brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ကဘာလဲ။

ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စူးပြီးနာခြင်း သို့မဟုတ် ဆတ်ခနဲနာခြင်းမျိုးဖြစ်ပြီး ဗိုက်အောက် သို့မဟုတ် ပေါင်ခြံကြားတစ်ဖက်သို့မဟုတ်နှစ်ဖက်လုံးတွင်ဖြစ်တတ်သည်။ ထိုအခြေအနေသည် အဖြစ်အများဆုံးပြောပြချက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းတစ်ခုတွင်ပါသည်။ ဒုတိယကိုယ်ဝန်ကာလတွင်ပိုဖြစ်တတ်သည်။

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စိတ်မသက်သာဖြစ်စေသည်။ သို့သော် ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းဟုယူဆ၍ရသည်။

ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရပ် ဗိုက်တွင် စူးပြီးအောင့်ခြင်းဖြစ်သည်။ များသောအားဖြင့်ညာဘက်တွင်ဖြစ်သော်လည်း နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ စက္ကန့်အနည်းငယ်သာကြာတတ်သည်။

လေ့ကျင့်ခန်းလုပ်ချင်းကြောင့်နာနိုင်သကဲ့လို့ လျှင်မြန်သောလှုပ်ရှားမှု ဥပမာ

နှာချေခြင်း

ချောင်းဆိုးခြင်း

ရယ်ခြင်း

အိပ်ရာတွင်လှိမ့်နေခြင်း

မတ်တတ်အမြန်ရပ်လိုက်ခြင်း ကြောင့်လဲဖြစ်နိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကိုယ်ဝန်ဆောင်ချိန် မည်သို့နာကျင်ခြင်းဖြစ်ပါစေ ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းသည် မြန်သည် သို့သော် ကြာရှည်မနာတတ်ပါ။

အောက်ပါတို့ရှိကဆရာဝန်နှင့်အရေးပေါ်တိုင်ပင်ပါ။

အလွန်နာကျင်ခြင်း

မိနစ်အနည်းငယ်ထက်နာတာကြာခြင်း

ဖျားခြင်း

ချမ်းတုန်ခြင်း

ဆီးပေါက်ချိန်တွင်နာခြင်း

လမ်းလျောက်ရန်ခက်ခဲခြင်း

ကိုယ်ဝန်ဆောင်ချိန်ဗိုက်နာခြင်းသည် အမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ အရေးပေါ် ကိစ္စမဟုတ်သည်ကို ဖယ်ရန်အရေးကြီးသည်။ဥပမာ အချင်းကွာခြင်း သို့မဟုတ် ကိုယ်ဝန်နှင့်မဆိုင်သောပြသာနာများ ဥပမာ

အူကျွံခြင်း

အူအတတ်ယောင်ခြင်း

အစာအိမ် အသဲနှင့် ကျောက်ကပ်ပြသာနာများ

နေ့မစေ့ပဲ ဗိုက်နာခြင်းနှင့်လည်း ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းကိုမှားနိုင်သည်။

အကြောင်းရင်းများ

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရွတ် အထူအတော်များများကကိုယ်ဝန်ဆောင်ချိန် သားအိမ်ကြီးလာခြင်းကိုထောက်ပံ့ပေးနေကြသည်။ အာ့ထဲတွင် သားအိမ်ထိန်းအရွတ်ဝိုင်းသည်လဲ တစ်ခုအပါအဝင်ဖြစ်သည်။

ထိုအရွတ်ဝိုင်းသည် သားအိမ်အရှေ့မှ ပေါင်ခြံကိုတွယ်ဆက်ပေးထားသည်။ တောင့်ပြီး တဖြည်းဖြည်းချင်း အားလျော့ပေးသည်။

ကလေးနှင့် သားအိမ်ကြီးလာပါက အရွတ်ဝိုင်းသည် ဆွဲဆန့်ခံလိုက်ရခြင်းကြောင့်ပိုနာခြင်းဖြစ်နိုင်သည်။

ရုတ်တရပ်လှုပ်ရှားမှုက ထိုအရွတ်ဝိုင်းကိုဆွဲဆန့် စေသည် ရာဘာကဲ့သို့။ ထိုကြောင့်ရုတ်တရပ် အမြန် စူးခနဲအောင့်ခြင်းကိုဖြစ်စေနိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ကို ဘယ်လိုကုသပါသလဲ

အခြေအနေပေါ်မူတည်ပြီး သင့်တော်သောကုသမှုကိုပေးလိမ့်မည်။

အနာသက်သာစေသောဆေး။ ဆေးဆိုင်တိုင်းတွင်ရနိုင်သော အစီတာမီနိုဖန်လိုဆေးမျိုး သုံးနိုင်သည်။ အဆင်ပြေမပြေဆရာဝန်နှင့်တိုင်ပင်ပါ။

အစာအိမ်ကြွက်သားများသန်မာရန် လေ့ကျင့်ခန်းများများလုပ်ပါ။ ဆွဲဆန့်သည့်လေ့ကျင့်ခန်းများသို့မဟုတ် ကိုယ်ဝန်ဆောင်ယောဂများက အကူအညီဖြစ်နိုင်သည်။ ကလေးနှင့် သင့်အား အန္ဓါရာယ်မရှိစေသော လေ့ကျင့်ခန်းကိုရွေးချယ်ပါ။

သင့်လက်နှင့် ဒူးအားကြမ်းပြင်ကိုထိပြီး ခေါင်းအားနှိပ်ချပြီးလုပ်သောလေ့ကျင့်ခန်းများကအကူအညီဖြစ်နိုင်သည်။

အလျင်အမြန်လှုပ်ရှားခြင်းမျိုးရှောင်ပါ။ ပုံစံပြောင်းရာတွင်ဖြေးဖြေးပြောင်းခြင်း( ဥပမာ မတ်တပ်ထရပ်ခြင်း သို့မဟုတ် ထိုင်ခြင်း) ကြောင့် ဆွဲဆန့်ခံရခြင်းနာခြင်းကိုသက်သာစေသည်။

တင်ပါးကိုကွေးပါ။ ချောင်းဆိုးခြင်း နှာချေခြင်းသို့မဟုတ် ရယ်ခြင်းလုပ်ချိန်တွင်ထိုသို့လုပ်ပါက အရွတ်ဆွဲဆန့်ခံ၇ခြင်းကိုသက်သာစေသည်။

နွေးနွေးထွေးထွေးထားပါ။ အနွေးအဝတ် ရေနွေးစိမ်ခြင်းတို့က အကူအညီဖြစ်နိုင်သည်။ ဆရာဝန်ကိုအဆင်ပြေမပြေမေးပါ။ အပူများပါက ကလေးကိုအန္ဓါရယ်ဖြစ်နိုင်သည်။

ပုံမှန်လုပ်ဆောင်ချက်များကိုသတိထားပါ။ ပိုဆိုးစေသောနေထိုင်ပုံကိုရှောင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Nadi · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။