brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးအသေမွေးခြင်းနှင့်ပတ်သက်၍ သိသင့်သည်များ

ကလေးအသေမွေးခြင်းဆိုတာမိခင်များကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့လေ့ရှိတဲ့စိုးရိမ်ရသောအခြအနေပါ။ ထိုအခြေအနေကိုသိရှိထားခြင်းဟာကလေးအသေမွေးခြင်းရာခိုင်နှုန်းကိုလျော့ချပေးမှာပါ။

ကလေးအသေမွေးခြင်းနှင့်ပတ်သက်၍ သိသင့်သည်များ

ကလေးအသေမွေးခြင်းဆိုတာဘာလဲ။

ကလေးအသေမွေးခြင်းဆိုတာကလေးဟာမိခင်ရဲ့သားအိမ်အတွင်းမှာရက်သက်တပက်၂၀ဒါမှမဟုတ်၂၀ကျော်အတွင်းသေဆုံးနေခြင်းကိုခေါ်ပါတယ်။ အဲဒါဟာသဘာဝက ဒဏ်ခတ်ခြင်းမဟုတ်ပါ။ မိန်းမတိုင်းမှာဖြစ်နိုင်ခြေရှိပါတယ်။

ကလေးအသေမွေးပြီးသောမိန်းမတို့ရဲ့၉၈ရာခိုင်းနှုန်းဟာနဂိုအတိုင်းကိုယ်ဝန်ဆောင်နိုင်၊ကလေးမွေးနိုင်ပါသေးတယ်။

ဘယ်အရာတွေက ကလေးအသေမွေးစေနိုင်သလဲ။

ကလေးအသေမွေးစေနိုင်သောအကြောင်းအရာပေါင်းများစွာရှိပါတယ်။ဥပမာအားဖြင့်

  • ဆီးချို၊သွေးခှိုရှိသောမိခင်များ
  • အသက်၃၅နှစ်ကျော်နေသောမိခင်များ
  • ကိုယ်ဝန်မဆောင်မှီကတည်းကအဝလွန်နေသာမိခင်များ
  • ကိုယ်ဝန်ဆောင်စဉ်အတွင်းရှိသင့်သောကလေးအရွယ်အစားထက်ကြီးနေခြင်း၊သေးနေခြင်း
  • ကိုယ်အလေးချိန်နည်းသောကလေးမွေးခြင်း၊အချိန်မတိုင်ခင်မွေးဖွားခြင်း၊အသေမွေးခြင်း၊ကိုယ်ဝန်ဆိပ်တက်ခြင်း၊SIDS(severe infant death syndrome) တို့ဖြစ်ခဲ့သောမိခင်များ
  • ဆေးလိပ်၊အရက်၊မူးယစ်ဆေးနှင့်အကိုက်အခဲပျောက်ဆေးသုံးစွဲသောမိခင်များ
  • အာဖရိကမိခင်များ(၂ဆကနေ၃ဆအထိဖြစ်နိုင်ခြေပိုများပါတယ်)

ကလေးအသေမွေးခြင်းကိုအများဆုံးဖြစ်စေတဲ့အကြောင်းရင်း

ကလေးအသေမွေးတယ်ဆိုတာက မိခင်၊ရင်သွေး၊သားအိမ်နဲ့ချက်ကြိုးတစ်ခုခုချို့ယွင်းသောကြောင့်ဖြစ်နိုင်ပါတယ်။

  • သားအိမ်မကောင်းခြင်း
  • အမေ၊ကလေးနှင့်သားအိမ်တို့ပိုးဝင်ခြင်း
  • ချက်ကြိုးမကောင်းခြင်း၊မတော်တဆဖြစ်ခြင်း
  • ကလေးချို့ယွင်းခြင်း၊မျိုးရိုးဗီဇပုံမှန်မဟုတ်ခြင်း
  • ကလေးကြီးထွားမှုရပ်တန့်ခြင်း တို့ပါဝင်ပါတယ်။

