backup og meta

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှု

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ကဘာလဲ။

Cholestasis လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းလတွေမှာဖြစ်တတ်ပြီး လက်တွေ၊ ခြေထောက်တွေနဲ့ တခြားနေရာတွေမှာ အလွန်အမင်းယားယံခြင်းကိုဖြစ်စေတယ်။

နေရထိုင်ရခက်စေပေမယ့် မိခင်တစ်ယောက်အတွက် သိသာတဲ့ဘေးဖြစ်စေခြင်းမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးနေတဲ့ရင်သွေးငယ်လေးကိုတော့ ထိခိုက်ကောင်းထိခိုက်နိုင်ပါတယ်။ ဒါကြောင့် များသောအားဖြင့် ဆရာဝန်တွေက စောစောမွေးခိုင်းတတ်တယ်။

Cholestasis ဆိုတာ အသည်းကနေထုတ်ပေးတဲ့ အစာခြေရာမှာသုံးသော အရည်တစ်မျိုးစီးဆင်းမှု ယိုယွင်းခြင်းဖြစ်တယ်။ ကိုယ်ဝန်ဆောင်ခြင်းက အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ တခြားနာမည်တွေကတော့ obstetric cholestasis ၊ intrahepatic cholestasis လို့ခေါ်တတ်ကြတယ်။

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) က ဘယ်လောက်အဖြစ်များသလဲ

Cincinnati ကလေးဆေးရုံကဆေးကုသမှုစင်တာအရတော့ ကိုယ်ဝန်ဆောင် ၁၀၀၀ မှာ တစ်ယောက်ဖြစ်တယ်လို့ဆိုပြီး ဆွီဒင်နိုင်ငံသားတွေနဲ့ ချီလီနိုင်ငံသားတွေမှာ ပိုအဖြစ်များတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ –

  • ယားယံခြင်း၊ အထူးသဖြင့် လက်၊ ခြေထောက်
  • ဆီးအရောင်ရင့်ခြင်း၊ မည်းညစ်ခြင်း
  • သည်းခြေကျောက်မရှိဘဲ ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းတွင် နာကျင်ခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း
  • နုန်းခြင်း၊ နွမ်းနယ်ခြင်း
  • အစားသောက်ပျက်ခြင်း
  • စိတ်ဓါတ်ကျခြင်း

တခြားအဖြစ်နည်းတဲ့လက္ခဏာတွေကတော့-

  • အသားဝါခြင်း
  • ဝမ်းဗိုက်ညဘက်အပေါ်ပိုငးနာခြင်း
  • ပျို့ခြင်း

တခြားလက္ခဏာတွေလည်းရှိနေနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကတော့မသေချာပါဘူး။ မျိုးရိုးနဲ့ ဗီဇကြောင့်ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟောမုန်းတွေက အသည်းကနေထုတ်တဲ့ အစာခြေရည်စီးဆင်းမှုကို ထိခိုက်စေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ ထိုအရည်တွေအသည်းမှာပုံလာတဲ့အခါမှာ သွေးတွင်းကိုစီးသွားပြီး တစ်သျူးတွေမှာစုပုံကာ ယားယံခြင်းကိုဖြစ်စေပါတယ်။

ဖြစ်နိုင်ခြေများ

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • မိသားစုတွင်းရောဂါရာဇဝင်ရှိခြင်း
  • အသည်းရောဂါရှိခြင်း
  • အမွှာကိုယ်ဝန်ဆောင်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်းအားဖြင့် အသည်းလုပ်ဆောင်ချက်၊ bile acid ပမာဏ၊ bilirubin ပမာဏတို့ကို စစ်ဆေးပြီး ရောဂါသတ်မှတ်ပါလိမ့်မယ်။

မိခင်နဲ့ကလေးဆေးကုသမှုအဖွဲ့အစည်းက TBA ဆိုတဲ့ bile acid စုစုပေါင်း သို့ သွေးတွင်း bile acid ၁၀ micromol/L နဲ့အထက်ရှိမယ်ဆိုရင် intrahepatic cholestasis လို့သတ်မှတ်ပါတယ်။

