brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ
ကိုယ်ဝန်ပထမအပတ်
ကိုယ်ဝန်ပထမအပတ်
ကိုယ်ဝန်ဒုတိယပတ်
ကိုယ်ဝန်ဒုတိယပတ်
ကိုယ်ဝန်တတိယပတ်
ကိုယ်ဝန်တတိယပတ်
ကိုယ်ဝန်၄ပတ်မြောက်
ကိုယ်ဝန်၄ပတ်မြောက်
ကိုယ်ဝန်၅ပတ်မြောက်
ကိုယ်ဝန်၅ပတ်မြောက်
ကိုယ်ဝန်၆ပတ်မြောက်
ကိုယ်ဝန်၆ပတ်မြောက်
ကိုယ်ဝန်၇ပတ်မြောက်
ကိုယ်ဝန်၇ပတ်မြောက်
ကိုယ်ဝန်၈ပတ်မြောက်
ကိုယ်ဝန်၈ပတ်မြောက်
ကိုယ်ဝန်၉ပတ်မြောက်
ကိုယ်ဝန်၉ပတ်မြောက်
ကိုယ်ဝန်၁၀ပတ်မြောက်
ကိုယ်ဝန်၁၀ပတ်မြောက်
ကိုယ်ဝန်၁၁ပတ်မြောက်
ကိုယ်ဝန်၁၁ပတ်မြောက်
ကိုယ်ဝန်၁၂ပတ်မြောက်
ကိုယ်ဝန်၁၂ပတ်မြောက်
ကိုယ်ဝန်၁၃ပတ်မြောက်
ကိုယ်ဝန်၁၃ပတ်မြောက်
ကိုယ်ဝန်၁၄ပတ်မြောက်
ကိုယ်ဝန်၁၄ပတ်မြောက်
ကိုယ်ဝန်၁၅ပတ်မြောက်
ကိုယ်ဝန်၁၅ပတ်မြောက်
ကိုယ်ဝန်၁၆ပတ်မြောက်
ကိုယ်ဝန်၁၆ပတ်မြောက်
ကိုယ်ဝန်၁၇ပတ်မြောက်
ကိုယ်ဝန်၁၇ပတ်မြောက်
ကိုယ်ဝန်၁၈ပတ်မြောက်
ကိုယ်ဝန်၁၈ပတ်မြောက်
ကိုယ်ဝန်၁၉ပတ်မြောက်
ကိုယ်ဝန်၁၉ပတ်မြောက်
ကိုယ်ဝန်၂၀ပတ်မြောက်
ကိုယ်ဝန်၂၀ပတ်မြောက်
ကိုယ်ဝန်၂၁ပတ်မြောက်
ကိုယ်ဝန်၂၁ပတ်မြောက်
ကိုယ်ဝန်၂၂ပတ်မြောက်
ကိုယ်ဝန်၂၂ပတ်မြောက်
ကိုယ်ဝန်၂၃ပတ်မြောက်
ကိုယ်ဝန်၂၃ပတ်မြောက်
ကိုယ်ဝန်၂၄ပတ်မြောက်
ကိုယ်ဝန်၂၄ပတ်မြောက်
ကိုယ်ဝန်၂၅ပတ်မြောက်
ကိုယ်ဝန်၂၅ပတ်မြောက်
ကိုယ်ဝန်၂၆ပတ်မြောက်
ကိုယ်ဝန်၂၆ပတ်မြောက်
ကိုယ်ဝန်၂၇ပတ်မြောက်
ကိုယ်ဝန်၂၇ပတ်မြောက်
ကိုယ်ဝန်၂၈ပတ်မြောက်
ကိုယ်ဝန်၂၈ပတ်မြောက်
ကိုယ်ဝန်၂၉ပတ်မြောက်
ကိုယ်ဝန်၂၉ပတ်မြောက်
ကိုယ်ဝန်၃၀ပတ်မြောက်
ကိုယ်ဝန်၃၀ပတ်မြောက်
ကိုယ်ဝန်၃၁ပတ်မြောက်
ကိုယ်ဝန်၃၁ပတ်မြောက်
ကိုယ်ဝန်၃၂ပတ်မြောက်
ကိုယ်ဝန်၃၂ပတ်မြောက်
ကိုယ်ဝန်၃၃ပတ်မြောက်
ကိုယ်ဝန်၃၃ပတ်မြောက်
ကိုယ်ဝန်၃၄ပတ်မြောက်
ကိုယ်ဝန်၃၄ပတ်မြောက်
ကိုယ်ဝန်၃၅ပတ်မြောက်
ကိုယ်ဝန်၃၅ပတ်မြောက်
ကိုယ်ဝန်၃၆ပတ်မြောက်
ကိုယ်ဝန်၃၆ပတ်မြောက်
ကိုယ်ဝန်၃၇ပတ်မြောက်
ကိုယ်ဝန်၃၇ပတ်မြောက်
ကိုယ်ဝန်၃၈ပတ်မြောက်
ကိုယ်ဝန်၃၈ပတ်မြောက်
ကိုယ်ဝန်၃၉ပတ်မြောက်
ကိုယ်ဝန်၃၉ပတ်မြောက်
ကိုယ်ဝန်၄၀ပတ်မြောက်
ကိုယ်ဝန်၄၀ပတ်မြောက်

