brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် လေ့ကျင့်ခန်း လုပ်သင့်ပါသလဲ

ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သင့်ကိုယ်ကာယ ကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအတွက် ကောင်းစွာ အထောက်အကူ ပြုနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အရေးကြီးသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခန္ဓါကိုယ်ကို ကလေးမွေးဖွားရန် ပြင်ဆင်မှု ဖြစ်စေသည်။

သင်ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် လေ့ကျင့်ခန်း လုပ်သင့်ပါသလဲ

လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကလေးအတွက် အန္တရာယ် ဖြစ်စေပါသလား။

များသောအားဖြင့် စနစ်တကျ ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကလေးအတွက် စိတ်ချရပါသည်။ ကိုယ်ဝန် မဆောင်မီတွင် လှုပ်လှုပ်ရှားရှား နေတတ်သူဖြစ်လျှင် ကိုယ်ဝန် ဆောင်ချိန်တွင်လည်း ဆက်လက် ပြုလုပ်သင့်ပါသည်။ သင့်တွင် တခြားသော မသင့်လျော်သည့် ကျန်းမာရေး အခြေအနေ မရှိပါက လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်ရန် သင့်ဆရာဝန်က အကြံပြုပါလိမ့်မည်။

ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်း လုပ်ခြင်းသည် ကိုယ်အလေးချိန် ကျရန်အတွက် မဟုတ်ပါ။ သို့သော် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သင့်ကိုယ်အလေးချိန်ကို ကျစေနိုင်ပြီး ကလေးမွေးရာတွင် လွယ်ကူစေပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ပုံမှန်ကိုယ်ဝန်တွင် ပျက်ကျခြင်း မဖြစ်နိုင်ပါ။ လေ့ကျင့်ခန်းအသစ် မစတင်မီ သင့်ဆရာဝန်နှင့် ဘေးကင်းစိတ်ချရမှု အတွက် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်း လုပ်ခြင်း၏ အကျိုးကျေးဇူးများ

တစ်နေ့လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကျန်းမာရေးအတွက် အထောက်အကူ ပြုပါသည်။ တစ်ပတ်လျှင် ၃-၄ ရက် မိနစ် ၂၀ ခန့် ပြုလုပ်ပေးလျှင်လည်း အကျိုးသက်ရောက်မှု ရှိပါသည်။ အရေးကြီးသည်မှာ လှုပ်ရှားမှုရှိပြီး သွေးလည်ပတ်မှု ကောင်းရန် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်း လုပ်ခြင်းကို သေချာစွာ ပြုလုပ်နိုင်ရန် တစ်ပတ်လျှင် ပြုလုပ်မည့် ရက်နှင့် အချိန်ကို အစီအစဉ် ပြုလုပ်ထားသင့်သည်။ ယောဂ လေ့ကျင့်ခန်းသည်လည်း ကိုယ်ဝန်ဆောင် မိခင်များအတွက် အသုံးဝင်သော လေ့ကျင့်ခန်းဖြစ်သည်။

အောက်ပါတို့သည် ကိုယ်ဝန်ဆောင်နေချိန်အတွင်း လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ရနိုင်သော အကျိုးကျေးဇူးများ ဖြစ်ပါသည်။

– ခါးနာခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ခြေလက် ရောင်ရမ်းခြင်းများကို သက်သာစေခြင်း။

– ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဆီးချိုရောဂါကို သက်သာစေခြင်း။

– အင်အားပြည့်ဖြိုးခြင်း။

– စိတ်ခံစားမှု ကောင်းခြင်း။

– ကြွက်သားများ သန်မာကြံ့ခိုင်စေခြင်း။

– ကောင်းစွာ အိပ်ပျော်ခြင်း။

သင့်ကလေးသည် ရေမြွှာအိတ်ထဲတွင် လုံခြုံစွာ ကာကွယ်ထားပြီး ဘေးတွင်လည်း တခြားသောအင်္ဂါများဖြင့် ဝန်းရံထားသေးသည် ဆိုသော်လည်း ပြင်းထန်သော လေ့ကျင့်ခန်းများကို မပြုလုပ်သင့်ပါ။

သင်သည် အောက်ပါ လေ့ကျင့်ခန်းများကို ကိုယ်ဝန်ဆောင်ချိန်အတွင်း မပြုလုပ်သင့်ပါ။

– ချော်လဲနိုင်သော လေ့ကျင့်ခန်းများ

– ဝမ်းဗိုက်ကို ထိခိုက်စေနိုင်သော လေ့ကျင့်ခန်းများ

– ခုန်ရသော၊ အမြင့်ခုန်ရသော၊ ကျော်ဖြတ်ရသော၊ လေ့ကျင့်ခန်းများ

– ကိုယ်ကို ဆန့်ထုတ်ပြီး ခုန်ရသော လေ့ကျင့်ခန်းများ

– ရပ်ပြီး ခါးလှည့်ရသော လေ့ကျင့်ခန်းများ

– ပြင်းထန်သော လေ့ကျင့်ခန်းများ

– ပူပြင်းသော ရာသီတွင် လေ့ကျင့်ခန်းလုပ်ခြင်း

– အချိန်အကြာကြီး အသက်အောင့်ထားခြင်း

– အလွန်ပြင်းထန်စွာ အားကုန်သည်အထိ လေ့ကျင့်ခန်းလုပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန် အတွင်းတွင် လေ့ကျင့်ခန်း လုပ်လျှင် အောက်ပါ ညွှန်ကြားချက်များကို လိုက်နာပါ။

– ချောင်ချိ လွတ်လပ်သော အဝတ်အစားများကို ဝတ်ပါ။ အားကစား လုပ်သည့်အခါ သုံးသော အောက်ခံအင်္ကျီကို အသုံးပြုပါ။

– လေ့ကျင့်ခန်း လုပ်ရာတွင် သုံးသော ဖိနပ်မျိုးကို အသုံးပြုပါ။

– ဒဏ်ရာ မရစေရန် ပြန့်ပြူးသော မြေပြင်ညီတွင် လေ့ကျင့်ခန်း လုပ်ပါ။

– သင့်ကိုယ်ဝန် လိုအပ်ချက်နှင့် လေ့ကျင့်ခန်း အစီအစဉ်နှင့် သင့်လျော်သော၊ ကယ်လိုရီကို ရရှိအောင်စားပါ။

– လေ့ကျင့်ခန်း မလုပ်မီ၊ လုပ်နေစဉ်၊ လုပ်ပြီးနောက် ရေများများ သောက်ပါ။

– ကြမ်းပြင်တွင် လှဲနေရာမှ ထလျှင် မူးမသွားစေရန် ဖြည်းဖြည်း ထပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Su Sandy · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။