brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မည်သည့် အချက်များက သင့်တွင် အမွှာကိုယ်ဝန်ရနိုင်ချေကို သက်ရောက်မှုရှိသလဲ

ယခုအချိန်သည် သင့်မိသားစုမျိုးရိုးရာဇဝင်နှင့် စားသောက်ပုံများကို စဉ်းစားရမည့် အချိန်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချက်များသည် သင့်တွင် အမွှာပူးကိုယ်ဝန်ဆောင်နိုင်ချေရှိမရှိ ခန့်မှန်းနိုင်သော အချက်များဖြစ်သောကြောင့် ဖြစ်ပါသည်။

မည်သည့် အချက်များက သင့်တွင် အမွှာကိုယ်ဝန်ရနိုင်ချေကို သက်ရောက်မှုရှိသလဲ

အောက်ပါအချက်များသည် အမျိုးသမီးများအတွက် ကလေးတစ်ယောက်နှင့် အထက်ကို တစ်ပြိုင်တည်းကိုယ်ဝန်ဆောင်နိုင်ချေများစေသော အချက်များဖြစ်ပါသည်။

အမျိုးသမီးဘက်မှ မိသားစုရာဇဝင်

မိခင်ဘက်မှ မိသားစုရာဇဝင်တွင် အမွှာပူးမွေးဖွားခြင်းရှိမှာ အကျုံးဝင်မည်ဖြစ်သည်။ သဘောမှာ ဖခင်ဘက်မှ အမွှာပူးမွေးဖွားခြင်းရာဇဝင်နှင့် သက်ဆိုင်မှုမရှိဟု ဆိုလိုခြင်းဖြစ်သည်။

သင်သည် မျိုးဥများကို ထုတ်လုပ်သူဖြစ်သည့်အတွက် သင့်အရင်ကိုယ်ဝန် သို့မဟုတ် သင့်အမေ သို့မဟုတ် သင့်အမ၊ ညီမတွင် အမွှာမွေးဖွားခြင်းများရှိပါက သင့်တွင်လည်း အမွှာကိုယ်ဝန်ရနိုင်ချေပိုများပါသည်။

သင့်စားသောက်ပုံ

အမျိုးသမီးများသည် အများအားဖြင့် အဆီနည်းသော အစားအစာများ (ဥပမာ- အသီးအရွက်များ )ကို စားတတ်ကြပြီး ထိုအမျိုးသမီးများသည် နို့များ၊ အသားများကိုစားသော အမျိုးသမီးများထက် အမွှာကိုယ်ဝန်ရနိုင်ချေ ပိုနည်းကြောင်း တွေ့ရပါသည်။

ထိုသို့ဖြစ်ခြင်းသည် အစားအသောက်များအပေါ်မူတည်ပြီး ဟော်မုန်းပြောင်းလဲမှုများဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ အဆီများသော အစားအစာများကို စားခြင်းဖြင့် ကိုယ်ခန္ဓာ၏ ထုထည်အညွှန်းကိန်းကို မြင့်တက်လာစေပါသည်။ (ထုထည်အညွှန်းကိန်း ဆိုသည်မှာ သင့်ကိုယ်အလေးချိန်နဲ့ သင့်အရပ်ကို အချိုးချပြီး ရလာသော အဖြေသည် ကျန်းမာသော ထုထည်ရှိမရှိ တိုင်းတာသော အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။)

သင့်တွင်ရှိသော သားသမီးအရေအတွက်

သင့်တွင် သားသမီးများများရှိလေလေ သင်သည် အမွှာကိုယ်ဝန်ရနိုင်ချေများလေလေ ဖြစ်ပါသည်။ ထို့ပြင် ၄င်းသည် ယခင်ကိုယ်ဝန်များကို အခက်အခဲမရှိ လွယ်လွယ်နှင့် ကိုယ်ဝန်ဆောင်ခဲ့လျှင် သင့် မျိုးဥအိမ်သည် ကျန်းမာပြီး ခွန်အားပြည့်သော မျိုးဥအိမ်ဖြစ်ကြောင်းသိနိုင်ပါသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အသက်အရွယ်

အရေးအကြီးဆုံးတစ်ချက်မှာ သင်သည် သားအိမ်ပြင်ပတွင် မျိုးအောင်စေခြင်းကဲ့သို့ ကုသမှုများခံယူနေလျှင် သင့်တွင် ကလေးတစ်ယောက်နှင့် အထက် ကိုယ်ဝန်ဆောင်နိုင်ချေပိုများကြောင်း သိထားသင့်ပါသည်။ ထိုသို့သော ကုထုံးများတွင် သောက်ရသော ဆေးများသည် မျိုးဥအိမ်မှ မျိုးဥများထွက်လာအောင် လှုံ့ဆော်ပေးခြင်းကြောင့်ဖြစ်ပါသည်။ သို့သော် သားအိမ်ထဲသို့ ဆေးထိုးအပ်ပြွန်ဖြင့် သုက်ကောင်များကို ထည့်ပေးခြင်းနည်းဖြင့် ကိုယ်ဝန်ဆောင်ခြင်းသည် အမွှာကိုယ်ဝန်ရနိုင်ချေကို မမြင့်တက်စေပါ။

လူမျိုး

အမွှာကိုယ်ဝန်ဆောင်ခြင်းသည် လူဖြူများနှင့် အာဖရိက- အမေရိကမျိုးနွယ်များတွင် ပိုများပြီး အာရှတိုက်သားများနှင့် အမေရိကတိုက်ရှိ စပိန်အနွယ်ဝင်များတွင် ပိုနည်းကြောင်းတွေ့ရသည်။

အချုပ်ဆိုရသော် အမွှာကိုယ်ဝန်ဆောင်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်နိုင်သော ဆိုးကျိုးများကို ပိုဆိုးစေသည်ဟု အများကထင်နေသည့် အယူအဆအမှားများနှင့်ပတ်သက်ပြီး စိုးရိမ်စိတ်များ မဖြစ်ပါနှင့်။ အမွှာကိုယ်ဝန်လွယ်ထားသော မိခင်အများစုသည် ကျန်းမာသောကလေးများကို မွေးဖွားနိုင်ကြပါသည်။ သို့သော် အမွှာမိခင်များတွင် လမစေ့မီစောမွေးခြင်း အဖြစ်များပါသည်။ ထို့ကြောင့် အမွှာကိုယ်ဝန်လွယ်ထားသော မိခင်များသည် ကလေးတစ်ယောက်တည်းလွယ်ထားရသော မိခင်များထက် ရက်ချိန်းမှန်မှန်ပြရန် ပိုလိုအပ်ပါသည်။ သင့်ကလေးကိုအတတ်နိုင်ဆုံး စိတ်ချရစေရန် အချိန်တစ်ခုစီစဉ်ပြီး ခွဲမွေးခြင်း၊ သားအိမ်ညှစ်ဆေးများဖြင့် အစီစဉ်တကျမွေးဖွားခြင်းများ ပြုလုပ်ရန် သားဖွားမီးယပ်ဆရာဝန်များက အကြံပေးပါလိမ့်မည်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. K Zin Thwe · 22/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။