
စောမွေးသည့် အချိန်ကာလအပေါ်မူတည်ပြီး ထိုကလေးငယ်ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။
အများစုသော လမစေ့သည့် ကလေးများသည် ၃၄ ပတ်မှ ၃၆ ပတ်အတွင်းမွေးသော ကလေးများဖြစ်သည်။
လမစေ့မီ ကလေးမွေးခြင်းသည် လူမည်းအမျိုးသမီးများတွင် ပို အဖြစ်များပါသည်။
သို့သော် လူတိုင်းဖြစ်နိုင်ပါသည် ဖြစ်နိုင်ချေရှိသော အကြာင်းရင်းများစွာရှိသော်လည်း အကြောင်းမဲ့လည်းဖြစ်နိုင်ပါသည်။
သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
လမစေ့မီ ကလေးမွေးခြင်းဖြင့် ကလေးသည် ပြင်ပလောကနှင့် သဟဇာတမဖြစ်မီ မိခင် ဝမ်းကြာတိုက်ထဲတွင် နေရသော အချိန်တိုတောင်းသွားခြင်းဖြစ်သည်။
လမစေ့သော ကလေးများတွင် တွေ့ရများသောလက္ခဏာများမှာ
စောစီးစွာသိရပြီး ကုသနိုင်ပါကပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
လမစေ့မီ ကလေးမွေးခြင်းကို ဖြစ်စေသော အကြောင်းများစွာရှိသော်လည်း အများစုသည် အကြောင်းရင်းမရှိဘဲ အလိုလို ဖြစ်လာခြင်းဖြစ်သည်။
သို့သော် အချို့မှာ ကလေးမွေးအောင်ဆေးသွင်းခြင်း၊ မိခင်၏ကျန်းမာရေးပြသနာနှင့် အခြားကိစ္စများကြောင့် ခွဲမွေးခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။
အဖြစ်များစေသော အကြောင်းများမှာ ကိုယ်ဝန်ဆောင်သော အကြိမ်အရေအတွက်များခြင်း၊ ကူးစက်ရောဂါပိုးဝင်ခြင်း၊ သွေးတိုး၊ ဆီးချို စသည့်
နာတာရှည်ရောဂါများဖြစ်ခြင်းတို့ဖြစ်ပါသည်။ ထို့ပြင် မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါသည်။
လမစေ့မီ ကလေးမွေးခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
{ ယေဘူယျအသိပေးချက် – ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ပိုမိုတိကျစွာသိလိုသော် ဆရာဝန်နှင့် အမြဲဆွေးနွေးတိုင်ပင်ပါ။}
လမစေ့မီ ကလေးမွေးခြင်းကို ဘယ်လိုသိနိုင်မလဲ။
သင့်တွင် လမစေ့မီ ကလေးမွေးခြင်းဖြစ်တော့မည်ဟု သံသယရှိပါက
ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် လမစေ့ဘဲမွေးလာသော ကလေးကို တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို စစ်ဆေးပါလိမ့်မည်။ ပုံမှန်အားဖြင့် ပြုလုပ်သော စစ်ဆေးမှုများမှာ
အသက်ရှုခြင်း နှင့် နှလုံးခုန်ခြင်းကို စမ်းသပ်ခြင်း
သင့်ကလေး၏ အသက်ရှုခြင်း နှင့် နှလုံးခုန်ခြင်းနှင့် သွေးပေါင်ချိန်များကို စက်များတပ်ဆင်ပြီး အဆက်မပြတ်စောင့်ကြည့်ခြင်းဖြစ်သည်။
သွေးစစ်ခြင်း
သွေးနမူနာယူပြီး သွေးအားနည်းရောဂါရှိမရှိသိရန် သွေးနီဥများကို စစ်ဆေးခြင်းဖြစ်သည်။
နှလုံးဓါတ်မှန်ရိုက်ခြင်း
သင့်ကလေး၏ နှလုံး လုပ်ဆောင်ရည်ကို သိရန် အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြစ်သည်။
အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း
အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြင့် သင့်ကလေး၏ ဦးနှောက်ထဲတွင် သွေးယိုခြင်း၊ အရည်များအိုင်နေခြင်း ကိုသိနိုင်ပြီး အစာအိမ်လမ်းကြောင်း၊ အသည်းနှင့် ကျောက်ကပ်ပြသနာများကို လည်းသိနိုင်သည်။
မျက်လုံးကို စစ်ဆေးခြင်း
မျက်စိဆရာဝန်သည် ကလေးတွင် လမစေ့ခြင်းကြောင့် အမြင်လွှာထိခိုက်ခြင်း လက္ခဏာများ ရှိမရှိစစ်ဆေးခြင်း တို့ကိုပြုလုပ်ပါလိမ့်မည်။
ကလေးငယ်၏ အဆုတ်၊ နှလုံးနှင့် သွေးလည်ပတ်မှုတို့ပုံမှန်အတိုင်းပြန်ဖြစ်စေရန် ဆေးပေးပြီး ကုသရပါသည်။ ကလေး၏ အခြေအနေအပေါ်မူတည်ပြီး ဆေးများကွာခြားပါသည်။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
သင့် ကလေးကို ပြုစုစောင့်ရှေက်ရမည့်နည်းများကို သိနားလည်သင့်သည်။
ဆေးရုံမဆင်းမီ တွင် အရေးပေါ်အသက်ကယ်သင်တန်းများတက်ပါ။ ထို့နောက်ကျန်းမာရေးအဖွဲ့အစည်းများကို သိလိုသည်များမေးပြီး မှတ်သားထားပါ။
သင့် ကလေးကို စောင့်ရှောက်ရာတွင်သင်သည် အားလုံးကို သိထားသင့်သည်။
အထူးသဖြင့် တိုက်ရမည့်ဆေးများကို သေချာစွာ သိထားရမည်။
အိမ်တွင် ကလေးကို သေသေချာချာ စောင့် အနီးကပ်စောင့်ရှောက်ခြင်း၊ အောက်ဆီဂျင်များ စနစ်တကျပေးခြင်း တို့ကို ပြုလုပ်ရန် လိုအပ်သည်။
သင့် ကလေး၏ကျန်းမာရေးကို ကာကွယ်ပါ။
လမစေ့သော ကလေးများသည် အခြားကလေးများထက်ရောဂါကူးစက်နိုင်ချေပိုများသောကြောင့် သူတို့ကို လူနေထူထပ်သောနေရာများသို့ခေါ်သွားခြင်း ကိုရှောင်ကျဉ်ပါ။ ထို့ပြင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပြီးမှ ကလေးကိုထိပါ။ ချီပါ။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။