Ectopic Pregnancy (သားအိမ်ပြင်ပသန္ဓေတည်ခြင်း) အကြောင်း လေ့လာရအောင်။
Ectopic Pregnancy (သားအိမ်ပြင်ပသန္ဓေတည်ခြင်း) အကြောင်း လေ့လာရအောင်။

အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ရှိလာတဲ့အခါ မျိုးအောင်ခြင်းက သားဥပြွန်မှာ ဖြစ်ပေါ်ပြီး သားအိမ်ဆီကို ရွေ့လျားသွားပါတယ်။ သားအိမ်နံရံမှာ သူကိုယ်တိုင်တွယ်ကပ်ပြီးနောက် သန္ဓေသားငယ် ဖြစ်လာပါတယ်။
ဒါပေမယ့် မျိုးအောင်ပြီး သားဥက သားအိမ်ကို ဆင်းသွားရမယ့်အစား သားဥပြွန်မှာ တွယ်ကပ်ပြီး ကြီးထွားတဲ့ အခြေအနေများလည်း ရှိပါတယ်။ ဒီအခြေအနေကို သားအိမ်ပြင်ပ သန္ဓေတည်ခြင်းလို့ ခေါ်ပါတယ်။
ဒီအခြေအနေက အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး ကိုယ်ဝန်ရဲ့ ပထမပတ်အတောအတွင်းတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေ အများစုမှာ ကလေးကို ဆက်ထိန်းသိမ်းထားဖို့ မလွယ်ကူတော့ပါဘူး။ ဆိုလိုတာက ကိုယ်ဝန်ပျက်ဖို့ များပါတယ်။
ဒီရောဂါက ပျမ်းမျှအားဖြင့် အလွန်အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအယောက် ၅၀မှာ ၁ယောက်နှုန်း ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီတဲ့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိကြသေးပါဘူး။ ဒါပေမယ့် အချို့အချက်တွေက သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေနိုင်ပါတယ်။
သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။
သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဟုတ်၊ မဟုတ် အဖြေရှာ အတည်ပြုရန် အောက်ပါတို့ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။
ဒီလို စမ်းသပ်ပြီး သားဥပြွန်အတွင်းက အလုံး သို့မဟုတ် ကြီးထွားမှု တစ်ခုခုကို စစ်ဆေးအတည်ပြုပါလိမ့်မယ်။
သင့်သားအိမ်ရဲ့ အရွယ်အစားကိုလည်း စမ်းသပ်နိုင်ပါတယ်။ ပုံမှန် ကိုယ်ဝန်တစ်ခုမှာ သားအိမ်ရဲ့ အရွယ်အစားဟာ ကြီးလာပါလိမ့်မယ်။ နေရာမမှန် မူမမှန် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း မှာတော့ ဒီလိုမဟုတ်ပါဘူး။
အာထရာစောင်း ရိုက်ပြီး သားအိမ်နဲ့ သားဥပြွန်ရဲ့ အခြေအနေကို သိနိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာ သင့်ကိုယ်ဝန်က ဘယ်မှာသွားသန္ဓေတည်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။
ပုံမှန်ကိုယ်ဝန်ဆောင်ခြင်းမှာ HCG ဆိုတဲ့ ဟော်မုန်းက တစ်နေ့တခြား တက်နေလေ့ရှိပါတယ်။ သားအိမ်ပြင်ပမှာ သန္ဓေတည်ရင်တော့ ဟော်မုန်းပမာဏ ကျသွားတာ၊ ဆက်တက်မလားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
နေရာမမှန် သန္ဓေတည်ခြင်းကို သင့်ကိုယ်ဝန် ဘယ်နှစ်ပတ်မှာ အစောဆုံး တွေ့ရသလဲဆိုတာနဲ့ သင့်ရဲ့အခြေအနေ အားလုံးပေါ် မူတည်ပြီး ကုသနိုင်ပါတယ်။ တကယ်လို့ နေရာမမှန် သန္ဓေတည်ခြင်းကို စောစောတွေ့ရှိရပြီး သားဥပြွန်မပေါက်သေးဘူးဆိုရင် ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကုသမှုများစွာရှိနိုင်ပါတယ်။ ၎င်းတို့ကတော့
ဆေးသောက်ခြင်း
လတ်တလောမှာ သားဥပြွန်ပေါက်နိုင်ခြေလည်း နည်းတယ်။ လူနာလည်း အန္တရာယ်ကင်းပြီး စောင့်ကြည့်လို့ရတဲ့ အနေအထားဆိုရင် Methotrexate လိုမျိုး ကိုယ်ဝန်ဆောင်တစ်ရှူးကြီးထွားမှုရပ်စေသော ဆေးများသောက်သုံးနိုင်ပါတယ်။ အားသာချက်က ခွဲစိတ်စရာမလို၊ သားဥပြွန်ဖယ်စရာ မလိုတာပဲ ဖြစ်ပါတယ်။
ခွဲစိတ်ခြင်း
သားဥပြွန်ပေါက်နိုင်ခြေရှိတယ်ဆိုရင်တော့ ဝမ်းဗိုက်ကနေ အပေါက်ဖောက်ပြီး သန္ဓေသားကို ဖယ်ထုတ်ကာ ခွဲစိတ်ကုသမှု ခံယူရပါမယ်။ သားအိမ်ပြွန်မှာ အသေးစားခွဲစိတ်မှု ပြုလုပ်ပြီး သင့်ရဲ့သားအိမ်ပြွန် ကျန်းမာလာအောင် ပြန်လုပ်ဆောင်နိုင်ပါတယ်။
တကယ်လို့ သန္ဓေသားက ကြီးထွားလာပြီး သားအိမ်ပြွန်ပေါက်ကွဲလာပြီဆိုရင် သွေးတိတ်စေဖို့အတွက် အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ သားဥပြွန်နဲ့ မျိုးဥအိမ်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်လာပြီဆိုရင်တော့ ၎င်းတို့ကို ဖယ်ရှားဖို့ရာအတွက် ခွဲစိတ်ရန် လိုအပ်လာနိုင်ပါတယ်။
ရေးသားသူ- Dr Khin Yin Kyay