စပျစ်သီးကိုယ်ဝန် သို့မဟုတ် hydatidiform mole ဆိုသည်မှာ သားအိမ်တွင်ဖြစ်ပေါ်လာသော ကင်ဆာမဟုတ် သော အကျိတ်တစ်ခု ဖြစ်သည်။ မျိုးအောင်သော ဥသည် ပုံမှန် အားဖြင့် သန္ဓေသားဖြစ်လာရမည့်အစား သားအိမ်တွင် ပုံမှန် မဟုတ်သော အိတ်ဖြစ်လာသည်။ ၎င်းသည် သန္ဓေသား မဟုတ်သော်လည်း ကိုယ်ဝန်ဆောင်ခြင်း၏ လက္ခဏာများကို ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် သေစေနိုင်ပြီး အချိန်မီ ကုသမှု လိုအပ်သည်။
စပျစ်သီးကိုယ်ဝန် ဖြစ်နိုင်မှုသည် နေထိုင်ရာနေရာနှင့် လူမျိုးအပေါ်မူတည်ပြီး ကွဲပြားသည်။ အမေရိကန် ပြည်ထောင် စုတွင် ကိုယ်ဝန် ၁၂၀၀ တွင် ၁ယောက် ဖြစ်နိုင်သည်ဟု သတ်မှတ်ထားသည်။ အမျိုးသမီးကိုယ်ဝန်ဆောင် အသက်၏ အစွန်းများတွင် ဖြစ်နိုင်ချေ မြင့်သည်။ ထို့ကြောင့် ဆယ်ကျော် သက် အစောပိုင်းနှင့် သွေးဆုံးခါနီးကိုယ်ဝန် များသည် ဖြစ်နိုင် ချေ အများဆုံးဖြစ်သည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
စပျစ်သီးကိုယ်ဝန်၏ အဖြစ်များသော ရောဂါလက္ခဏာများ မှာ
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။
အောက်ပါတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ဆက်သွယ်သင့် သည်။
စပျစ်သီးကိုယ်ဝန်သည် သန္ဓေသားဖြစ်ရမည့်အစား hydatidiform mole ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် မျိုးအောင်ဥကြောင့် ဖြစ်သည်။ စပျစ်သီးကိုယ်ဝန် အမျိုးအစား ၂မျိုးရှိသည်။ အပြည့်နှင့် တစ်ဝက်ဖြစ်သည်။
စပျစ်သီးကိုယ်ဝန် ဖြစ်နိုင်ချေကို မြင့်စေသော အချက်များ စွာ ရှိပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် အောက်ပါတို့ဖြင့် စပျစ်သီးကိုယ်ဝန်ကို အတည်ပြုနိုင်သည်။
စပျစ်သီးကိုယ်ဝန်ကို လုံးဝဖယ်ရှားပစ်ရန် လိုအပ်သည်။ ပထမဆုံး vacuum device ဖြင့် သားအိမ်ခြစ်ခြင်း ပြုလုပ်ရ မည်။
စပျစ်သီးတစ်ရှူးများသည် ပျံ့နှံ့နေပြီး နောက်ထပ် ကိုယ်ဝန် ယူရန် စိတ်ကူးမရှိပါက သားအိမ်အား ဖယ်ရှားခြင်းကို ပြုလုပ် သင့်သည်။ ခွဲစိတ်ပြီးနောက် စပျစ်သီးကိုယ်ဝန် အပြည့် ဖယ်ရှားပြီးသလား သိစေရန် သွေးတွင်း human chorionic gonadotropin ပမာဏကို တိုင်းတာသည်။ နောက်ဆက်တွဲ စောင့်ကြည့်မှုကို ၆လမှ တစ်နှစ်အထိ ပြုလုပ်ပါ။ နောက်တစ် ဖန် ကိုယ်ဝန်ယူရန် စီစဉ်ပါက မယူမီ ဆရာဝန်နှင့် သေချာ တိုင်ပင် ဆွေးနွေးပါ။
စပျစ်သီးကိုယ်ဝန် ရဖူးပါက နောက်တစ်ခါ ကိုယ်ဝန် ထပ်မယူမီ ဆရာဝန် သို့မဟုတ် ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်သူနှင့် တိုင်ပင်ပါ။ သူတို့သည် ကိုယ်ဝန်ထပ်မယူ မီ ၆လမှ တစ်နှစ်အထိ စောင့်ရန် အကြံပြုနိုင်သည်။
နောက်ကျသော ကိုယ်ဝန်များတွင် ကျန်းမာရေး စောင့်ရှောက်သူသည် သင့်အခြေအနေကို စောင့်ကြည့်ရန် ultrasound စောစောရိုက်နိုင်သည်။ ပုံမှန်ဖွံဖြိုးမှု ရရန် ကြိုးစားလိမ့်မည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