Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။
အချင်းသည် သားအိမ်၏ အပေါ်ပိုင်းတွင်ရှိသော ဘိန်း မုန့်နှင့်တူသော အင်္ဂါတစ်ခု ဖြစ်ပါသည်။ သန္ဓေသားအား အောက်ဆီဂျင်နှင့် အာဟာရများ ကျွေးမွေးရန်နှင့် ကလေး ငယ်၏ သွေးအတွင်းမှ အညစ်အကြေးပစ္စည်းများကို ဖယ် ရှားပစ်ရန် လုပ်ဆောင်ပေးပါသည်။

သားအိမ်ခေါင်းသည် သားအိမ်၏ အပေါက်ဖြစ်ပြီး မွေးလမ်းကြောင်းနှင့် ဆက် သွယ်ထားပါသည်။ အချင်းရှေ့ရောက်ခြင်း သည် အချင်းက သားအိမ်အောက်စွန်းမှ ကြီးထွားလာပြီး သားအိမ်ခေါင်း တစ်ခုလုံးကို ဖုံးအုပ်သွားသောကြောင့် ဖြစ်ပွားပါသည်။
ကိုယ်ဝန်ဆောင်ဆိုးကျိုးတစ်ခုဖြစ်ပြီး ကလေးမွေးဖွား ရာတွင် ခက်ခဲစေပါသည်။ ကိုယ်ဝန်ကို ညစ်ထုတ်ရန် ကန့် သတ်ထားပါသည်။ အချင်းရှေ့ရောက်ခြင်း ဖြစ်သော အမျိုးသမီး အများစုသည် သားအိမ်အားခွဲ၍ ကလေး မွေးဖွားခြင်း ကိုလိုအပ်ပါသည်။
အချင်းသည် သားအိမ်ခေါင်းကို အပြည့်ဖုံးအုပ်ထား ပါက လုံးဝ သို့မဟုတ် အပြည့် ရှေ့ရောက်ခြင်းဟု ခေါ်ပါ သည်။ သားအိမ်ခေါင်း၏ အစွန်းကိုသာ ဖုံးအုပ်ထားပါက အနားသတ် ရှေ့ရောက်ခြင်းဟု ခေါ်ပါသည်။ သားအိမ် ခေါင်း ၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖုံးအုပ်ထားပါက တစ်ပိုင်း တစ်စ ရှေ့ရောက်ခြင်းဟု ခေါ်ပါသည်။
အချင်းရှေ့ရောက်ခြင်းသည် ကိုယ်ဝန်နောက်ဆုံး သုံးလ ရှိ ကိုယ်ဝန်ပေါင်း ၂၀၀ တွင် ၁ဦး ဖြစ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
အချင်းရှေ့ရောက်ခြင်းသည် ကိုယ်ဝန်အစောပိုင်းတွင် တွေ့ရှိရပါက စိုးရိမ်ပူပန်စရာ မလိုပါ။ သို့သော်လည်း ကိုယ် ဝန်နောက်ပိုင်းတွင် ဆက်လက်ရှိနေပါက မွေးလမ်းကြောင်း မှ နာကျင်ခြင်းမရှိဘဲ ရုတ်တရက် သွေးထွက်ခြင်း ဖြစ်နိုင် ပါသည်။
သွေးထွက်ခြင်းသည် အလိုလို ရပ်တန့်သွားနိုင်ပြီး ရက်အနည်းငယ် သီတင်းပတ်အနည်းငယ်တွင် ပြန်လည် ဖြစ်ပွားနိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် သွေးထွက်ခြင်း သည် အန္တရာယ်များပါသည်။ အခြား ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး လမစေ့ဘဲမွေးခြင်းကို ဖြစ်စေနိုင် သောကြောင့် ဖြစ်ပါသည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်းသည် သင်၏အခြေအနေ ကောင်းမွန် ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အချင်းသည် သန္ဓေသားက သားအိမ်တွင် တွယ်သော နေရာတွင် ကြီးပွားလာပါသည်။ သန္ဓေသားသည် သားအိမ် ၏ အောက်ပိုင်းတွင် တွယ်ပါက အချင်းသည် သားအိမ် ခေါင်း အပေါ် သို့မဟုတ် အနီးမှ ကြီးပွားလာပါလာကာ အချင်းရှေ့ရောက်ခြင်းကို ဖြစ်စေပါသည်။
အချင်းရှေ့ရောက်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိ ပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် Ultrasound test ဖြင့် အချင်းရှေ့ရောက် ခြင်းကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။ ပုံမှန် ကိုယ်ဝန် စစ်ဆေးခြင်း တွင် ကလေးငယ်၏ ကျန်းမာရေးနှင့် မိခင်၏ အချင်းနေရာကို စစ်ဆေးရပါသည်။
တစ်ခါတစ်ရံတွင် MRI (Magnetic resonance imaging) ကိုအသုံးပြု၍ အချင်းတည်နေရာကို သတ်မှတ် ပိုင်းခြားနိုင်ပါသည်။ သို့သော်ထိုနည်းမှာ အသုံးနည်း ပါသည်။
အချင်းရှေ့ရောက်ခြင်းကို အဖြေရှာအတည်ပြုပြီး သောအခါ လူနာသည် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို လျော့ချရန်လိုပါသည်။ အိပ်ယာပေါ်တွင် အနားယူ၍ တင်ပဆုံးအား အနားပေးပါ။
တင်ပဆုံ အား အနားပေးခြင်း ဆိုသည်မှာ ကျန်ရှိသော ကိုယ်ဝန်ကာလတွင် ကာမ ဆက်ဆံခြင်း သို့မဟုတ် မွေးလမ်းကြောင်းစစ်ဆေးခြင်းတို့ မပြုလုပ်ရန်ဖြစ်သည်။ ပြင်းထန်သော လေ့ကျင့်ခန်း လုပ်ခြင်း နှင့် အားကြိုးမာန်တက် လှုပ်ရှားမှုများလုပ်ခြင်း ကို ရှောင်ကြဉ်ပါ။
ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သင်နှင့်သင့်ရင် သွေးကို အနီးကပ်စောင့်ကြည့်ရန်အတွက် ဆေးရုံတက်ရန် လိုအပ်ပါသည်။ အခြား ခံယူနိုင်သောကုသမှုများမှာ-
မွေးဖွားချိန်ရောက်ပါက သားအိမ်အားခွဲရန် မွေးဖွားခြင်း လိုအပ်နိုင်ပါသည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အချင်းရှေ့ရောက်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အချင်းရှေ့ရောက်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။