backup og meta

ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း

အမျိုးသမီးများသည် ကိုယ်ဝန်မဆောင်ခင်အချိန်တွင် မိမိကိုယ်ကို သွယ်လျလှပလိုကြပြီး တစ် ကီလီုမျှ ပေါင်ချိန်တက်လာလျှင်ပင် ပြသနာတစ်ခုဖြစ်နေတတ်ကြသည်။ သို့သော် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးအခြေအနေနှင့် အစားအသောက်များအပေါ်မူတည်ပြီး ၁၀ ကိလိုအထိ ပေါင်ချိန် တိုးသွားတတ်ကြသည်။

ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း

ယခုဆောင်းပါးတွင် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း၊ သင့်တင့်မျှတသော ကိုယ်အလေးချိန်မျိုးရရန် မည်သို့ထိန်းသိမ်းသင့်ကြောင်းများနှင့် ပတ်သက်ပြီး အချက်အလက်အချို့ကို ဖော်ပြသွားမည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် နဂို ကိုယ်အလေးချိန်ထက် ပေါင်ချိန်မည်မျှသာ တိုးသင့်သလဲ။

သင်တွင် ကိုယ်ဝန်မဆောင်ခင်က ရှိရင်းစွဲကိုယ်အလေးချိန်အပေါ်မူတည်ပြီး သင့်ဆရာဝန်က သင်ကိုယ်ဝန်ဆောင်ချိန်တွင် နဂို ကိုယ်အလေးချိန်ထက် ပေါင်ချိန်မည်မျှသာ တိုးသင့်သလဲ ရှင်းပြပါလိမ့်မည်။ ယင်းသည် သင့်ကိုယ်ရှိ ထုထည်အညွှန်းကိန်းအပေါ်မူတည်ပါသည်။ ကိုယ်ဝန်မဆောင်မီ ရှိသော သင့်ကိုယ်၏ထုထည်အညွှန်းကန်းအပေါ်မူတည်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် သင့်တွင်ရှိသင့်သောကိုယ်အလေးချိန်ကို အမေရိကဆေးတက္ကသိုလ်မက အောက်ပါအတိုင်းဖော်ညွှန်းထားပါသည်။

· ထုထည်အညွှန်းကိန်း ၁၈.၅ အောက်ရှိသော ပေါင်မပြည့်သူများ သည် ကိုယ်ဝန်ဆောင်ချိန်တွင် ၂၈ ပေါင်မှ ပေါင်၄၀ အထိတိုးလာနိုင်ပါသည်။

· ထုထည်အညွှန်းကိန်း ၁၈.၅ မှ ၂၄.၉အတွင်း ပုံမှန်ကိုယ်အလေးချိန်ရှိသော သူများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ၂၅ ပေါင်မှ ၃၅ပေါင် အထိတိုးလာနိုင်ပါသည်။

· ထုထည်အညွှန်းကိန်း ၂၅ မှ ၂၉.၅ အတွင်း ပုံမှန်ထက်ပိုသော ကိုယ်အလေးချိန်ရှိသော သူများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ၁၅ ပေါင်မှ ၂၅ပေါင် အထိတိုးလာနိုင်ပါသည်။

· ထုထည်အညွှန်းကိန်း ၃၀နှင့် အထက် အဝလွန်သူများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ၁၁ ပေါင်မှ ပေါင် ၂၀အထိတိုးလာနိုင်ပါသည်။

သို့သော် အမွှာကိုယ်ဝန်လွယ်ထားရသူများသည် အထက်ဖော်ပြပါစံနှုန်းများနှင့် အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။

· သင်သည် ပုံမှန်အလေးချိန်ရှိသူဖြစ်လျှင် ကိုယ်ဝန်ဆောင်ချိန်တွင် ၃၇ပေါင်မှ ၅၄ပေါင်အထိတိုးလာနိုင်ပါသည်။

· သင်သည် ပုံမှန်ထက်ပိုသော အလေးချိန်ရှိသူဖြစ်လျှင် ကိုယ်ဝန်ဆောင်ချိန်တွင် ၃၁ပေါင်မှ ပေါင်၅၀အထိတိုးလာနိုင်ပါသည်။

· သင်သည် အဝလွန်နေသူဖြစ်လျှင် ကိုယ်ဝန်ဆောင်ချိန်တွင် ၂၅ပေါင်မှ ၄၂ပေါင်အထိတိုးလာနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်းကို ဘယ်လိုထိန်းချုပ်မလဲ။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးသည် တနေ့လျှင် ကယ်လိုရီ ၂၀၀၀ ခန့်စားသုံးသင့်ပါသည်။ ကိုယ်ဝန်ရှိလာချိန်တွင် ကိုယ်ဝန်လရင့်နေသည့်နှောင်းပိုင်းအချိန်များမှလွဲပြီး ပုံမှန်အတိုင်းသာစားသင့်ပါသည်။ အောက်ပါတို့သည် ကိုယ်ဝန်ဆောင်ချိန်တွင် သင်ရွေးချယ်သင့်သော ကျန်းမာစေမည့် အစားအစာများဖြစ်ပါသည်။

