brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်စဉ် အရေးကြီးဆုံး အာဟာရတွေက ဘာတွေလဲ

ကိုယ်ဝန်ဆောင်စဉ်တွင် အမျိုးသမီးများသည် ဗီတာမင်နှင့် သတ္တုဓါတ် ချိုတဲ့မှုကို ကာကွယ်ရန် ထိုအာဟာရများ စားသုံးမှုကို အထူးဂရုစိုက်သင့်သည်။ ဗီတာမင်နှင့် သတ္တုဓါတ်ချို့တဲ့မှုသည် နောင်တွင် ကလေးအပေါ်၌ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်။ ဤဆောင်းပါးတွင် ကိုယ်ဝန်သည်အတွက် အခြေခံကျဆုံး လိုအပ်သော ဗီတာမင်ဓါတ်များ နှင့် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အရေးကြီးသော အစားအစာရင်းမြစ်များအကြောင်းကို တင်ပြလိုက်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် အရေးကြီးဆုံး အာဟာရတွေက ဘာတွေလဲ

ဗီတာမင်အေ

ကိုယ်ဝန်ဆောင် နေ့စဉ် လိုအပ်သော ပမာဏ။ ။ အသက် ၁၈ နှစ် နှင့် အောက် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် 750mcg RAE (retinol စွမ်းဆောင်မှုနှင့် ညီမျှသော ပမာဏ) ။ အသက် ၁၉ နှစ် နှင့် အထက် အတွက် 770mcg RAE ။

ကိုယ်ဝန်ဆောင်အများစုသည် ဗီတာမင်အေကို အစားအသောက်များထဲမှ အများအပြားရရှိနေသောကြောင့် ဖြည့်စွက်အားဆေးထပ်သောက်ရန် မလိုအပ်ပါ။ ထို့ပြင် ကိုယ်ဝန်အားဆေးများတွင် ဗီတာမင်အေ ပါရှိပါသည်။ ဗီတာမင်အေ စားသုံးမှုပမာဏကို ထိန်းချုပ်နိုင်ရန် ကိုယ်ဝန်ဆောင်အားဆေးတွင် ပါဝင်သော ဗီတာမင်အေ ပမာဏကို သေချာစွာ ဖတ်ရှုပါ။ အကယ်၍သင်သည် လိုအပ်သော ပမာဏထက်ပို စားသုံးနေမိလျှင် အသည်းအဆိပ်အတောက်ဖြစ်စေပြီး

ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များဖြစ်စေနိုင်ပါသည်။

ဗီတာမင်အေသည် ကလေးအတွက် ဘယ်လိုကောင်းသလဲ။ ။ ဗီတာမင်၏ကျေးဇူးကြောင့် ကလေး၏ ကိုယ်အင်္ဂါ၊ အရိုး၊ မျက်လုံး၊ အသက်ရှုလမ်းကြောင်း၊ သွေးလည်ပတ်မှု၊ ပင်မအာရုံကြောစနစ်များ ပုံမှန်အတိုင်း ဖွံ့ဖြိုးစေသည်။

ဗီတာမင်အေ ကြွယ်ဝသော အစားအသောက်များ

  • အသည်း
  • နွားနို့
  • မုန်လာဥ
  • ဟင်းနုနွယ်
  • သခွားမွှေး
  • ဖရုံသီး
  • ပန်းမုန်လာစိမ်း
  • အာလူး
  • အဝါရောင်ရှိသော အသီးအနှံများ
  • အစိမ်းရောင်၊ အဝါရောင်ရှိသော ဟင်းသီးဟင်းရွက်များ

ဗီတာမင်ဘီ ၆

ကိုယ်ဝန်ဆောင် နေ့စဉ်လိုအပ်သော ပမာဏ။ ။ 1.9 mg

ဗီတာမင်ဘီ၆ သည် ကလေးအတွက် ဘယ်လိုကောင်းသလဲ ။ ။ ဗီတာမင်ဘီ၆သည် ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဇီဝကမ္မဖြစ်စဉ်ကို ကူညီပေးပါသည်။ ထို့ပြင် ၎င်းသည် ဦးနှောက် ၊အာရုံကြော ဖွံဖြိုးမှုနှင့် သွေးနီဥဆဲလ်များ တည်ဆောက်မှုကို ကူညီပေးပါသည်။

