brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ပျက်ကျ စေနိုင်တဲ့ အကြောင်းအရင်းများ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မိခင်တိုင်းအတွက် စိတ်ထိခိုက်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဆင်ခြင်လို့ရအောင် မေမေတို့ကို ကိုယ်ဝန်ပျက်ကျ စေနိုင်တဲ့ အကြောင်းအရင်းတွေကဘာလဲဆိုတာ ပြောပြပေးပါရစေ။

ကိုယ်ဝန်ပျက်ကျ စေနိုင်တဲ့ အကြောင်းအရင်းများ

ကိုယ်ဝန်ပျက်ကျရင် ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ………..

ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံးက ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်လောက်မှာပါ။ ကိုယ်ဝန်ပျက်ကျ တဲ့အခါ

  • သွေးဆင်းတာ
  • ဗိုက်အောင့်တာ
  • ဆီးစပ်နားက ကိုက်ခဲတာ
  • မိန်းမကိုယ်ကနေ အရည်တွေဆင်းတာ မျိုးဖြစ်နိုင်ပါတယ်။
  • ဘာတွေကများ ကိုယ်ဝန်ပျက်ကျစေတာလဲ………….

    ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။

    အကြောင်းအရင်း (၁) – ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပုံမှန် မဟုတ်ခြင်း

    ကိုယ်ဝန်ပထမ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းက ဘေဘီလေးရဲ့ ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အနေအထားပါ။ ဒီခရိုမိုဇုန်းလို့ ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေက ဘေဘီလေးရဲ့ ဆံပင် နဲ့ မျက်လုံးအရောင်တွေကို အခြားသူတွေနဲ့မတူအောင် သတ်မှတ်ပေးတာပါ။ ခရိုမိုဇုန်းအရေအတွက်မှားယွင်းမှုက ဘေဘီလေးရဲ့ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျတာကိုဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့နည်းလမ်းလည်း မရှိပါဘူး။ နောက်တစ်ချက်က မေမေက အသက်ကြီးနေမယ် (အထူးသဖြင့်အသက် ၃၅ နှစ်နဲ့အထက်) ဖြစ်နေမယ်ဆိုရင် ခရိုမိုဇုန်းပြဿနာ​ကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပိုများပါတယ်။

    အကြောင်းအရင်း (၂) – ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်

    ကိုယ်ဝန်ဆောင်ဒုတိယ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေတဲ့ အဓိကအကြောင်းအရင်းက မေမေ့မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာပါ။ ဒီကာလမှာ မေမေအနေနဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကြုံမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပိုများသွားပါပြီ။

    ဒီကာလမှာ မေမေက ဂျာမန်ဝက်သက်ဖြစ်မယ်။ ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည်ရောဂါတစ်ခုခုကို ခံစားနေရမယ်။ သိုင်းရွိုက်ပြဿနာ ရှိနေမယ်။ ခုခံအားပြဿနာရှိနေမယ်။ သားအိမ်ခေါင်းကျယ်တာ၊ သားအိမ်အလုံးတည်တာ၊ ရေအိတ်တည်တာ လိုမျိုးရောဂါတွေရှိနေမယ်ဆိုရင်လည်း ဘေဘီလေးပျက်ကျတာဖြစ်နိုင်ပါတယ်။

    အကြောင်းအရင်း (၃) – ဘဝနေထိုင်မှုပုံစံ

    မေမေရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံကလည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ မေမေ့အနေနဲ့ အခုလိုမျိုးအလေ့အထတွေရှိနေမယ်ဆိုရင် ဗိုက်ထဲက ဘေဘီလေးကို ပျက်ကျစေနိုင်ပါတယ်။

    တဆင့်ခံဆေးလိပ်ငွေ့တွေ၊ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာပါတဲ့ ပိုးသတ်ဆေးတွေကြောင့်လည်း ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

    ခဲဆိပ်သင့်တာ၊ ပြဒါးအဆိပ်သင့်တာ၊ အိမ်သုတ်ဆေးတွေ။ အစွန်းချွတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး နဲ့ အာဆင်းနစ်ဓာတ်တွေကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

    အကြောင်းအရင်း (၅) – ကိုယ်အလေးချိန် 

    ကိုယ်ဝန်ဆောင်မေမေက ကိုယ်ဝန်ဆောင်နေချိန်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာတွေကလည်း ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းထဲကတစ်ခုပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် အရင်ဆုံးလုပ်သင့်တဲ့ အချက်တစ်ခု ကပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ပါ။

    ဘယ်လိုကာကွယ်မလဲ………..

    ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်ဖို့ နည်းလမ်းအတိအကျမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလဖြစ်အောင် လိုက်နာလို့ရတဲ့ အချက်လေးတွေတော့ရှိပါတယ်။

    • ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ ဆရာဝန်နဲ့ သေချာပြပါ။
    • ဆေးခန်းပုံမှန်သွားပြီး လိုအပ်တဲ့ ကုသစောင့်ရှောက်မှု ခံယူပါ။ ဒီလိုလုပ်တာက မေမေရော ဘေဘီလေးကိုပါကျန်းမာစေမှာပါ။
    • ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ ဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲပြင်ဆင်ပါ။
    • ဘယ်အချက်တွေကို ဆင်ခြင်ရမလဲဆိုတာ ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။
    • ကိုယ်ဝန်ပျက်ကျဖူးတယ်ဆိုရင် ဆရာဝန်ကို သေချာပြာပြပါ။
    • အာဟာရပြည့်ဝအောင်စားပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • သက်သောင့်သက်သာနေပါ။
    • ကိုယ်ဝန်ဆောင်ဖြည့်စွက်အာဟာရတွေ မှီဝဲလို့ရပါတယ်။

    ဒီအချက်တွေကို သေချာလေး ဂရုစိုက်လို့ ကိုယ်တိုင်ကိုရော ဘေဘီလေးကိုပါ စောင့်ရှောက်လိုက်ပါ မေမေတို့ရေ………………

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/05/2022 ဖြစ်ပါသည်။