brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အလက်ဂျီ ဖြစ်တာက ဘေဘီလေးကိုပါ ကူးစက်နိုင်သတဲ့။

ဓာတ်မတည့်တာ က အတော်လေး ခံရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ ဒီ အလက်ဂျီ ပြဿနာက အရွယ်ရောက်မှ ဖြစ်တာလား။ မွေးရာပါ တတ်လား ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားမယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အလက်ဂျီ ဖြစ်တာက ဘေဘီလေးကိုပါ ကူးစက်နိုင်သတဲ့။

လေ့လာမှု အသစ်ရဲ့ တွေ့ရှိချက်

လေ့လာမှုတွေ အရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာကို ခံစားရမယ် ဆိုရင် မွေးလာမယ့် ဘေဘီလေး မှာလည်း ဓာတ်မတည့်မှု ခံစားရနိုင်ခြေ ရှိပါတယ် လို့ Agency for Science, Technology and Research က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မေမေ့ဆီကနေ ဘေဘီလေးဆီကို အလက်ဂျီ ကူးစက်နိုင်ပါတယ်။

လေ့လာမှု အရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာ တစ်ခုခုကို ခံစားရတဲ့အခါ ခန္ဓာကိုယ်က immunoglobulin E (IgE) လို့ ခေါ်တဲ့ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။

ဒီ IgE တွေက အချင်း ကနေတဆင့် ဘေဘီလေးဆီကို ရောက်သွားတဲ့အခါ ဘေဘီလေး ဆီမှာရှိတဲ့ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ ကိုယ်ခံအားဆဲလ်တွေကို သွားပေါင်း ပါတယ်။ ဒီ ဆဲလ်တွေကို Mast cell တွေလို့ ခေါ်ပြီး နှာစေးတာ၊ ပန်းနာရင်ကျပ်လို ဓာတ်မတည့် လက္ခဏာတွေ ခံစားရတဲ့အခါ အလုပ်လုပ်တဲ့ ဆဲလ်တွေပါ။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာ တစ်ခုခုနဲ့ ထိတွေ့မိမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ အဆိုပါ ဓာတ်မတည့်မှု လက္ခဏာကို ခံစားရနိုင်ပါတယ်။ ထူးခြားတာက သာမန်လူတွေမှာ ဓာတ်မတည့်မှု လက္ခဏာတွေက ၂ ကြိမ်မြောက် ထိတွေ့မှု ဖြစ်မှ ပေါ်လာတာ ဖြစ်ပေမယ့် ဒီလို ကလေးတွေကတော့ ပထမအကြိမ် ထိတွေ့မှုမှာတင် လက္ခဏာ ခံစားရတတ်ပါတယ်။

ကြွက်တွေမှာ စမ်းသပ်ချက် အရတော့ ဒီလို ဓာတ်မတည့်တာက ကြာကြာ မခံတာကို တွေ့ရပါတယ်။ ကြွက်သားပေါက်လေးတွေမှာ ဓာတ်မတည့် တုံ့ပြန်မှုတွေက ၄ပတ်လောက်မှာ နည်းသွားပြီး ၆ ပတ်လောက်ဆို နည်းသွားပါပြီ။ လူတွေမှာတော့ စမ်းသပ်ဖို့ လိုပါသေးတယ်။

ဒါပေမယ့် စိတ်ချရအောင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် အနေနဲ့ ဓာတ်မတည့် ဖြစ်စေတဲ့ ပစ္စည်းတွေ ရှိနေရင် ဝေးဝေး ရှောင်တာ မမှားပါဘူး။

ဓာတ်မတည့်မှုမှန်း ဘယ်လို သိနိုင်မလဲ……….

ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ခန္ဓာကိုယ်က histamine နဲ့ leukotrienes အပါအဝင် ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီ ဓာတုပစ္စည်းတွေက အရေပြားကို ထိခိုက်စေသလို၊ အသက်ရှူလမ်းကြောင်းစနစ်၊ အစာခြေစနစ် နဲ့ အခြားသော အရာတွေကို ထိခိုက်စေနိုင်ပါတယ်။

    ဓာတ်မတည့်မှု အမျိုးအစားကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။

    ဓာတ်မတည့်မှုက မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံးမို့ မေမေတို့အနေနဲ့ ဘေဘီလေးကို ဓာတ်မတည့်မှု ကင်းစေချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

    Dr. Phyo Wai Lynn
    Dr. Phyo Wai Lynn
    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
    Written by Aye Thi Mon · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။