brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်စဉ် ကာလရှည်ကြာသွေးတိုးခြင်းကို ဘယ်လိုကုသမလဲ

သွေးပေါင်ချိန်ဟာ ၁၄၀/၉၀ ထက်မြင့်နေရင် သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ သွေးတိုးရှိတဲ့ အမျိုးသမီးအများစုဟာ ပုံမှန်ကိုယ်ဝန် ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရှိခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ နောက်ဆက်တွဲပြသနာတွေ ဖြစ်နိုင်ပါတယ်။ နာတာရှည်သွေးတိုးရောဂါနဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရောဂါကို ခွဲခြားဖို့ လိုအပ်ပါတယ်။ နာတာရှည်သွေးတိုးရောဂါဆိုရင်တော့ ကိုယ်ဝန်ပတ် ၂၀မတိုင်မီနဲ့ မွေးဖွားပြီး ၁၂ပတ်ထက် ပိုကြာပြီးတော့ တွေ့နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလရှည်ကြာသွေးတိုးခြင်းကို ဘယ်လိုကုသမလဲ

နာတာရှည်သွေးတိုးရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကို ကောင်းစွာ ထိန်းထားနိုင်အောင် နည်းလမ်းတွေရှိပါတယ်။ ကလေးအတွက် အကောင်းဆုံးဂရုစိုက်ခြင်းကတော့ မိမိကိုယ်ကို ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတချို့ ပါဝင်ပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် စားသောက်ပြီး ဆားသုံးစွဲမှုကို လျှော့ချရပါမယ်။ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်ဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။

– ကိုယ်ဝန်ဆောင်ကာလမှာ ဆရာဝန်ချိန်းဆိုတိုင်း ပြသပါ။

– မိမိမှာ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရှိလို့ အနားယူရရင်တောင် ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွအောင်နေပါ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းများ ပြုလုပ်သင့်ပါတယ်။

– ဆေးလိပ် အရက် ရှောင်ပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးများ မသုံးစွဲပါနဲ့။ သွေးပေါင်ချိန်မှန်ပြီး ကလေးကျန်းမာဖို့ အရေးကြီးပါတယ်။

– ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ။ ဆရာဝန် (သို့) သားဖွားဆရာမဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို သတ်မှတ်ပေးပါလိမ့်မယ်။

– စိတ်ဖိစီးမှုနည်းအောင်နေပါ။ ဒီကိစ္စဟာ ခက်တော့ခက်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်နေရင်၊ ကလေးငယ်ရှိရင်၊ ခက်ခဲတဲ့ အချိန်ဇယားရှိနေရင် ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးအတွက် စဉ်းစားပြီး အနားယူချိန် ထားသင့်ပါတယ်။

သွေးပေါင်ချိန်ဟာ ကိုယ်ဝန်ကာလ အစောပိုင်းမှာ ကျတတ်တာမို့ သွေးပေါင်ချိန်ဟာ သိပ်မမြင့်ရင် ဆေးသောက်စရာ မလိုပါဘူး။ သွေးကျဆေးမသောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဘေးကင်းတဲ့ဆေးဟာ အနည်းငယ်ပဲရှိလို့ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ACE inhibitors (angiotensin-converting enzyme inhibitors) နဲ့ angiotensin II receptor blockers (ARBs)ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ်နဲ့ တတိယ သုံးလပတ်မှာ ကိုယဝန်ဆောင်ချိန်သွေးတိုးခြင်းကို လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ဟာ အက်စပရင် ပမာဏနည်းနည်း ညွှန်နိုင်ပါတယ်။

မိမိကျန်းမာရေးကို ကာလရှည်ကြာသွေးတိုးနေရင်၊ ကိုယ်ဝန်ဆောင်နေရင် အထူး ဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှသာ မိမိရော မိမိကလေးပါ ကျန်းမာရေးကောင်းပြီး ဘေးကင်းစွာ မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/06/2022 ဖြစ်ပါသည်။