မျှဝေပါ။

1 ပတ်

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ပထမအပတ် (1 ပတ်)မှာ ဘာတွေသိသင့်ပါသလဲ

ကလေးငယ်ရဲ့ကြီးထွားပုံ

ကျွန်မရဲ့ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာပါသလဲ

1 ပတ်

မီးဖွားရက်ကို ဆရာဝန်တွေအကောင်းဆုံး ခန့်မှန်းပေးနိုင်ဖို့ မျိုးမအောင်ခင် ပထမ၂ပတ်ကို ရေတွက်ရတာပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀လောက်ကြာပါတယ်။ တချို့က ၃၈ပတ်မှာ မွေးတတ်သလို တချို့လဲ ၄၂ပတ်မှာ မွေးတတ်ပါတယ်။ ဆရာဝန်တွေကတော့ ၄၂ပတ်ကျော်တဲ့အထိ မထားပါဘူး။ အခု သင့်ရဲ့ မွေးဖွားမယ့်ရက် ဘယ်လိုတွက်ချက်လဲဆိုတာကို အနည်းငယ်ပြောပြပြီးပါပြီ။ အခု သင့်ကလေး ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ကြည့်ကြရအောင်ပါ။

ခန္ဓာကိုယ်နဲ့ နေထိုင်မှုပြောင်းလဲပုံ

ကျွန်မရဲ့ ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားလဲ

ပြောရမယ်ဆိုရင် သင်ကိုယ်ဝန်မရသေးပါဘူး၊၊ ဒီရာသီစက်ဝန်းရဲ့ သားဥကြွေတဲ့အချိန်မှာ ကိုယ်ဝန်ရမှာပါ၊၊ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က မမျိုးဥကြွေဖို့ပြင်ဆင်နေပါပြီ။ မမျိုးဥကြွေတယ်ဆိုတာ သားဥအိမ်ကနေ မျိုးဥကြွေကျတာပါ။ နောက်တစ်ခါ ရာသီလာမယ့် ရက်မတိုင်ခင် ၁၂-၁၄ ရက်ကြားမှာ ကြွေပါတယ်။

အဲဒီ မျိုးဥမျိုးအောင်ဖို့ ကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတချို့ စအလုပ်လုပ်ပါတယ်။ ရင်သားရောင်ပြီး တင်းလာသလိုဖြစ်တာ၊ ဗိုက်အောင့်တာတွေက ရာသီလာချိန်ဖြစ်တတ်တာတွေပါ။ အဲဒီ ဥမျိုးအောင်ဖို့ နောက်၂ ပတ်လိုပါသေးတယ်။ အတူနေဖို့ ရက်စွဲအတိအကျမှတ်ပြီး အမျိုးသားကို ပြောပြနိုင်ပါတယ်။