အမေ့ဗိုက်ထဲကရင်သွေးလေးကိုဘယ်လိုကာကွယ်ရမလဲ။

ယခုခေတ်သစ်ဆေးလောကမှာတောင်မှကလေးအသေမွေးခြင်းကိုမှန်းဆကာကွယ်ဖို့ဆိုတာခက်ခဲပါသေးတယ်။ ဒါပေမဲ့ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင်ကတော့ကလေးအသေမွေးနိုင်တဲ့ရာခိုင်နှုန်းကိုအောက်ပါတို့ဖြင့်လျော့ချနိုင်ပါတယ်။

ကိုယ်ဝန်ကိုဂရုတစိုက်စောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ရှိသည်ဟုသိပြီးချိန်မှစရ်ျဆရာဝန်ဖြင့်ရက်ချိန်းပုံမှန်ပြကာပေးသောအကြံဉာဏ်များကိုလိုက်နာပါ။

ဆေးလိပ်၊အရက်၊မူးယစ်ဆေးတို့ကိုဖြတ်နိုင်သမျှမြန်မြန်ဖြတ်ပါ။

ဆီးချို၊သွေးတိုးတို့ရှိပါကဆရာဝန်အားပြောပြပါ။ ကုသပါ။

မအင်္ဂါမှသွေးထွက်ခြင်း၊သွေးယိုခြင်းနှင့်နာကျင်ခြင်းတို့ဖြစ်ပါကနီးစပ်ရာဆေးရုံဆေးခန်းဆရာဝန်တို့ထံသွားရန်မတွန့်ဆုတ်ပါနှင့်။

နောက်ဆုံးသုံးလပတ်အချိန်မှစကာကလေးအလှုပ်ဆုံးအချိန်တွင်ဘယ်နှစ်ကြိမ်ကန်လဲဆိုတာကိုနေ့တိုင်းသေချာဂရုစိုက်ရေတွက်သင့်ပါတယ်။

၄၂ပတ်ကျော်သောကိုယ်ဝန်သည်အသေမွေးဖို့များသောကြောင့်ဂျူးဒိတ်ကျော်သွားပါကဆရာဝန်ကိုအသိပေးပါ။

ကလေးကန်တယ်ဆိုတာဘယ်လိုမျိုးလဲ။

ကလေးကန်တယ်ဆိုတာသူဘယ်လောက်ကျန်းမာလဲဆိုတာကိုပြတာပါ။၂၈ပတ်မှစကာကလေးဘယ်လောက်ကန်လဲ၊လှည့်သလဲ၊ရစ်သလဲ၊လည်သလဲ၊လှိမ့်သလဲစရေတွက်သင့်ပါတယ်။ ကလေးတကယ်လှုပ်လာလျှင်ထိုသို့ရေတွက်ခြင်းကဘယ်လိုမူမှန်တာတွေရှိလည်းသိလာနိုင်အောင်ကူညီပါလိမ့်မယ်။ အောက်ပါလမ်းညွှန်မှုများကိုလိုက်နာနိုင်ပါတယ်။

  • ကလေးအလှုပ်ဆုံးအချိန်တွင်စတင်ပါ။
  • ခြေထောက်တင်ထိုင်ပါဒါမှမဟုတ်ဘေးစောင်းအိပ်ပါ။
  • ၁၀ခေါက်မကန်မချင်းရီပါ။၁၅မိနစ်လောက်တောင်မကြာပါ။
  • ဆယ်ခေါက်ကန်ရန်ကြာချိန်ကိုဇယားတစ်ခုဖြင့်မှတ်ထားပါ။
  • ကန်ချက်တိုးလာလားရော့သွားလားကြည့်ပါ
  • ၂နာရီအတွင်းဆယ်ခါမကန်ပါကဆရာဝန်နှင့်ချက်ချင်းတွေ့ပါ။

Stillbirth သည်အမေတိုင်းကိုစိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာပါထိခိုက်နာကျင်စေပါတယ်။ ဒါကြောင့်ကိုယ်ဝန်စဆောင်ကတည်းကသေချာပြင်ဆင်ထားခြင်းဟာကလေးအသေမွေးနိုင်ခြေကိုလျော့ချစေနိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/05/2022 ဖြစ်ပါသည်။