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုရဲ့ဦးတည်ချက်ကတော့ ယားယံခြင်းကို သက်သာစေဖို့ဖြစ်တယ်။ ဆေးတစ်ခုခုမသောက်ခင်မှာတော့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ကုသမှုတချို့ကတော့ –

  • ယားယံခြင်းအတွက်လိမ်းဆေး သို့ corticosteroid များ
  • Bile acid နည်းစေသည့် ursodeoxycholic acid ကဲ့သို့ဆေးများ
  • ရေအေးအေးနှင့်ရေချိုးခြင်း – သွေးလည်ပတ်မှုကိုနှေးစေပါတယ်။
  • Dexamethasone – ကလေးအဆုတ်ဖွံ့ဖြိုးခြင်းကိုအားပေးသည့် steroid တစ်မျိုး
  • Vitamin-K ဓါတ်ဖြည့်ဆေးများ – ကလေးမီးမဖွားခင် နဲ့ မီးဖွားပြီးစမှာ ဦးခေါင်းတွင်းသွေးယိုခြင်းကို ကာကွယ်ဖို့သုံးပါတယ်။
  • Dandelion ခေါ် ဒုဓလီအမြစ်နှင့် milk thistle ပင်တွေဟာ အသည်းကောင်းစေတဲ့ သဘာဝပစ္စည်းတွေဖြစ်တယ်။ (မမှီဝဲခင်မှာတော့ ကျန်းမာရေးတတ်ကျွမ်းသူနဲ့ အရင်တိုင်ပင်ပါ)
  • သန္ဓြေသားနှလုံးခုန်ခြင်းနှင့် သားအိမ်ကျုံ့မှုပုံမှန်စစ်ဆေးခြင်း
  • သွေးတွင်း bile acid နဲ့ အသည်းလုပ်ဆောင်ချက်အတွက် ပုံမှန်သွေးစစ်ခြင်း

ကုသမှုတွေကိုဆရာဝန်ကအောက်ပါအချက်တွေနဲ့ ညှိပြီးဆုံးဖြတ်ပါလိမ့်မယ်-

  • သင့်ကိုယ်ဝန်အခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ ရောဂါရာဇဝင်။
  • ရောဂါပြင်းထန်မှု
  • ဆေးများအပေါ်ခံနိုင်ရည်ရှိမှု
  • ရောဂါအခြေအနေ
  • သင့်ဆန္ဒ

မသုံးသင့်တဲ့ကုသမှုတွေကတော့-

  • Antihistamines
  • Aveeno and Oatmeal Bath

Cholestyramine လို့ခေါ်တဲ့ဆေးတစ်မျိုးနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲလွဲပါတယ်။ အရင်တုန်းက ထိုဆေးကို cholestasis အတွက်သုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ တခြားကုသမှုတွေလောက် အာနိသင်မရှိခြင်း၊ ဘေးထွက်ဆိုးကျိုးများရှိခြင်း( Cholestasis ရှိသော ကိုယ်ဝန်သည်များတွင် နည်းနေသော ဗီတာမင်-ကေ ပိုနည်းစေခြင်းကဲ့သို့) တွေရှိတယ်လို့ လေ့လာမှုတချို့က ပြထားပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

  • ရေနွေးနွေးနဲ့ချိုးခြင်းက ယားယံခြင်းကိုသက်သာစေနိုင်ပါတယ်။
  • တချို့သောယားယံသည့်နေရာများကို ရေခဲကပ်ခြင်းကလည်း ယားယံခြင်းသက်သာစေနိုင်ပါတယ်။

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Cholestasis of pregnancy. http://www.mayoclinic.org/diseases-conditions/cholestasis-of-pregnancy/basics/definition/con-20032985. Accessed August 3, 2017.
Cholestasis Of Pregnancy. http://americanpregnancy.org/pregnancy-complications/cholestasis-of-pregnancy/. Accessed August 3, 2017.

ယခုပုံစံ

23/05/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