ကိုယ်ဝန်ဖျက်ချခြင်းကို ဆေးဝါး (သို့) ခွဲစိတ်ခြင်းဖြင့် အမျိုးသမီးရဲ့ သားအိမ်အတွင်းမှ သန္ဓေသားကို လမစေ့ခင် ထုတ်ပြီး ကိုယ်ဝန်သည်ဘဝကို အဆုံးသတ်စေခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ရရှိနိုင်တာမို့ သေချာစဉ်းစားသင့်သော လုပ်ရပ်တစ်ခုဖြစ်သည်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်မပြုပါ။)
ကိုယ်ဝန်ဖျက်ချခြင်း ရဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အန္တရာယ်များ
ကိုယ်ဝန်ဖျက်ချပြီး ပထမ ၂-၄ ပတ်အတွင်းမှာ အမျိုးသမီးဟာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
မိန်းမကိုယ်မှ သွေးဆင်းခြင်း ပျို့အန်ခြင်း ဝမ်းလျှောခြင်း ဗိုက်နာခြင်း ဖျားခြင်း သွေးအုပ်စု ဓါတ်မတည့်ခြင်း (Rh sensitization) ရှားပါးပေမယ့် ပြင်းထန်တဲ့ ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။ သူတို့တွေဟာ ရေရှည် ဖြစ်ခြင်း (သို့) အမျိုးသမီးရဲ့ ကိုယ်ခန္ဓါကို တစ်သက်လုံးပျက်စီးစေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
- ပြင်းထန်သော ရောင်ရမ်းမှုမှတစ်ဆင့် သွေးဆိပ်သင့်ခြင်း နဲ့ ကလေးမရနိုင်တော့ခြင်း
- ဆက်တိုက် အလွန်အကျွံ သွေးဆင်းခြင်း
- သားအိမ်ခေါင်း ပျက်စီးခြင်း
- သွေးလွှတ်ကြောအတွင်း သွေးခဲ (သို့) လေပူပေါင်းပိတ်ဆို့ခြင်း
- သားအိမ်ပေါက်ခြင်း
- တက်ခြင်း
- သွားပျက်စီးခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ နှလုံးပျက်စီးခြင်း အစရှိတဲ့ ထုံဆေး၊ မေ့ဆေးရဲ့ ဆိုးကျိုးများ
- မကြာခဏ ကလေးဖျက်ချတတ်သူတွေမှာ နောက်ပိုင်းမှာ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်မှု ပိုမို ဖြစ်ပွားနိုင်ပါတယ်။
- ပြင်းထန်တဲ့အခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချခြင်း ရဲ့ အဓိက ဆိုးကျိုးတွေဟာ မိခင်သေနှုန်းကို မြင့်မားစေနိုင်ပါတယ်။
- ကိုယ်ဝန်ဖျက်ချခြင်းကို ကိုယ်ဝန်လရင့်မှ လုပ်လေလေ အမျိုးသမီးရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ များလာလေလေပဲဖြစ်ပါတယ်။ ပထမသုံးလပတ်မှာ ကိုယ်ဝန်ဖျက်ချသူတွေဟာ လရင့်မှ ကိုယ်ဝန်ဖျက်ချသူတွေနဲ့ ယှဉ်ရင် ဆိုးကျိုးဖြစ်ပွားနှုန်း တစ်ဝက်လျော့ကျနိုင်တာကို တွေ့ရပါတယ်။
ကိုယ်ဝန်ဖျက်ချခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ
ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် အမျိုးသမီးတစ်ယောက်ဟာ စိတ်သက်သာရာရခြင်း၊ စိတ်ကျခြင်း (သို့) သူလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရောထွေးနေတဲ့ ခံစားချက်တွေ ခံစားရခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လေ့လာမှုအတော်များများက ကိုယ်ဝန်ဖျက်ချလိုက်တဲ့သူတွေမှာ သူတို့ရဲ့ ရည်ရွယ်ချက်က ကလေးဖျက်ချဖို့သာဖြစ်ခဲ့ရင် မကောင်းတဲ့ ခံစားချက်တွေ ပိုခံစားရတတ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်ဖျက်ချခြင်းကြောင့်ဖြစ်တဲ့ မကောင်းတဲ့ ခံစားချက်တွေကတော့
- အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ ရှက်ခြင်း
- နောင်တရခြင်း
- စိတ်ရောဂါများ
- အိပ်မပျော်ခြင်း
- ဒေါသထွက်ခြင်း
- အစားအသောက်ပိုင်းဆိုင်ရာ ရောဂါများ
- ဆက်ဆံမှု ပြဿနာများ
- လိင်ပိုင်းဆိုင်ရာ ဆန္ဒနဲ့ သာယာမှု ပျောက်ဆုံးခြင်း
- မိမိကိုယ်ကို သတ်သေချင်သော အတွေးများ ပဲဖြစ်ပါတယ်။
အခြေအနေအတော်များများမှာ ကိုယ်ဝန်ဖျက်ချထားတဲ့အမျိုသမီးတွေဟာ သူတို့ရဲ့ နောင်တတွေကြောင့် နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အတော်များများကပဲ ပြီးခဲ့တဲ့ ပထမ ကိုယ်ဝန်ဖျက်ချခဲ့တုန်းက အကြောင်းရင်းတွေနဲ့ အလားတူကြောင့်ပဲ ဒီကိုယ်ဝန်ကိုလည်း ထပ်မံအဆုံးသတ်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။
သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်သက်သာရာရတဲ့ အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ဖျက်ချပြီး ဖြစ်တတ်တဲ့ စိတ်ခံစားချက်ဖော်ပြနိုင်စွမ်းကင်းမဲ့သော စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ကို ရင်ဆိုင်ရတတ်သည်။
ဘယ်သူတွေဟာ အခြားသူတွေနဲ့ ယှဉ်ရင် ဆိုးတဲ့ခံစားချက်တွေ ပိုဖြစ်လာနိုင်သလဲ။
- အသက် ၁၈ နှစ်အောက် (သို့) ပိုငယ်တဲ့ အမျိုးသမီးများ
- ဟိုးအရင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိဖူးသူများ
- ငွေကြေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ သူတို့ရဲ့ လိင်ဆက်ဆံဖက် သဘောမတူလို့ ကိုယ်ဝန်ဖျက်ချဖို့ အတင်းအဓမ္မလုပ်စေဖို့ စေခိုင်းခံရသူများ
- ဘာသာရေးအရ ဒီအပြုအမူကို ဆန့်ကျင်နေသူများ
- ကိုယ်ဝန်လရင့်မှ ဖျက်ချသူများ