ဘာတွေ ပြင်ဆင်ထားရမလဲ

1 ပတ် မှာ ဘာမှသိပ်စိတ်ပူစရာမရှိပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ ဗီတာမင်တွေ သောက်ပေးရင်ရပါပြီ။ လိုအပ်တဲ့ ဗီတာမင်ပမာဏ အလုံအလောက်ရဖို့လိုပါတယ်။ အထူးသဖြင့် ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းအတွက် လိုအပ်တဲ့ ဖောလစ်အက်စစ်ပါ။

အခုချိန်မှာ လိုအပ်တဲ့ ပမာဏကတစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ်ပါ။ မွေးရာပါ ကျောရိုးနဲ့ အာရုံကြောမကြီးတွင် ချို့ယွင်းချက်ပါတဲ့ ကလေးမွေးဖူးသူ အမျိုးသမီးများ ပမာဏထက် ပိုလိုအပ်ပါတယ်။

ဆရာဝန်ဆီပြသခြင်း

ဆရာဝန်ကို ဘာတွေပြောပြရမလဲ

သင်သောက်သုံးနေတဲ့ ညွှန်ကြားထားသောဆေး၊ မညွှန်ကြားထားသောဆေး စတာတွေကို သေချာပြောပြသင့်ပါတယ်။ ဒီဆေးတွေက သင့်ကလေးကို ဘေးဖြစ်စေနိုင်လို့ပါ။ တကယ်လို့ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးရှိရင်လည်း ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ရပ်ပစ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ သင့်ဆရာဝန်က ရပ်လိုက်လို့ရလာမယ့် ကောင်းကျိုးဆိုးကျိုးကို တွက်ဆရဦးမှာပါ။

ဆရာဝန်ကို မေးသင့်သောမေးခွန်းများ

  • ကိုယ်ဝန်ဆောင်ကာလမှာ အရင်ကညွှန်ကြားထားတဲ့ဆေးတွေ၊ ဆေးဆိုင်က ဝယ်သောက်တဲ့ဆေးတွေကို ဆက်သောက်သင့်သလား။
  • ကိုယ်ဝန်မယူခင် ဘာတွေပြင်ဆင်ထားရမလဲ။
  • ကိုယ်ဝန်မယူခင် ကာကွယ်ဆေးတွေ ထိုးရသေးလား။

ဘာစစ်ဆေးမှုတွေ လုပ်ဖို့လိုမလဲ၊၊ သင့်ခန္ဓာကိုယ်ကို ကလေးလေးအတွက် ပြင်ဆင်ပေးဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုတွေကို လုပ်ခိုင်းပါလိမ့်မယ်။

  • မိန်းမကိုယ်ကင်ဆာစစ်ဆေးမှု- ကိုယ်ဝန်ကို ထိခိုက်စေနိုင်လား သိအောင်စစ်ဆေးတာပါ၊၊
  • မျိုးရိုးဗီဇစစ်ဆေးခြင်း- သင့်ကလေးငယ်မှာ သွေးကင်ဆာ၊ သွေးအားနည်းရောဂါ၊ အာရုံကြောရောဂါလိုမျိုး မျိုးရိုးလိုက်နိုင်တဲ့ ရောဂါတွေပါလာနိုင်လား သိရအောင်လို့ပါ။
  • သွေးစစ်ခြင်း- လိင်မှကူးစက်သောရောဂါ၊ ဝက်သက်၊ ရေကျောက်တွေကို စစ်ပေးတာပါ။ ဒါကတော့ ကိုယ်ဝန်မဆောင်ခင် ကာကွယ်ဆေးထိုးဖို့ လိုမလိုသိအောင်လို့ပါ။

ဒီစစ်ဆေးမှုတွေက သင့်ခန္ဓာကိုယ်ကို ကလေးလေးအတွက်ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှု

