ကိုယ်ဝန်မရခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ဖို့ဆိုတာ အရေးကြီး လုပ်သင့်တဲ့ အရာတစ်ခုပါ။
ကိုယ်ဝန်မရခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ဖို့ဆိုတာ အရေးကြီး လုပ်သင့်တဲ့ အရာတစ်ခုပါ။

ဆေးလိပ်သောက်ခြင်းက သင်နဲ့ သင့်ကလေးအတွက် ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
“ ကလေးပေါင်ချိန်မပြည့်တာ ဘာမှ ပြဿနာ မရှိဘူး၊ မွေးရတာ ပိုတောင် လွယ်သေးတယ် “
အချက်အလက်၊ ပေါင်ချိန်မပြည့်တဲ့ ကလေးကို မွေးရတာ ပိုလွယ်တယ်လို့ ဘာသက်သေမှ မရှိပါဘူး။ ဆေးလိပ်သောက်တာက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တာမှာ အဆင်မပြေဖြစ်ပြီး အချိန်မတိုင်ခင် မီးဖွားနိုင်ချေကို မြင့်တက်စေပါတယ်။ ပေါင်ချိန်မပြည့်တဲ့ ကလေးတွေမှာ ဖျားနာခြင်းနဲ့ သေဆုံးနိုင်ချေ ပိုများပါတယ်။ လူကြီးတွေမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေ ပိုဖြစ်စေတတ်ပါတယ်။
“ ဆေးလိပ် ဖြတ်လိုက်ရင် ငါ ပိုဝလာမှာ “
အချက်အလက်၊ ဆေးလိပ်သောက်ခြင်းက သင့်ရင်သွေးဆီ အစာနဲ့ အောက်ဆီဂျင် မရအောင် တားဆီးပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အခါ ခန္ဓါကိုယ်ပုံစံနဲ့ ကိုယ်အလေးချိန် ပြောင်းလဲတာ ပုံမှန်ပါပဲ။ ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲ မအီမသာဖြစ်နေရင် သင့်ကို သင့်တော်တဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေဆီ ညွှန်နိုင်တဲ့ ဆရာဝန် ဒါမှမဟုတ် လက်သည်နဲ့ တိုင်ပင်ပါ။
“ ဆေးလိပ်သောက်တာက ငါ့ကို စိတ်သက်သာရာ ရစေတယ်၊ ဒါက ရင်သွေးအတွက် ပိုကောင်းတယ် “
အချက်အလက်၊ ဆေးလိပ်သောက်ခြင်းက သင့်ကိုယ်သင် အနားပေးသလိုမျိုး စိတ်ငြိမ်စေပါတယ်၊ ဒါပေမယ့် သင့်နှလုံးခုန်နှုန်းကို မြန်စေပါတယ်၊ သင့်သွေးပေါင်ချိန်ကို မြင့်စေပါတယ်၊ သင့်အာရုံကြောစနစ်ကို ကျဆင်းစေပါတယ်။ ဒါက သင့်ရင်သွေးဆီကို ရောက်မယ့် အစာနဲ့ အောက်ဆီဂျင် ပမာဏကို ဖြတ်ချပစ်ပါတယ်။ အနားယူရမယ့် ဒါမှမဟုတ် စိတ်ဖိအားကို ကိုယ်တွယ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေရဖို့ သင့်ဆရာဝန်၊ လက်သည် ဒါမှမဟုတ် quitline နဲ့ တိုင်ပင်ပါ။
“ ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဆေးလိပ်ဖြတ်တာဆို လုံလောက်ပြီ “
အမှန် >> လျှော့သလောက်က အကူအညီ ဖြစ်ပါတယ်၊ ဒါပေမယ့် တစ်ရက်ကို စီးကရက် နည်းနည်းဆိုရင်တောင်မှ ဒါက သင့်ရင်သွေးရဲ့ အစာနဲ့ အောက်ဆီဂျင်ထဲ အဆိပ်အတောက် တော်တော်များများ ပါဝင်သွားစေတဲ့အပြင် သေရေးရှင်ရေးကြုံတဲ့အခါ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တဲ့ပမဏမှာ ဘေးကင်းတဲ့ ပမာဏဆိုတာ မရှိပါဘူး။ အရသာ ပိုနည်းတဲ့ စီးကရက်တွေကို ရွေးသောက်တဲ့သူတွေက အရင် သူတို့ သောက်ခဲ့တဲ့ စီးကရက် အမျိုးအစားတွေအတိုင်း ထိခိုက်စေတဲ့ ဓါတုပစ္စည်းပမာဏ အတူတူနီးပါးကို ရှူသွင်းနေတာပါပဲ။ ဆေးလိပ်ပြင်းပြင်းကို လျှော့သောက်တာက အန္တရာယ်ကို လျှော့တာ မဟုတ်ပါဘူး။
“ အခုပဲ ကိုယ်ဝန်ဆောင်တာ ၃လ ရှိနေပြီ၊ ခုမှ ဆေးလိပ် ဖြတ်လို့ ဘာထူးမှာလဲ။ ထိခိုက်တာက ထိခိုက်ပြီးနေပြီ။ “
အမှန် >> ကိုယ်ဝန်ဆောင်ပြီး အချိန်တစ်ခုမှာမှ သန္ဓေသားရဲ့ အများစု ဖွံ့ဖြိုးမှုက စတင်တာမို့ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ လုံးဝမရှိပါဘူး။ ဥပမာ၊ သင်အခု ဆေးလိပ် ဖြတ်လိုက်တယ်ဆိုရင် ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးနိုင်ချေက ဆေးလိပ် မသောက်တဲ့သူတွေနဲ့ တူတူလောက် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် ဘယ်အချိန်မှာပဲ ဆေးလိပ်ဖြတ်ဖြတ် သင့်ရင်သွေးအတွက် ထိခိုက်စေမယ့် အန္တရာယ်ကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တာကို တတ်နိုင်သမျှ စောစော ဖြတ်တာက သင့်ကလေးအတွက် ပိုကောင်းတဲ့ ဘဝစတင်နိုင်စေမှာပါ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။