brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Premature Birth (ကလေးစောမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Premature Birth (ကလေးစောမွေးခြင်း) ကဘာလဲ။

ကိုယ်ဝန်ဆောင်ချိန်၃၇ပတ်မတိုင်ခင် ကလေးမွေးခြင်းကို စောမွေးတယ်လို့ခေါ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်ဟာ ရက်သတ္တပတ်၄၀ရှိပါတယ်။ ကလေးစောမွေးတဲ့အခါမှာ သားအိမ်ထဲမှာ လုံလောက်တဲ့ ဖွံ့ဖြိုးချိန်မရှိတော့ပါဘူး။ စောစောမွေးလေ ပိုဒုက္ခများလေပါပဲ။

Premature Birth (ကလေးစောမွေးခြင်း)

ကလေးဘယ်လောက်စောစောမွေးတယ်ပေါ်မူတည်ပြီး အောက်ပါတို့အဖြစ်သတ်မှတ်နိုင်ပါတယ်။

  • ရက်သတ္တပတ်၃၄ပတ်နဲ့၃၆ပတ်အတွင်းမှာ မွေးတယ်ဆိုရင် အနည်းငယ်စောမွေးခြင်း
  • ၃၂ပတ်နဲ့၃၄ပတ်အတွင်းဆိုရင်တော့ အတော်အသင့်စောမွေးခြင်း
  • ၃၂ပတ်အောက်ဆိုရင်တော့ အလွန်အကျွန်စောမွေးခြင်း
  • ၂၅ပတ်နှင့်အောက်ဆိုရင် ဆိုးရွားစွာစောမွေးခြင်း
  • အများစုကတော့ အနည်းငယ်သာစောမွေးကြပါတယ်။

    Premature Birth (ကလေးစောမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

    လူမဲမိန်းမတွေဟာ အခြားမျိုးနွယ်မိန်းမတွေထက် ကလေးစောမွေးနိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့်လည်း မိန်းမတိုင်းလိုလိုမှာ ဖြစ်နိုင်ခြေရှိပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဘာကြောင့်လဲဆိုတာ တိတိပပမရှိပါဘူး။

    အန္တရာယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    လက္ခဏာများ

    Premature Birth (ကလေးစောမွေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    ကလေးစောမွေးတယ်ဆိုတာ ကလေးအပြင်လောကမှာ အသက်ရှင်နေထိုင်နိုင်ဖို့ လုံလောက်တဲ့ ဖွံ့ဖြိုချိန်မရရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

    • ခန္ဓါကိုယ်သေးကွေးပြီး ခေါင်းကြီးနေခြင်း
    • အဆီးနည်းပါးတဲ့အတွက်ကြောင့် ပုံမှန်ကလေးတွေထက် ကြုံလှီသွေးကွေးနေခြင်း
    • တစ်ကိုယ်လုံးတွင် အမွှေးငယ်လေးများ ဖုံးအုပ်နေခြင်း
    • ခန္ဓါကိုယ်အပူချိန်နည်းခြင်း အထူးသဖြင့် မွေးမွေးပြီးချင်းပိုဖြစ်တတ်ပါတယ်။ ကိုယ်တွင်းအဆီဓါတ်နည်းလို့ပါပဲ။
    • အသက်ကိုအားထုတ်ပြီးရှုနေရခြင်း
    • စုပ်ဖို့၊ မျိုချဖို့ တုံ့ပြန်နိုင်စွမ်းတွေ မရှိတာကြောင့် နို့တိုက်ကျွေးရခက်ခဲခြင်း

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    မြန်မြန်သိ၊မြန်မြန်ကုသရင် အခြေအနေကို ပိုမဆိုးလာအောင် ထိန်းထားပေးနိုင်ပြီး အခြားထပ်တိုးရောဂါတွေ၊ အရေးပေါ်အခြေအနေတွေကို ကာကွယ်နိုင်တာကြောင့် ဆရာဝန်တွေကို အမြန်ဆုံးအသိပေးဖို့ လိုအပ်ပါတယ်။

    အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတုူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Premature Birth (ကလေးစောမွေးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အကြောင်းအရင်းအမျိုးအမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အများစုကတော့ သူ့အလိုလိုဖြစ်တတ်ကြပြီး တစ်ခါတစ်လေတော့ အကြောင်းအရင်းအမျိုးအမျိုးကြောင့် ကလေးစောမွေးအောင်လုပ်ရတာတွေ၊ ခွဲမွေးရတာတွေ ရှိပါတယ်။