ကျန်းမာဘေးကင်းစွာ ကိုယ်ဝန်ဆောင်နိုင်ဖို့ ဘာတွေသိထားဖို့လိုလဲ

ကျန်းမာစွာ ကိုယ်ဝန်ဆောင်ဖို့အတွက် ဘာတွေရှောင်ရမလဲဆိုတာ သင်သိချင်မှာပေါ့။ သင်ကိုယ်ဝန်ရှိလာပြီဆိုရင် ကိုယ်ခံအားက အရင်လိုမကောင်းတော့တာကြောင့် ရောဂါကူးစက်မှု ပိုများနိုင်ပါတယ်။ ဘယ်ကာကွယ်ဆေးတွေက သင့်အတွက် ဘေးကင်းစိတ်ချရစေမလဲဆိုတာကို အောက်မှာဖော်ပြထားပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝက်သက်ရောဂါ လက္ခဏာတွေကတော့ အဖျားနည်းနည်းရှိမယ်၊ ချောင်းဆိုး၊ နှာရည်ယိုမယ်၊ ၂-၃ရက်နေရင် အနီ စက်တွေ ပေါက်လာလိမ့်မယ်။

ပါးကျိတ်ရောင်တာက တံတွေးဂလန်းတွေ ရောင်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါပါ။ ကိုယ်ဝန်ဆောင်နေတုန်း ဒီရောဂါတစ်ခုခုဖြစ်ခဲ့ရင် ပျက်ကျနိုင်ချေများပါတယ်။

ဂျိုက်သိုးရောဂါကို ဂျာမန်ဝက်သက်လို့လည်း သိကြပါတယ်။ သူလည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ဖျားရာကနေ အနီဖုတွေပေါက်လာတာပါ။ ကိုယ်ဝန်ဆောင်တုန်း ဒီရောဂါဖြစ်တဲ့မိခင်က မွေးတဲ့ကလေး ၈၅% က အကြားအာရုံနဲ့ ဉာဏ်ရည် ချို့ယွင်းနိုင်ပါတယ်။

ဒီကာကွယ်ဆေးက ကိုယ်ဝန်ဆောင်မှ ထိုးတာထက် ၁-၃လကြိုထိုးပြီးမှ ကိုယ်ဝန်ဆောင်ရင် ပိုကောင်းပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ရေကျောက်က အရမ်းကို ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးပါ။ လက္ခဏာက ဖျားမယ်၊ မအီမသာဖြစ်မယ်၊ ယားယံတဲ့ အနီဖုတွေပေါက်မယ်။ ကိုယ်ဝန် ပထမ ၅လမှာ ရေကျောက်ပေါက်တဲ့ မိခင်က မွေးတဲ့ကလေး ၂% က ခြေလက်တွေ ချို့ယွင်းပြီး မွေးလာနိုင်ပါတယ်။ မီးဖွားခါနီးဖြစ်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့ သေချာဆွေးနွေးကြည့်ပါ။

ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ညွှန်ကြားချက်အရ ကိုယ်ဝန်ရှိချိန်မှာ တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဒီဆေးက ဗိုင်းရပ်စ်ပိုးအသေတွေနဲ့ လုပ်ထားလို့ ကလေးကို ဘေးမဖြစ်စေနိုင်ပါဘူး။

ကိုယ်ဝန်ဆောင်တုန်း တုပ်ကွေးမိခဲ့ရင် အခန့်မသင့်ပါက သင့်ကို အဆုတ်ရောင်စေနိုင်ပြီး ကလေးလည်း လမစေ့ဘဲမွေးတာမျိုး ဖြစ်စေနိုင်ပါတယ်။ မီးဖွားပြီးရင်လည်း တုပ်ကွေးနောက်ဆက်တွဲဆိုးကျိုးရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။ များသောအားဖြင့် တုပ်ကွေးကာကွယ်ဆေးတွေက ကိုယ်ဝန်ဆောင်နေတုန်းလည်း ထိုးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်တုန်းထိုးလို့ ကလေးကို ရောဂါကာကွယ်ပေးနိုင်တဲ့ အထောက်အထားတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးက သင့်ဆီကနေ ရောဂါခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ ရပါတယ်။ သင်က ခုခံအားမြင့်နေရင် ကလေးထိခိုက်နိုင်ခြေ နည်းပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hmwe San Eain · 06/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။