brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်

ကိုယ်ဝန်ဆောင်မေမေတို့ စားသင့်တဲ့အစားအစာတွေကို တော်တော်များများ သိထားကြပြီး ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်ချိန် စားသင့်တဲ့အာဟာရတစ်မျိုး အကြောင်း လေ့လာတွေ့ရှိမှု တစ်ခုကို မျှဝေပေးချင်တယ်။ ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေ စားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင် တယ်လို့ သုတေသီကပြောလာပါတယ်။

ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်

ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်

ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေ စားပေးတဲ့ မိခင်တွေကနေ မွေးလာတဲ့ ကလေးတွေက မှတ်ဉာဏ်ပိုကောင်းတယ်၊ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းတယ်၊ တွေးတောနိုင်စွမ်း ပိုကောင်းတယ်လို့ တွေ့ရှိရပါတယ်။

ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တစ်ပတ်ကို အစေ့အဆန်တွေ လက်သုံးဆုပ်စာ (၉၀ ဂရမ်)လောက်စားမယ်ဆို အကောင်းဆုံးပါပဲတဲ့။

သစ်ကြားသီး၊ ဗာဒံစေ့၊မြေပဲ၊ ဖရုံစေ့ တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ မှာ ကျန်းမာရေးအတွက် အကျိုးပြု အဆီဓါတ် fatty acidsတွေ ပါရှိပါတယ်။

ဒီသုတေသနကို Barcelona Institute for Global Health မှ ပညာရှင်တွေက မိခင် နဲ့ ကလေး အယောက် ၂၂၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ပါဝင်သူ အမျိုးသမီးတွေကို စားသောက်ပုံ အလေ့အထ နဲ့ပတ်သက်ပြီး မေးခွန်းတွေ ဖြေစေခဲ့ပြီး ကလေးတွေကိုလည်း စစ်ဆေးမှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။

ကလေးတွေရဲ့အသက် ၁၈ လ၊ ၅ နှစ်နဲ့ ၈ နှစ်အရွယ်တွေမှာ တွေးခေါ်နိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကို စစ်ဆေးခဲ့တာပါ။

စစ်ဆေးမှု ရလဒ်တွေမှာတော့ ကိုယ်ဝန်လနုစဉ် အစေ့အဆန်တွေ အများဆုံး စားခဲ့တဲ့ မိခင်တွေရဲ့ ကလေးတွေက အမှတ် အမြင့်ဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

“ကိုယ်ဝန်ဆောင်ချိန် အစေ့အဆန်တွေ စားခြင်းက ကလေးရဲ့ ဦးနှောက်အာရုံကြောအတွက် ရေရှည် အကျိုးကျေးဇူးကို တွေ့ရှိတာ ပထမဆုံးပါ။ အဓိကတော့ ကိုယ်ဝန်ကာလ အတွင်းမှာ ဦးနှောက်က ဖြစ်စဉ်တွေ အမျိုးစုံ လုပ်ဆောင်နေတာ ဖြစ်တယ်၊ မိခင် စားသုံးတဲ့ အာဟာရက သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ သက်ရောက်မှု အရေးပါတယ် ဆိုတာပါပဲ။”လို့ ဦးဆောင်သုတေသီ Florence Gignac ကပြောပါတယ်။

ဒီသုတေသနရဲ့ အဓိက အချက်ကတော့ အစေ့အဆန်တွေ မှာ ဖောလစ်အက်စစ် ပါဝင်မှု များတယ်၊ အထူးသဖြင့် omega-3 နဲ့omega-6 တို့လို အကျိုးပြုအဆီဓါတ်တွေ ပါဝင်တယ် ဆိုတော့ အကျိုးကျေးဇူး ပိုကောင်းတာပါလို့ သူက ဆိုပါတယ်။

ဒီဓါတ်တွေက အာရုံကြော တစ်ရှူးအတွင်း၊ အထူးသဖြင့် မှတ်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်တဲ့ ဦးနှောက်အရှေ့ခြမ်းမှာ အကျိုးပြုတာဖြစ်ပါတယ်။

သုတေသနမှာ ကိုယ်ဝန် ပထမသုံးလ နောက်ပိုင်း အစေ့အဆန်တွေ စားသုံးမှုကိုလည်း လေ့လာခဲ့ပေမယ့် အကျိုးရလဒ် နည်းတာကိုတွေ့ရပါတယ်။

အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေဟာ သွေးတိုး နဲ့ ဆီးချို အန္တရာယ် နည်းပါးစေပြီး အသက်ကြီးသူတွေမှာ စိတ်ခွန်အား လျော့ကျခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ သိထားကြပြီးသား ဖြစ်ပါတယ်။

အစေ့အဆန်တွေ က အမျှင်ဓါတ် များပါတယ်။ အရသာ မဖြည့်စွက်ထား၊ ပြုပြင်စီမံမထားတဲ့ အစေ့အဆန်တွေ က ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီဓါတ်တော့ကြွယ်ဝတာကြောင့် ထိုက်သင့်တဲ့ ပမာဏထက် မလွန်ကဲအောင် ချင့်ချိန် စားဖို့တော့ လိုပါတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိ ပေးပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။