ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ အာဟာရက ပထမဦးစားပေးအချက်ဖြစ်လာပါတယ်။ မိခင်လောင်းတွေအနေနဲ့ အကျန်းမာဆုံးကိုယ်ဝန်ကိုရရှိပိုင်ဆိုင်နိုင်ဖို့နေ့စဉ်စားသုံးတဲ့အာဟာရအတွက် သိသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။
ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ အာဟာရက ပထမဦးစားပေးအချက်ဖြစ်လာပါတယ်။ မိခင်လောင်းတွေအနေနဲ့ အကျန်းမာဆုံးကိုယ်ဝန်ကိုရရှိပိုင်ဆိုင်နိုင်ဖို့နေ့စဉ်စားသုံးတဲ့အာဟာရအတွက် သိသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့နေ့စဉ်အာဟာရမှာ အဓိကအစားအစာအုပ်စုလေးမျိုးထဲက အစားအစာတွေပါဝင်သင့်ပါတယ်။
အသီးအနှံနဲ့ဟင်းသီးဟင်းရွက်
တစ်နေ့တာစားသုံးမှုပမာဏမှာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကို ညီညွတ်မျှတအောင်စားပေးသင့်ပါတယ်။ အသီးအနှံထက် ဟင်းသီးဟင်းရွက်ကို ပိုစားပေးပါ။အေးခဲထားတဲ့၊စည်သွပ်ထားတဲ့၊ အခြောက်ခံထားတဲ့ အသီးတွေလည်း စားလို့ရပါတယ်။ ဒါပေမယ့်ပြုပြင်စီမံထားတဲ့အစားအစာတွေမှာ အငန်နဲ့အချိုဓါတ်ကဲတတ်တာကြောင့် လတ်လတ်ဆတ်ဆတ်တွေကိုစားတာ ပိုကောင်းပါတယ်။ အသီးဖျော်ရည်နဲ့ စမူသီတွေလည်းသောက်လို့ရပါတယ်။
ကစီဓါတ်များတဲ့အစားအစာ
အာလူး၊ထမင်း၊ဝဥ၊ ဂျုံပြောင်းနှံတွေနဲ့ ဆန်လုံးညို၊ပေါင်မုန့်၊ခရက်ကာ စတာတွေပါဝင်ပါတယ်။
ပရိုတင်းဓါတ်ကြွယ်ဝတဲ့အစားအစာ
ဒီအုပ်စုမှာ အဆီမပါတဲ့အသားတွေ၊ ကြက်သား၊ငါး၊ပဲအမျိုးမျိုး၊ပဲနီလေး၊ဗာဒံစေ့၊အုတ်ဂျုံ၊ချိစ်၊ ဒိန်ချဉ်၊ဖရုံစေ့၊စတာတွေပါဝင်ပါတယ်။ အဆီများတဲ့ငါးကိုတော့ စားသင့်ပေမယ့် အများကြီးတော့မစားပါနဲ့။
နို့ထွက်ပစ္စည်း
နွားနို့၊ ဒိန်ချဉ်၊ချိစ်၊ထောပတ်၊ရေခဲမုန့်စတဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပါတယ်။ နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်လို့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အရေးကြီးဆုံးအာဟာရတွေဖြစ်ပါတယ်။ ရှိသင့်တဲ့ ခန္ဓါကိုယ်အလေးချိန်ထက်ကျော်လွန်မသွားစေဖို့တော့ အဆီနဲ့အချိုနည်းတဲ့နို့ထွက်ပစ္စည်းတွေကိုရွေးချယ်ပေးဖို့ပဲလိုပါတယ်။
ကိုယ်ဝန်ဆောင်ဘဝမှာ ဘယ်လိုစားသောက်သင့်သလဲ
မိခင်လောင်းတစ်ယောက်အနေနဲ့နေ့စဉ်စားသောက်ပုံအာဟာရမှာ အနည်းဆုံးတော့ ဒါတွေပါသင့်ပါတယ် –
စားသောက်မှုပုံစံကိုတော့ ကိုယ်နဲ့အဆင်ပြေသလို ပမာဏချင့်ချိန်စားသုံးနိုင်ပါတယ်။ ကိုယ်ဝန်ကြောင့်ပျို့အန်မှုကိုခံစားနေရတယ်ဆိုရင် မနက်ပိုင်းမှာ သရေစာမုန့်အနည်းငယ်နဲ့အစပျိုးပြီး ညနေကျမှ များများစားပါ။ ရင်ပူခြင်းဒဏ်ကို အတော်ခံစားနေရရင်တော့ မနက်စာကို များများစားပြီး ညနေပိုင်းကိုပေါ့ပေါ့ပါးပါးတွေပဲစားပါ။ ကဖင်း၊ အယ်ကိုဟောနဲ့ဆေးလိပ်ကိုရှောင်ပါ။
ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ပတ်သက်ပြီးမှတ်သားရန်
ပျမ်းမျှအားဖြင့် ပုံမှန်ကိုယ်အလေးချိန်ရှိနေတဲ့အမျိုးသမီးတွေဟာ ကျန်းမာတဲ့ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ဖို့ ကိုယ်အလေးချိန် ၁၁ မှ ၁၅ ကီလိုဂရမ်အတွင်း တိုးလာသင့်ပါတယ်။ ကိုယ်အလေးချိန်နည်းတဲ့သူတွေကတော့ ၁၂ မှ ၁၈ ကီလိုဂရမ်ကြား တိုးလာတတ်ပြီး နည်းနည်းဝတဲ့ အမျိုးသမီးတွေက ၁ မှ ၁၁ ကီလိုဂရမ်တိုးလာသင့်ပါတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ကျော်လွန်လာခြင်းက ကျန်းမာတဲ့ကလေးတွေမွေးဖွားပေးနိုင်မယ့် အချက်တော့မဟုတ်ပါဘူး။ ပိုဆိုးတာက ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်လိုတာထက်ပိုများနေခြင်းဟာ ကလေးမွေးပြီးနောက်ပိုင်း ခန္ဓါကိုယ်အချိုးအစားနဂိုအတိုင်းပြန်ရဖို့ ခက်ခဲစေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဝန်ပထမ ၃ လအတွင်းမှာ ကိုယ်အလေးချိန်ကတဖြည်းဖြည်းချင်းတိုးလာပြီး မွေးခါနီးနှစ်လအလိုမှာ တစ်ပတ်ကို ကီလိုဝက်လောက် တိုးလာတာ အကောင်းဆုံးပါပဲ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။