ဗီတာမင် ဘီ၆ ကြွယ်ဝသော အစားအစာများ

  • ကြက်သား
  • ငါး
  • ဝက်သား
  • အသည်း
  • မုန်လာဥ
  • သစ်ကြားသီး
  • မြေပဲ
  • ပန်းမုန်လာစိမ်း
  • ငှက်ပျောသီး
  • ဆန်လုံးညို
  • ပဲသီးတောင့်
  • သခွားမွှေး
  • ဟင်းနုနွယ်
  • ပဲလုံး
  • နေကြာစေ့
  • ဂျုံ

သံဓါတ်

ကိုယ်ဝန်ဆောင် နေ့စဉ်လိုအပ်သော ပမာဏ ။ ။ 27mg

သံဓါတ်သည် ကလေးအတွက် ဘာတွေကောင်းသလဲ ။ ။ ကလေး ခန္ဓါကိုယ်တစ်ခုလုံးရှိ သွေးလည်ပတ်မှု ဖွံ့ဖြိုးစေရန် ကူညီပေးပါသည်။ သံဓါတ်ချို့တဲ့လျှင် ကလေးသည် နေ့မစေ့လမစေ့၊ ပေါင်မပြည့်မွေးဖွားနိုင်သော အန္တရာယ်ရှိပါသည်။

သံဓါတ်ကြွယ်ဝသော အစားအသောက်များ

  • ပဲသီးအခြောက်
  • ဂံျု
  • သံဓါတ်အားဖြည့်ထားသော အစေ့အဆန်များ
  • အမဲသား
  • ဝက်သား
  • ဟင်းနုနွယ်
  • အသီးခြောက်များ

ဖောလိတ်နှင့် ဖောလစ်အက်ဆစ်

ကိုယ်ဝန်ဆောင် နေ့စဉ်လိုအပ်သော ပမာဏ ။ ။ 400mcg

ဖောလိတ်နှင့် ဖောလစ်အက်ဆစ်သည် ကလေးအတွက် ဘာတွေကောင်းသလဲ ။ ။ မွေးရာပါ ချို့ယွင်းချက်များ၊ ဦးနှောက်နှင့် အာရုံကြော ချို့ယွင်းမှုများ၊ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးတွင် ဖြစ်သော ဆိုးရွားပြင်းထန် မူမမှန်ချို့ယွင်းချက်များကို ကာကွယ်ပေးပါသည်။ နေ့မစေ့လမစေ့ မွေးဖွားနိုင်ချေ အန္တရာယ်ကိုလည်း လျော့ချပေးပါသည်။

ဖောလိတ်နှင့် ဖောလစ်အက်ဆစ်ဓါတ်ကြွယ်ဝသော အစားအသောက်များ

  • ပဲလုံး
  • ပါစတာခေါက်ဆွဲ
  • ဟင်းနုနွယ်
  • ပန်းမုန်လာစိမ်း
  • အမဲသား
  • ပန်းဂေါ်ဖီ
  • စတော်ဘယ်ရီ
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အစားအသောက်တွင် ဗီတာမင်နှင့် သတ္တုဓါတ်များ ပါဝင်မှု၏ အရေးကြီးခြင်းကို မဖြစ်မနေသိဖို့ လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်၏ ကြီးထွား ဖွံ့ဖြိုးမှုကို များစွာသက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် အာဟာရညီညွတ်မျှတသော အစားအသောက်ကို ဖန်တီးဖို့ အခက်အခဲရှိလျှင် (သို့) တစ်စုံတစ်ရာ စိုးရိမ်မှုရှိလျှင် သင့်ဆရာဝန်၊ အာဟာရပညာရှင် ကို ဆက်သွယ် အကြံဉာဏ်တောင်းခံဖို့ ဝန်မလေးပါနှင့်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။