    ရာခိုင်နှုန်းများတဲ့ အကြောင်းအရင်းတွေကတော့ ကလေးခဏခဏရဖူးခြင်း၊ ပိုးဝင်ခြင်းနဲ့ ဆီးချို၊သွေးတိုးတို့လိုမျိုး နာတာရှည်ရောဂါတွေပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းမတွေ့တာလည်း ရှိတတ်ပြီး မျိုးရိုးဗီဇအခြေအနေတွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

    ဖြစ်နိုင်ခြေများ

    Premature Birth (ကလေးစောမွေးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အောက်ပါတို့ရှိနေပါက ကလေးစောမွေးနိုင်ခြေများပါတယ်။

    • ကလေးစောမွေးဖူးခြင်း
    • ကလေး၂မွှာပူး၊ ၃မွှပူးနဲ့ အခြားအမွှာပူးများ မွေးဖူးခြင်း
    • ကိုယ်ဝန်တစ်ခုနဲ့တစ်ခု၆လနှင့်အောက်လောက်ပဲ ခြားထားခြင်း
    • ဖန်ပြွန်သန္ဓေသားယူခြင်း
    • သားအိမ်၊ သားအိမ်ခေါင်းနှင့် အချင်းတို့တွင်ပြဿနာတစ်ခုခုရှိနေခြင်း
    • ဆေးလိပ် ဒါမှမဟုတ် တရားမဝင်ဆေးများအသုံးပြုခြင်း
    • အာဟာရဓါတ်ချို့တဲ့ခြင်း
    • ကိုယ်ဝန်ဆောင်ချိန်တွင်လုံလောက်သောကိုယ်အလေးချိန်မရှိခြင်း
    • ပိုးဝင်ခြင်း။ အထူးသဖြင့် ရေမွှာနှင့် ဆီးလမ်းကြောင်း၊လိင်လမ်းကြောင်းတို့တွင် ပိုးဝင်ခြင်း
    • သွေးတိုးနဲ့ဆီးချိုတို့လိုမျိုး နာတာရှည်ရောဂါများရှိခြင်း
    • ကိုယ်ဝန်မဆောင်ခင်က အဝလွန်ဖူးခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်မပြည့်မှီခြင်း
    • အိမ်တွင်းပြဿနာတွေ ဒါမှမဟုတ် ချစ်ရသူသေဆုံးမှုတွေလိုမျိုး စိတ်ဖိစီးမှုများသော အခြေအနေတွင်ရှိနေခြင်း
    • ခဏခဏကလေးပျက်ကျဖူးခြင်း
    • ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများရရှိခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Premature Birth (ကလေးစောမွေးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က ထိုအခြေအနေရှိနိုင်တယ်လို့ သံသယရှိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်တွေ ပြုလုပ်ပါလိမ့်မယ်။

    အောက်ပါတို့က ကလေးစောမွေးခြင်းကို စစ်ဆေးတွေ့ရှိနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

    အသက်ရှုခြင်းနှင့်နှလုံးခုန်နှုန်းစစ်ဆေးစောင့်ကြည့်ခြင်း

    ပုံမှန်စောင့်ကြည့်သွားမှာဖြစ်ပြီး သွေးပေါင်ချိန်ကိုတော့ မကြာခဏစစ်ဆေးပါလိမ့်မယ်။

    အရည်ဓါတ်ဖြည့်တင်းခြင်းနှင့်ဆုံးရှုံးခြင်း

    နို့တိုက်ကျွေးခြင်းနဲ့ အကြောတွင်းအရည်ထည့်သွင်းပေးခြင်းတို့မှ ကလေးရေဓါတ်ဘယ်လောက်ရရှိသလဲနဲ့ ကလေးဒိုက်ပါ၊သွေးစစ်ခြင်းနှင့် အခြားစစ်ဆေးမှုတို့မှ ရေဘယ်ဆုံးရှုံးသွားတယ်ဆိုတာကို သေချာစောင့်ကြည့်ပါလိမ့်မယ်။

    သွေးစစ်ခြင်း

    သွေးအားနည်းရောဂါရှိမရှိ သွေးနီဥအရည်အတွက်ကို စစ်ဆေးမှာပါ။

    နှလုံးအက်ခိုးရိုက်ခြင်း

    အသံလွန်လှိုင်းတွေနဲ့ ကလေးနှလုံးမှာ ပြဿနာရှိ၊မရှိကြည့်မှာဖြစ်ပါတယ်။

    အာထရာစောင်းရိုက်ခြင်း

    ဦးနှောက်သွေးယိုစီးမှု ဒါမှမဟုတ် အရည်တွေစုပုံလာမှုနဲ့ ဝမ်းဗိုက်တွင် အစာအိမ်အူလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်တို့ ပြဿနာရှိမရှိကို စစ်ဆေးမှာဖြစ်ပါတယ်။

