brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်လိုပြုလုပ်မလဲ

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်လိုပြုလုပ်မလဲ ……. ကိုယ်ဝန်ဆောင်နှိပ်နယ်ခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒီလိုနှိပ်နယ်မှုဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို များစွာသော နာကျင်မှုတွေ၊ ကြွက်သား၊ အဆစ်၊ အာရုံကြော တင်းကျပ်မှုတွေကို ကူညီပေးပါတယ်။

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်လိုပြုလုပ်မလဲ

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုရှိတာကြောင့် အမျိုးသမီးတွေဟာ နာကျင်မှုနဲ့ သက်သောင့်သက်သာမရှိမှုကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ပြုလုပ်ပေးတာက အောက်ပါအကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

  • ကြွက်သားပျော့ပြောင်းစေခြင်း
  • တင်းကျပ်မှု လျော့ကျစေခြင်း
  • ကိုယ်ခန္ဓာအနှံ့ သွေးစီးဆင်းမှုကို တိုးတက်စေခြင်း
  • ဟော်မုန်း မျှတစေခြင်း
  • ရောင်ရမ်းမှုကို လျော့ကျစေခြင်း
  • အာရုံကြောနာကျင်မှုကို လျော့ကျစေခြင်း
  • အဆစ်တွေ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေခြင်း
  • အိပ်စက်မှု အရည်အသွေးကို ကောင်းမွန်စေခြင်း
  • ပြန်ရည်ကြောစနစ်ကို ကျန်းမာစေခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ နှိပ်နယ်တဲ့အမျိုးသမီးတွေဟာ ကလေးမွေးစဉ်မှာ နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ယုံကြည်ကြပါတယ်။

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းရဲ့ လုံခြုံစိတ်ချရမှု

နှိပ်နယ်မှု မပြုလုပ်စဉ် ကျွမ်းကျင်သူရော ကိုယ်ဝန်ဆောင် အမျိုးသမီးပါ လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။ မိခင်တွေဟာ ကိုယ်နေပုံစံတွေ နဲ့ ဖိအား နေရာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကျွမ်းကျင်သူက သေချာလေ့ကျင့်ထားဖို့နဲ့ လက်မှတ်ရှိဖို့ လိုအပ်ပါတယ်။

ကိုယ်နေဟန်ထားဟာ နှိပ်နယ်စဉ်မှာ လုံခြုံစိတ်ချရဖို့အတွက် အရေးကြီးပါတယ်။ နှိပ်နယ်မှုလုပ်နေစဉ် အကောင်းဆုံး ပုံစံကတော့ ဘေးတစ်စောင်းလဲလျောင်းနေခြင်းပဲ ဖြစ်ပါတယ်။

လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်မှာ ဖိအား သက်ရောက်တဲ့ နေရာတွေ ရှိပါတယ်။ ဒီနေရာတွေဟာ တင်ပါးဆုံ ကြွက်သားတွေနဲ့ သားအိမ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သားအိမ် ညှစ်ခြင်းကို ခံစားနေရတဲ့ အမျိုးသမီးတွေဟာ နှိပ်နယ်စဉ်မှာ ဒီနေရာတွေကို ရှောင်ကြဉ်နိုင်အောင်လို့ နှိပ်နယ်တဲ့ ကျွမ်းကျင်သူကို တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်သူတွေ မခံသင့်ဘူးလဲ။

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းက လူတိုင်းအတွက် အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် အောက်ပါ အခြေအနေ တစ်ခု (သို့) တစ်ခုထက် ပိုပြီး ရှိတယ်ဆိုရင် နှိပ်နယ်ခြင်း မလုပ်သင့်တော့ပါဘူး။

  • အန္တရာယ်ရှိတဲ့ ကိုယ်ဝန်
  • ကိုယ်ဝန်ဆိပ် တက်ခြင်း
  • မကြာသေးမီက ကလေးမွေးဖူးခြင်း
  • အရင်က လမစေ့ဘဲ ကလေးမွေးဖူးတဲ့ ပြဿနာတွေ ရှိခြင်း
  • ခြေလက်တွေ ဖောရောင်ခြင်း
  • သွေးပေါင်တက်ခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ကိုယ်ဝန်ဆောင် နေစဉ် သင်ကြိုက်တဲ့အချိန်မှာ လုပ်နိုင်ပေမယ့် အချို့ ကျွမ်းကျင်သူတွေက ပထမ သုံးလပတ်မှာ နှိပ်နယ်ပေးဖို့ကို ငြင်းဆန်နိုင်ပါတယ်။ ပထမသုံးလပတ်မှာ ကလေးပျက်ကျနှုန်း များတာကြောင့် ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ နှိပ်နယ်မှုကို ကြုံတွေ့ရဖို့ အောက်ပါအချက်တွေ ရှိပါတယ်။

၁။ အထူးသဖြင့် တကယ်လို့ သင့်ကလေးရဲ့ လှုပ်ရှားမှုကို ခံစားရနိုင်တယ်ဆိုရင် ဒုတိယသုံးလပတ်ရဲ့ အလယ်ကနေ အဆုံးအထိမှာ စတင်နိုင်ပါတယ်။

၂။ အိပ်ရာပေါ် (သို့) ထိုင်ခုံပေါ် ထိုင်နေပီး နောက်ကျာမှာ ခေါင်းအုံးနှစ်ခုကို ခံထားသင့်ပါတယ်။

၃။ လိုးရှင်းတွေဟာ လျင်မြန်စွာ ခြောက်သွားနိုင်တာကြောင့် အဆီကို အသုံးပြုသင့်ပါတယ်။ Stretch marks တွေကိုလည်း သက်သာစေပါတယ်။

၄။ ဖိအားကို အနည်းငယ်သာ အသုံးပြုပြီး သက်သောင့်သက်သာ ရှိတဲ့နေရာမှာ ပြုလုပ်သင့်ပါတယ်။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။