ကျန်းမာရေးဆိုင်ရာ ကိုယ်ဝန်ဖျက်ချမှု အပြီးမှာ အမေဟာ အမြဲတမ်း စိတ်ရော ကိုယ်ပါ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေကို သေသေချာချာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ ဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချမှု တစ်ခုဖြစ်ချိန်မှာ သင့်ခန္ဓါကိုယ်ဟာ ကိုယ်ဝန် ပြောင်းလဲခြင်းပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ ကယ်လ်ဆီရမ်၊ ဖောလစ်အက်စစ် ၊ ဗီတာမင် ဘီ ၉ နဲ့ သံဓါတ်လိုအပ်မှုဟာ မြင့်တက်လာပါတယ်။
ကျန်းမာရေးဆိုင်ရာ ကိုယ်ဝန်ဖျက်ဖျမှု ပြီးသွားတဲ့အခါ သင့်ကိုယ်ခန္ဓါဟာ အချိန်အတော်ကြာ သွေးဆင်းခြင်းကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင် ဗီတာမင် ဘီ ၁၂၊ ၉၊ ၂ နဲ့ ခွဲစိတ်စဉ် ဆုံးရှုံးသွားတဲ့ riboflavin တွေကို ဖြည့်ဆည်းဖို့အတွက် နေ့စဉ် အစားအသောက်တွေမှာ ဒီအရာတွေ ပါဝင်ဖို့လိုအပ်ပါတယ်။
ဒါ့အပြင် သွေးအားနည်းခြင်းနဲ့ အရိုးပွရောဂါတွေကို ကာကွယ်ဖို့အတွက် အစာအုပ်စု အမျိုးစုံပါဝင်တဲ့ အစာတွေနဲ့ ဗီတာမင် ဘီ၊ ကယ်လ်ဆီရမ်နဲ့ သံဓါတ်တွေ အများအပြားပါဝင်တဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဖျက်ချပြီးရင် သင့်ကိုယ်ခန္ဓါမှာ သွေးဆဲလ် အသစ်တွေ ထုတ်လုပ်ဖို့အတွက် ပရိုတင်းဓါတ်လိုအပ်တာကြောင့် ပရိုတင်းပါဝင်တဲ့ အစားအစာတွေကိုလည်း ပိုမို စားသုံးဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓါတ် အများအပြား ပါဝင်တဲ့ အစားအစာတွေကတော့ ငါး၊ ဝက်၊ အခွံပါငါး၊ အမဲသား၊ သိုးသား၊ ကြက်ဆင်သား၊ ကြက်သား၊ ပဲနဲ့ ချက်ထားတဲ့ ပဲခြောက် တို့ ဖြစ်ပါတယ်။ ဒီအစားအစာတွေမှာ ပရိုတင်းဓါတ် အမြောက်အမြားမပါဝင်ပေမယ့် သူတို့ဟာ သံဓါတ်နဲ့ ဗီတာမင် ဘီ တို့ ဖြည့်တင်းထားတာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ပရိုတင်းဓါတ်များပြီး အဆီနည်းတဲ့ အစားအစာတွေကို ရှာဖွေနေတယ်ဆိုရင် အမဲ ခါးဆစ်သား၊ အရေပြားမပါတဲ့ ကြက်သားနဲ့ တူနာငါးတို့ကို စားသုံးနိုင်ပါတယ်။ ငါးစားခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ စိတ်ကျခြင်းကို သက်သာစေပါတယ်ဆိုတဲ့ သိပ္ပံနည်းအရ သက်သေပြချက်ရှိပြီး ဖြစ်ပါတယ်။
အဆီနည်းတဲ့ (သို့) အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေဟာ ကယ်လိုရီပမာဏ စားသုံးမှု နည်းနေစဉ်မှာ အားအင်ပြည့်ဖြိုးစေခြင်း၊ အရိုးနဲ့ သွားတွေကို ကာကွယ်ပေးခြင်း တို့ကို ဖြစ်စေတာမို့ စားသုံးသင့်ပါတယ်။ ထို့အတူ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် ဒီ၊ ကယ်လ်ဆီရမ်နဲ့ ဗီတာမင် ဒီဓါတ်တွေ ပါဝင်ပါတယ်။
ပုံမှန်ထက်စာရင် အားဖြည့်ထားတဲ့ အနှံအစေ့တွေကို စားသုံးသင့်ပါတယ်။ သူတို့ဟာ ဗီတာမင် ဘီ၊ သံဓါတ်၊ အမျှင်ဓါတ်၊ ပရိုတင်းနဲ့ အခြားအရေးကြီးတဲ့ အာဟာရဓါတ်တွေကို ၁၀၀ ရာခိုင်နှုန်း ပေးစွမ်းနိုင်ပါတယ်။ သကြားနည်းပါးတဲ့ စပါး ထုတ်ကုန်တွေဖြစ်တဲ့ ဆန်ကြမ်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့အတွက် အသုံးပြုကြပါတယ်။
အသီးအနှံတွေဟာ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အာဟာရဓါတ်များစွာ ပါဝင်တာမို့ သင့်အတွက် ကောင်းကျိုးများစွာကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ သူတို့ဟာ အစာခြေစနစ်အတွက် ကောင်းမွန်ပြီး အာဟာရဓါတ်စုပ်ယူမှုကို အကူအညီပေးပါတယ်။
သိပ္ပံပညာအရတော့ အနီရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်နဲ့ အရောင်ရင့်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးသင့်တယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်ဖျက်ချခြင်းဟာ အမျိုးသမီးတွေကို သူတို့ဘယ်တော့မှ ခံစားရမယ်လို့ မထင်ခဲ့ဖူးတဲ့ နာကျင်မှုမျိုးကို ခံစားရစေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီဆုံးရှုံးမှုကို ကျော်လွှားဖို့ အဖေါ်ပြုမှုနဲ့ ဂရုစိုက်မှုတွေကို လိုအပ်ပါတယ်။
တကယ်လို့ ဘာစားရမယ်၊ မစားရဘူးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိခဲ့ရင်၊ အထီးကျန်ပြီး နားလည်မှုလိုအပ်တယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။