    မျက်လုံးစစ်ဆေးခြင်း

    မြင်လွှာချို့ယွင်းမှုတွေကို မျက်စိဆရာဝန်က စစ်ဆေးပေးပါလိမ့်မယ်။

    Premature Birth (ကလေးစောမွေးခြင်း) ကို ဘယ်လိုကုသပါသလဲ

    နှလုံးနဲ့အဆုတ်တို့ ပုံမှန်အလုပ်လုပ်စေဖို့အတွက် ကလေးကို ဆေးတွေပေးပါလိမ့်မယ်။ ကလေးအခြေအနေပေါ်မှာ မူတည်ပြီး ပေးမယ့်ဆေးတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

    • အဆုတ်မြန်မြန်အရွယ်ရောက်နိုင်ဖို့ ဆာဖေ့တန့်အရည်
    • နှလုံးနှင့်အဆုတ်တို့ အားကောင်းစေသော ရှုဆေး သို့မဟုတ် အကြောဆေး
    • ပိုးဝင်နေပါက သို့မဟုတ် ပိုးဝင်နိုင်ခြေရှိပါက ပိုးသတ်ဆေး
    • အဆုတ်နှင့် သွေးလည်ပတ်မှုကို အထောက်အကူပြုနိုင်မယ့် ဆီးဆေးြ
    • မြင်လွှာရောဂါဖြစ်စေသော သွေးကြောများ ဆက်လက်မကြီးထွားလာစေရန် မျက်လုံးအတွင်းသို့ ဆေးထိုးထည့်ခြင်း

    ထပ်တိုးရောဂါအချို့ရှိလာမယ်ဆိုရင်တော့ တစ်ခါတစ်ရံခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။

    • အစာစားခြင်းပြဿနာအတွက် အကြောမှသွင်းပေးခြင်း
    • အူရောင်ရမ်းပြီး ပုပ်ခြင်းတို့အတွက် ခွဲစိတ်ဖယ်ရှားခြင်း
    • နှလုံးအနီးရှိ Ductus arteriosus ပိတ်ကာ ဆေးပေးလည်းမထူးတော့ခြင်း
    • မြင်လွှာရောဂါအတွက် လေဆာအသုံးပြုကာ ဖယ်ရှားပေးခြင်းဖြင့် နောက်ထပ်ဖြစ်လာမည့် အမြင်အာရုံပြဿနာများကို ကာကွယ်ခြင်း
    • ပိုဆိုးလာသော ဦးနှောက်တွင်းအရည်ပြည့်နေသည့် အခြေအနေကို ပလတ်စတစ်ပိုက်ဖြင့် ထုတ်ပေးခြင်း

    လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

    ကလေးစောမွေးခြင်းကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

    အောက်ပါနည်းလမ်းတွေက ကလေးစောမွေးခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

    ကလေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ နားလည်နေပါစေ။

    ဆေးရုံမဆင်းခင်မှာ ကလေးရှေးဦးသူနာပြုနည်းလမ်းတတ်ကျွမ်းနေပါစေ။ ကျွမ်းကျင်သူတွေကို မေးမြန်းပြီး လိုအပ်သည်များကို ရေးမှတ်ထားပါ။

    ကလေးကို ဂရုစိုက်ပေးဖို့ အဆင်ပြေနေပါစေ။ အထူးသဖြင့် ဆေးကိစ္စတွေဆိုရင် ပိုသတိထားပါ။

    စောင့်ကြည့်စနစ်တစ်ခုထားပါ။ ဒါမှမဟုတ် ကလေးကို ဖြည့်စွက်အောက်စီဂျင် (သို့) အခြားနည်းကုသနည်းတွေ ပေးပါ။

    ကလေးကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ပါ။

    စောမွေးထားတဲ့ကလေးတွေဟာ အခြားသာမန်ကလေးတွေထက် ရောဂါပိုးဝင်နိုင်ခြေများပါတယ်။ ကလေးကို လူစည်ကားထူထပ်တဲ့နေရာများသို့ ခေါ်သွားခြင်းအား တတ်နိုင်သမျှရှောင်ကျဉ်ပါ။ ကလေးကို ထိတွေ့လျက်ရှိတဲ့လူတိုင်း လက်ဆေးခိုင်းဖို့မမေ့ပါနှင့်။

    မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။