· ကောက်စပါးတခုလုံးပါဝင်သည့်အစားအစာများ ကိုစားပါ။

ဥပမာ- ပေါင်မုန့်၊ ပါစတာ၊ အာလူး၊ ဆန်၊ အနှံအစေ့များ၊ ဂျုံကြမ်းပေါင်မုန့် စသည်တို့သည် ကာဗိုဟိုက်ဒြိတ်ဓါတ် နည်းစွာပါဝင်ပါသည်။

· တနေ့လျှင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ၅ကြိမ်ခွဲပြီး နည်းနည်းခြင်းစားပေးပါ။

· သင့်တနေ့တာ ကယ်လိုရီကို ပြည့်ဝစေရန် ပရိုတင်းဓါတ်ကြွယ်ဝသော အသားများ၊ ဥများ၊ ငါးများနှင့် ပဲအမျိုးမျိုးကို စားပါ။

· အဆီထုတ်ထားသော၊ အဆီနည်းသော နို့များ၊ ဒိန်ချဉ်နှင့် ချိစ်များကို စားပါ။ အထူးသဖြင့် သင်သည် ကိုယ်အလေးချိန်များသူဖြစ်ပါလျှင် အဆီနည်းသော အစာများကို အဓိကစားသုံးရမည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် အဝမလွန်စေရန် ထိန်းသိမ်းသင့်သည် နောက်ထက်နည်းလမ်းတခုမှာ အစားအစာများကို တပြိုင်နက်တည်း အများကြီးစားလိုက်ခြင်းကို ရှောင်ကျဉ်ရန် ဖြစ်ပါသည်။ ဥပမာ တနေ့လျှင် ၂ ကြိမ်သာစားသော်လည်း ပမာဏများစွာစားခြင်းသည် သင့်အတွက် မကောင်းပါ။ မိခင်တစ်ဦးအနေဖြင့် မိမိနှင့် မိမိကလေးကို ကျန်းမာစေမည့် အစားအစာများကို ရွေးချယ်စားသုံးသင့်သည် မှန်သော်လည်း တခါစားလျှင် နည်းနည်းစီ အကြိမ်အရေအတွက်များစွာ စားပေးသင့်ပါသည်။ ထို့ပြင် ကိုယ်ဝန်သည်များနှင့် သင့်တော်သော ပေါ့ပါးသည့် လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးခြင်းဖြင့် မိခင်လောင်းအား တက်ကြွခြင်း၊ ကျန်းမာခြင်းများဖြစ်စေမည့် အပြင် သန္ဓေသားကိုလည်း ကျန်းမာစေကာ မွေးဖွားရလည်း လွယ်ကူစေပါသည်။

အချုပ်ဆိုရသော် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်းသည် သဘာဝဖြစ်စဉ်တခုဖြစ်ပြီး ယင်းသည် သင့်ဗိုက်ထဲရှိကလေးငယ် ကြီးထွားနေမှုကို ဖော်ပြသည့် လက္ခဏာတစ်ခုဖြစ်သောကြောင့် မိခင်များအနေဖြင့် အထူးတလည် စိုးရိမ်ရန်မလိုပါ။ ယင်းသည် လူ့လောကအတွင်း ဝင်လာမည့် သင့်ကလေးငယ်အတွက် သင့်ကိုယ်ခန္ဓါမှ ပြောင်းလဲမှုဖြစ်စဉ်များဖြစ်ပေါ်သည့်သဘောလည်းဖြစ်ပါသည်။ ထိုကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် အဝလွန်မည်ကိုစိုးရိမ်ပြီး မသင့်တော်သော ၊အာဟာရမဖြစ်သော အစာများကို များစွာစားသောက်ခြင်းသည် မိခင်နှင့် ကလေးကျန်းမာရေးကိုပါထိခိုက်လာနိုင်သည့်အတွက် ရှောင်ကျဉ်သင့်ပါသည်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pregnancy weight gain: What to expect. http://www.babycenter.com/0_pregnancy-weight-gain-what-to-expect_1466.bc. Accessed December 18, 2016.

How Much Weight You Should Gain During Pregnancy. http://www.whattoexpect.com/pregnancy/weight-gain/. Accessed December 18, 2016.

Gain Weight Safely During Your Pregnancy. http://www.webmd.com/baby/guide/healthy-weight-gain#1. Accessed December 18, 2016.

ယခုပုံစံ

20/05/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