
တရားဝင် ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ အမျိုးသမီးတဦးရဲ့ ကိုယ်ဝန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဆုံးသတ်ခြင်းကို ခေါ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆေးဝါးတွေရဲ့အကူအညီနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချြခင်းကို လုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါ ကိုယ်ဝန်လနုတုန်း လုပ်ဆောင်ရမှာဖြစ်ပြီး ကိုယ်ဝန်ရှစ်ပတ်ခန့်အထိ ပြုလုပ်နိုင်ပါတယ်။
ဦးစွာ သင့်ဆရာဝန်အနေနဲ့
ဒီလုပ်ငန်းစဉ်မှာ ထုံဆေး၊ မေ့ဆေး တွေ အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆရာဝန်က သင့်ကို ဆေးပေးပါလိမ့်မယ်။ ထိုးဆေး/သောက်ဆေး/မိန်းမကိုယ်အတွင်း ထည့်သွင်းရတဲ့ဆေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ နောက်ထပ် ၁ – ၃ ရက်အတွင်းမှာ ဆေးတမျိုး ထပ်ပေးပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း အမှုကိစ္စ ပြီးမြောက်အောင်မြင်မှုရှိမရှိ သေချာစေဖို့အတွက် အာထရာဆောင်းတခါ ထပ်ရိုက်ပါလိမ့်မယ်။
ဒါတွေဟာ Therapeutic abortion လို့ခေါ်တဲ့ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်း သိကောင်းစရာလေးတွေပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဥပဒေမရှိသေးတဲ့အတွက် အရေးပေါ်သေရေးရှင်ရေး အခြေအနေကလွဲပြီး ကိုယ်ဝန်ကို မိမိသဘောနဲ့မိမိ ဖျက်ချခြင်း မပြုရပါဘူး။ ဒါပေမယ့် လိင်အသိပညာပေးအားနည်းလှတဲ့ ဒီနိုင်ငံမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိနှုန်း မြင့်မားနေရုံသာမက အရပ်လက်သည်နဲ့ဖြစ်ဖြစ်၊ကိုယ့်ဖာသာ ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချလို့ ရေတိမ်နစ်ခဲ့ရသူတွေလည်း မနည်းပါဘူး။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ယူပြီး ဆေးရုံတွေမှာ တရားဝင် ဖျက်ချခွင့်ရှိမယ်ဆိုရင် အသေအပျောက်နှုန်းတွေ နည်းသွားမလားဆိုတာ စဉ်းစားစရာပါပဲ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။