ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရပြည့်ဝဖို့က ပုံမှန်အချိန်တွေထက် ၂ ဆလောက်ကိုလိုအပ်တာပါ။ ဒါမှ မိခင်ရော ကလေးပါကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာမေမေက အာဟာရပြည့်ဝအောင်စာသုံးမှုက ကလေးမှာ နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ အစားအစာဆိုတာကလည်း စားတတ်မှ အာဟာရဖြစ်တာပါ။ မစားတတ်ဘူးဆိုရင် အာဟာရပြည့်ဖို့ဆိုတာထက် ဘေးဥပါဒ်ဖြစ်ဖို့က ပိုများနေနိုင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ မေမေရော ကလေးပါ ကျန်းမာဖို့ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာတွေစားသင့်လဲဆိုတာကိုပြောပြပေးပါရစေနာ်။
နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ
နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ ………. နွေရဲ့အပူဒဏ်အောက်မှာ ကျန်းမာနေစေဖို့ ကိုယ်ဝန်ဆောင်လေဒီလေးတို့အနေနဲ့ ဒါလေးတွေစားပေးလို့ရပါတယ်နော်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ ပြည့်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့်နွေပူပူမှာ ဟင်းသီးဟင်းရွက်ကြော်လေးဖြစ်ဖြစ် ဟင်းရွက်သုပ်လေးဖြစ်ဖြစ် စားပေးလို့ရပါတယ်နော်။
ဖရဲသီး
နွေရာသီမှာ ရင်တကယ်အေးစေတဲ့ အသီးတစ်ခုပါ။ ရေဓာတ်ဖြည့်ပေးနိုင်ပြီး လန်းဆန်းစေနိုင်ပါတယ်။ နွေပူပူမှာ ဖရဲသီးချိုချိုအေးအေးလေးစားပေးလို့ရပါတယ်နော်။
ကြက်ဥပြုတ်
ပရိုတင်းကြွယ်ဝစွာပါဝင်ပြီး ကိုယ်ဝန်ဆောင်မေမေတို့ကို အပူဒဏ်ခံနိုင်စေတဲ့စားစရာတစ်ခုပါ။ ကိုယ်ဝန်ဆောင်မိခင်တို့အတွက်လိုအပ်တဲ့ အာဟာရကိုဖြည့်တင်းပေးနိုင်တယ်ဆိုမှတော့ အဆာပြေလေးဖြစ်ဖြစ်တော့ စားသင့်ပါတယ်နော်။
ဘယ်ရီသီးတွေ
ရာသီပေါ်စာလေးတစ်ခုဖြစ်သလို စားလို့လည်းကောင်းပါတယ်နော်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါသေးတယ်နော်။ ဒီတော့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့အပါအဝင် ဘယ်ရီသီးလေးတွေကို သင့်တင့်မျှတအောင် စားသုံးပေးပါ။
သခွားသီး
ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး မျက်လုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကိုအေးသွားစေတာပါ။ ညဘက်အိပ်မပျော်တာနဲ့ အရေပြားဓာတ်မတည့်မှုတွေကို ပါသက်သာစေနိုင်ပါတယ်နော်။ လေပွမှာစိုးရင်လည်း နည်းနည်းလောက်တော့ စားပေးလို့ရပါတယ်။
ခရမ်းချဉ်သီး
နေ့တိုင်းချက်ပြုတ်တဲ့ဟင်းလျာတွေမှာ ပါတတ်စမြဲပါနော်။ အရသာရှိသလို ခန္ဓာကိုယ်ကို အေးမြစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နေလောင်ဒဏ်ကိုလည်းသက်သာစေနိုင်ပါသေးတယ်နော်။ နွေအပူဒဏ်ကြောင့် အရေပြားပြဿနာကနေ ကင်းဝေးချင်တဲ့ ကိုယ်ဝန်ဆောင်လေဒီလေးတွေအနေနဲ့ ခရမ်းချဉ်သီးကို မေ့ထားလို့မရပါဘူးနော်။
ပူဒီနံ
အသားအရေကို အေးစေနိုင်ပါတယ်။ သောက်မယ့်ရေထဲကို ပူဒီနံရွက်လေးထည့်စိမ်ပြီး သောက်ပေးလို့ရပါတယ်။ နွေအပူဒဏ်ကြောင့် မသက်မသာဖြစ်တာတွေကနေ ကင်းဝေးစေဖို့ ပူဒီနံလေးစားပေးလို့ရပါတယ်နော်။
ဒိန်ချဉ်
ပရိုတင်းဓာတ်ပါဝင်နေသလို ဝမ်းမှန်စေပြီး နွေလတွေရဲ့ အပူဒဏ်ကို လျော့ပါးသက်သာစေမှာ အသေအချာပါ။
ဒါတွေအပြင်
- ဆန်လုံးညို၊
- ရေချိုငါး၊
- ငှက်ပျောသီး၊
- မုန်လာဥနီ၊
- ပဲအမျိုးမျိုးတို့ကို စားသုံးပေးလို့ရပါတယ်နော်။
နွေပူပူမှာ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာနေစေဖို့ အခုပြောခဲ့တာတွေကို စားသုံးပေးလို့ ရပါတယ်နော်။ နေပူထဲမထွက်ဘဲ အရိပ်ရတဲ့နေရာမျာနားနေဖို့ လိုသလို လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ဖို့လည်း မမေ့ပါနုဲ့နော်။
ကဲ…….ပူပြင်းတဲ့နွေရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား ကိုယ်ဝန်ဆောင်မေမေတို့ရေ………………….
[embed-health-tool-due-date]

















