brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့

ကိုယ်ဝန်ဆောင် တယ်ဆိုတာက လေဒီတိုင်းအတွက် အစွန့်စားရဆုံးအချိန်ပါ။ ဒီကာလမှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေအများကြီးဖြစ်သလို ခံစားရတဲ့ ဝေဒနာတွေကလည်း အမျိုးမျိုးပါ။ ဒီပြဿနာတွေထဲကမှ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခေါင်းကိုက်တဲ့အကြောင်းလေး နဲ့ပတ်သက်ပြီး ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့

ကိုယ်ဝန်ဆောင်မေမေ ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ခံစားရတာ ကိုယ်တစ်ယောက်တည်းများလားလို့ မတွေးပါနဲ့။ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တော်တော်များများ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားကြရတာပါ။ ကိုယ်ဝန်ဆောင်ကာလက အခြားကာလတွေထက်ပိုပြီး ခေါင်းကိုက်နိုင်ခြေများပါတယ်။ ဒါပေမယ့် အန္တရာယ်များလားဆိုတော့ မများပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်တာအပြင် အခြားနာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဘာကြောင့် ခေါင်းကိုက်တာလဲ……..

ကိုယ်ဝန်ဆောင်မေမေတွေ ခေါင်းကိုက်ဝေဒနာခံစားရတာက

ကိုယ်ဝန်ဆောင်မေမေကို ခေါင်းကိုက်စေတဲ့ အစားအစာတွေက ဘာတွေလဲ……….

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ

ဒါတွေအပြင်

  • အရမ်းစူးတဲ့ အလင်းရောင်
  • ကျယ်လောင်တဲ့ အသံတွေ
  • လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ
  • ကွန်ပျူတာ၊ ဖုန်း နဲ့ စခရင်မ်တွေက အလင်းရောင်တွေကလည်း ကိုယ်ဝန်ဆောင်လေဒီလေးတွေကို ခေါင်းကိုက်စေနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ……….

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်မယ်ဆိုရင် ပုံမှန်အချိန်တွေလို ဆေးသောက်ဖို့ကလည်း မလွယ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ခေါင်းကိုက်လာပြီဆိုရင်

  • အိပ်ရေးဝဝအိပ်ပါ
  • သက်သောင့်သက်သာနားနေပါ
  • အလုပ်တွေ အရမ်းမလုပ်ပါနဲ့ (အိမ်အလုပ်ကအစပေါ့)
  • ကိုယ်ဝန်ဆောင်ယောဂလိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပေးပါ
  • လမ်းလျှောက်ပေးပါ
  • ကိုယ်နေဟန်ထား မှန်မှန်နေပါ
  • အစားအချိန်မှန်စားပါ
  • အာဟာရပြည့်ဝအောင် စားပါ
  • မျက်လုံး နဲ့ နှာခေါင်းတဝိုက်ကို ရေနွေးဝတ်လေးကပ်ပေးပါ
  • ဇက်ကြောနေရာကို ရေအေးဝတ်လေး ကပ်ပေးပါ
  • ရေနွေးအိတ်ကပ်ပေးပါ
  • နောက်ကျော နဲ့ ပခုံးကို နှိပ်နယ်ပေးပါ
  • ရေနွေးနွေးလေးချိုးပေးပါ။

ဒီလိုလုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေခံစားရတဲ့ ခေါင်းကိုက်တာကို သက်သာစေမှာပါ။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြသမလဲ……….

အခုပြောခဲ့တဲ့အတိုင်းလုပ်တယ်။ ဒါပေမယ့် ခေါင်းကိုက်တာက မသက်သာဘူး။ ခေါင်းကိုက်တာနဲ့အတူ

  • သွေးပေါင်ချိန်တက်မယ်
  • ကျောက်ကပ်ပြဿနာရှိမယ်
  • ခေါင်းကိုက်တာနဲ့အတူ နံရိုးအောက်ဘက်ကနာမယ်
  • ရင်ပူမယ်
  • မျက်နှာတွေရောင်မယ်
  • ခြေလက်တွေရောင်မယ်
  • အမြင်အာရုံပြဿနာတစ်ခုခုခံစားရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။