brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်စဉ် acetaminophen ဆေးအသုံးပြုမှု

ပါရာစီတမောသည်ဖျားခြင်း၊အအေးမိခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ကိုက်ခဲခြင်းတို့တွင် ကျယ်ပြန့်စွာသုံးသောဆေးဖြစ်သည်။ ဒါပေမယ့် ဒီဆေးရဲ့ ဘေးကင်းစွာသုံးစွဲနိုင်ခြင်းသည် လွန်ခဲ့သောနှစ်များတွင် စဉ်းစားဖွယ်ဖြစ်လာသည်။

ကိုယ်ဝန်ဆောင်စဉ် acetaminophen ဆေးအသုံးပြုမှု

၁၉၉၆မှ ၂၀၀၂ ခုနစ်နှစ်အတွင်း ကလေး၆၄၃၃၂ယောက်နှင့် မိခင်များအား ကွန်ပြူတာ၊တယ်လီဖုန်းမှ တစ်ဆင့်လေ့လာခဲ့ပါသည်။

လေ့လာချက်များ၏ ကောက်ချက်အရ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သောက်သူများတွင် အာရုံစူးစိုက်မှုအားနည်းပြီး ဂဏှာမငြိမ်ဖြစ်သော hyperkinetic Disorder သို့ ADHD ဖြစ်ပွားနှုန်း သိသိသာသာမြင့်မားနေပြီး ထိုပါရာစီတမောသောက်သုံးသူ မိခင်လောင်းအရေအတွက်သည် မေးမြန်းလေ့လာခဲ့သော မိခင်လောင်းစုစုပေါင်း၏ ထက်ဝက်ကျော်လျက်ရှိသည်။ အချို့သိပ္ပံပညာရှင်များပြောကြားချက်အရ ပါရာစီတမောသည် ဟော်မုန်းထွက်ခြင်း ကို နှောင့်ယှက်သောကြောင့် ထိုဆေးကို အသုံးပြုခြင်းသည် သန္ဓေသားဘ၀ ဦးနှောက် ဖွံ့ဖြိုးမှု ပုံမမှန်ခြင်းများကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။ Tylenol (ပါရာစီတမော) အသုံးပြုမှု ရော ၊ ကလေးအပြုအမှုဆိုင်ရာ မူမမှန်မှုရော နှစ်ခုစလုံးသည် အဖြစ်များသော ပြဿနာများဖြစ်သည်။ သို့ဖြစ်၍ နှစ်ခုကြားဆက်နွယ်မှုကို ပိုမိုသေချာစေရန် ထပ်မံလေ့လာမှု များလိုအပ်နေပါသေးသည်။

လက်တွေ့တွင် အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက် ကျော်သည်နှင့် ကိုယ်ဝန်ဆောင်များတွင် Tylenol (ပါရာစီတမော)သုံးစွဲကို သုံးစွဲဖို့လိုလာပါသည်။ အကြောင်းမှာကိုယ်ဝန်ဆောင်ချိန် အဖျားတတ်ခြင်းသည် နောက်ဆက်တွဲကျန်းမာရေးပြဿနာများဖြစ်သည့် ကလေး နှုတ်ခမ်းကွဲခြင်း၊ နှလုံးချို့တဲ့ခြင်းဖြစ်တတ်သည်။ အလွန်ဆိုးလျှင် ကိုယ်ဝန်ပျက်ကျတတ်သည်။

ဆရာဝန်များအနေနှင့် Tylenol (ပါရာစီတမော)ကို ကလေးနှင့်အမေအတွက် သုံးရမည့်ပမာဏအတွင်း သာသောက်သုံးပါက စိတ်ချရသည် ဟုယူဆသည်။

သတ်မှတ်ထားသော ဆေးပမာဏမှာ Acetaminophan ၆၅၀ မီလီဂရမ် ၄ နာရီခြား တစ်ကြိမ် တစ်နေ့တွင် အများဆုံး ၄ကြိမ် ၊ ၂၄ နာရီအတွင်း ၄၀၀၀ မီလီဂရမ်ထက် မပိုရ။

ဆေးပမာဏလွန်သော လက္ခဏာ

ကလေး နဲ့ မိခင်ကျန်းမာရေး အတွက် လက္ခဏာပေါ်ပေါ်ချင်း အချိန်မဆွဲဘဲ အရေးပေါ်ဆေးကုသမှုခံယူသင့်ပါသည်။

ပထမ ၂၄နာရီတွင် – မောပန်းခြင်း၊ ခံတွင်းပျက်ခြင်း၊ ချွေးထွက်ခြင်း

၂၄မှ ၇၂နာရီတွင် – ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း ၊ မျက်လုံးဝါခြင်း ၊ ဆီးနည်းခြင်း

၇၂နာရီမှ ၉၆နာရီတွင် -အသက်ရှူရခက်ခြင်း၊ အမြင်ဝါးခြင်း၊ ဖျားခြင်း ၊နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်း

Acetaminophan သည် ကိုယ်ဝန်ရင့်စဉ် သောက်ပါက ကလေးရော၊အမေပါအသည်း ပျက်စီးစေသည်။

Acetaminophan ဆေးလွန်ခြင်းမှ ကာကွယ်ရန်

ဆေးသောက်စဉ် အရက်မသောက်ပါနှင့်။ ဆေး၏ဘေးထွက်ဆိုးကျိုးပိုများစေသည်။

ဆရာဝန် ညွန်ကြားသည့်အတိုင်း၊ အညွန်းအတိုင်းသာ သောက်ပါ။

Acetaminophen တစ်မျိုးထက်ပိုမသောက်သင့်ပါ။

အဖျားသက်သာရန်အတွက် ၃ရက်ထက်ပို၍သော် လည်းကောင်း ၊ နာကျင်မှုသက်သာရန် ၁၀ရက်ထက် ပို၍ လည်းကောင်း မသောက်သင့်ပါ။ အထက်ပါရက်များထိဆေးသောက်နေသည့်တိုင် ဖျားခြင်း ၊ နာကျင်ခြင်းများ မသက်သာပါက (သို့) ပိုဆိုးလာပါက ဆရာဝန်နှင့်ဆွေးနွေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Kaung Thar · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။