brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းအဆီဖုံးခြင်းနှင့်ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဆိုတာ ဘာလဲ။

အသည်းအဆီဖုံးခြင်းနှင့်ကိုယ်ဝန်

AFLP ကို ကိုယ်ဝန်ဆောင်ချိန်မှာ ၁: ၇၀၀၀ ကနေ ၁: ၁၅၀၀၀ ကိုယ်ဝန် တွေမှာ တွေ့ရပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပါတယ်။ ဒီအခြေအနေတွေဟာ သားဦးမွေးတဲ့ မိခင်တွေမှာ ပိုအဖြစ်များပြီး ကလေးမွေးချိန်နီးတဲ့အခါ များသောအားဖြင့် ရက်သတ္တပတ် ၃၀ ကျော်ရင် အဖြစ်များပါတယ်။

အဆီဟာ အသည်းအတွင်းမှာ Triglycerides နဲ့ fatty acids ပုံစံနဲ့ နေတတ်ပြီး အဆီပိုတွေဟာ အသည်းကို ပျက်စီးစေပါတယယ်။ ဒီရောဂါဟာ ရှာပေးပေမယ့် ခန့်မှန်းနိုင်ခြင်း၊ ကာကွယ်နိုင်ခြင်းမရှိတဲ့ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ကို ဘာတွေက ဖြစ်စေသလဲ။

ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ရဲ့ အဓိက အကြောင်းရင်းကိုတော့ သိရှိခြင်းမရှိပါဘူး။ ကိုယ်ဝန်ဆောင်စဉ် အသည်းအဆီဖုံးခြင်းဟာ အသည်းအတွင်းမှာရှိတဲ့ fatty acid တွေ ဓါတ်တိုးတဲ့ဖြစ်စဉ်မှာ mitochondrial အလုပ်လုပ်ပုံ မူမမှန်မှုကြောင့် ဖြစ်ပြီး အထူးသဖြင့် long-chain 3-hydroxyacyl- CoA dehydrogenase (long chain fatty acid တွေ ဖြိုခွဲရာမှာ အသုံးပြုတဲ့ အင်ဇိုင်း) ဆိုတဲ့ ချို့ယွင်းတာကြောင့် ဖြစ်ပါတယ်။

နောက်ပိုင်းကိုယ်ဝန်တွေမှာ အသည်းရောဂါဖြစ်နှုန်းကို မသိရှိပေမယ့် အမျိုးသမီးဟာ long-chain 3-hydroxyacyl-CoA dehydrogenase (LCHAD) အင်ဇိုင်း မျိုးဗီဇပြောင်းလဲမှု မရှိဘူးဆိုရင်တောင် နောက်ကိုယ်ဝန်တွေမှာ ထပ်ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဘာကြောင့် ဖြစ်တာလဲ။

တကယ်လို့ AFLP ကို မကုသဘူးဆိုရင် မိခင်ရော ကလေးပါ အန္တရာယ် အလွန်များပါတယ်။ အသည်းပျက်စီးခြင်း၊ သွေးထွက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရောဂါပိုးဝင်ခြင်းတွေဟာ မိခင်နဲ့ ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ စောစီးစွာ ရောဂါတွေ့ရှိကုသခြင်းဟာ ရောဂါ အခြေအနေတွေကို တိုးတက်ကောင်းမွန်စေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းအဆီဖုံးခြင်းကို ကိုယ်ဝန်ဆောင် တတိယသုံးလပတ်မှာ တွေ့ရှိရပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းအဆီဖုံးခြင်းရဲ့အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

  • ပျို့အန်ခြင်း
  • ဝမ်းဗိုက် အပေါ်ညာဘက်ခြင်း အောင့်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပင်ပန်းခြင်း
  • စိတ်ရှုပ်ခြင်း
  • အသားဝါခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းအဆီဖုံးခြင်းရဲ့ လက္ခဏာတွေဟာ အခြားကျန်းမာရေးအခြေအနေတွေနဲ့ တူညီတာမို့ ရောဂါရှာဖွေဖို့ သင့်ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ကို ဘယ်လိုသိရှိနိုင်သလဲ။

ကျန်းမာရေးရာဇဝင် မေးမြန်းခြင်းနဲ့ ကိုယ်ခန္ဓါစစ်ဆေးမှုတွေအပြင် ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းအဆီဖုံးခြင်း ကို စစ်ဆေးဖို့ အသားစယူနိုင်ပါတယ်။ အသားစယူခြင်းမှာ အနုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ရှုဖို့ အသည်းတစ်ရှူးကို အသားစယူခြင်းတွေ ပါဝင်ပါတယ်။

ဒါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အမြဲပြုလုပ်လေ့တော့ မရှိပါဘူး။ များသောအားဖြင့် ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းအဆီဖုံးခြင်းဲ့ လက္ခဏာတွေဟာ ရောဂါကို သိရှိနိုင်လောက်အောင် ပြတ်သားခြင်းမရှိပါဘူး။ သွေးစစ်ဆေးမှုတွေက အခြားရောဂါဟုတ်မဟုတ်ကို သိရှိနိုင်စေပါတယ်။

အခြားစစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။

အာထရာဆောင်း– နှုန်းမြင့်အသံလှိုင်း နဲ့ ကွန်ပျူတာကို အသုံးပြုပြီး သွေးကြော၊ တစ်ရှူးနဲ့ ကိုယ်အင်္ဂါ ပုံရိပ်တွေကို ဖန်တီးကြည့်ခြင်း ဖြစ်ပါတယ်။

ကွန်ပျူတာဓါတ်မှန် – X-rays တွေနဲ့ ကွန်ပျူတာ နည်းပညာကို ပေါင်းစပ်အသုံးပြုပြီး ကိုယ်ခန္ဓါရဲ့ ဖြတ်ပိုင်းပုံတွေကို ဖေါ်ပြပေးနိုင်တဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းအဆီဖုံးခြင်းရဲ့ ကုသမှု

ဒီအခြေအနေကို သိရှိပြီဆိုရင်တော့ မိခင်နဲ့ကလေးဆိုးကျိုး ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် ကလေးငယ်ကို တတ်နိုင်သမျှ စောစော မွေးသင့်ပါတယ်။ မိခင်ဟာ သူမ အခြေအနေ တိုးတက်လာတဲ့အထိ မွေးအပြီးရက်ပေါင်းများစွာ အနီးကပ်စောင့်ရှောက်ခြင်းကို လိုအပ်နိုင်ပါတယ်။ အခြေအနေ အတော်များများမှာ အသည်းလုပ်ငန်းဆောင်တာဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပုံမှန် ပြန်ဖြစ်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။