

  • ခရိုမိုဆုန်းဆိုင်ရာ မူမမှန်မှု
  • မွေးရာပါချို့ယွင်းချက်ရှိတာ
  • မေမေကဆီးချိုရှိနေတာ
  • ဂျာမန်ဝက်သက်ဖြစ်တာ
  • မူးယစ်ဆေးတွေသုံးစွဲတာ
  • ဓာတုပစ္စည်းတွေနဲ့ထိတွေ့မိတာ
  • နှလုံးရောဂါခံစားနေရတာ တွေကြောင့် ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
  • မွေးရာပါနှလုံးထိခိုက်နိုင်ခြေက ဖြစ်နိုင်ခြေတော်တော်လေးတော့ နည်းပါတယ်။ အယောက် ၁၀၀၀ မှာ ၈ ယောက်လောက်ပဲဖြစ်တတ်တာပါ။

ဘေဘီလေး နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့ မေမေတို့ ဘာတွေစားပေးမလဲ………..

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေစားလိုက်သမျှက ကိုယ်တိုင်အတွက်ရော ဘေဘီလေးကိုပါ သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ဗိုက်ထဲက ဘေဘီလေးကို နှလုံးကျန်းမာဖွံ့ဖြိုးစေဖို့ မေမေ့အနေနဲ့ နေ့စဉ်တိုင်းမှာ

ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာတွေက ဘာတွေလဲ………..

မေမေအနေနဲ့

  • ကိုလက်စထရောပါဝင်မှုများတဲ့ အစားအစာတွေ
  • အငန်ကဲတဲ့အစားအစာတွေ
  • အချိုကဲတဲ့ အစားအစာတွေ
  • အယ်လ်ကိုဟော
  • မူးယစ်ဆေးဝါးတွေ
  • ကဖင်းများတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် ဘေဘီလေးရဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်မှာပါ။ အချိုမှုန့် ကလည်း ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ဖို့လိုပါမယ်။
Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။