backup og meta

Morning sickness ဖြစ်ရင် ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။ ။

ကိုယ်ဝန်ဆောင်ဖူးတဲ့သူတိုင်း သိကြမှာပါကြမှာပါ။ ကိုယ်ဝန်စရှိပြီဆိုတာနဲ့ မနက်ပိုင်းဆို မူးဝေပျို့အန်ချင်နေပြီး ဘာမှကို စားချင်သောက်ချင်စိတ်မရှိတာကိုလေ။ ကိုယ်ဝန်ရှိခြင်းရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရလောက်အောင် ကိုယ်ဝန်အစောပိုင်း ပထမ ၃ လမှာ မူးဝေပျို့အန်ခြင်းကို ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။

Morning sickness ဖြစ်ရင် ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။ ။

ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းဟာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။

ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းတွေ ဖြစ်ရတယ်လို့ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ဖြစ်စဉ်တွေကတော့

  • Oestrogen ခေါ် မဟော်မုန်း များလာတာ
  • သွေးပေါင်ချိန်တွေ ကျလာတာ
  • ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲလာတာနဲ့
  • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလာတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့် မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့လည်း ဆိုပေမယ့် အကြောင်းအရင်း အတိအကျကို ခုထိသေချာမသိကြသေးကြပါဘူး။

ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းကို ခံစားရတယ်ဆိုတော့ သူတို့က ဘယ်လိုလူများလဲ ။ ။

  • အရင် ကိုယ်ဝန် တွေတုန်းကလည်း ပျို့အန်မူးဝေတာတွေ ရှိခဲ့မယ်
  • မျိုးရိုးထဲမှာလည်း ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်တတ်တဲ့သူတွေရှိတယ်
  • ကားမူးတတ်တဲ့အကျင့်လည်းရှိမယ်
  • မ ဟော်မုန်း (oestrogen) ပါတဲ့ သန္ဓေတားဆေးကို သုံးဖူးထားမယ်
  • ကိုယ်အလေးချိန်ကလည်း BMI ၃၀ နှင့်အထက်ဖြစ်တဲ့ အဝလွန်နေတဲ့သူဖြစ်နေမယ်
  • စိတ်ဖိစီးမှု များနေတဲ့သူဖြစ်နေမယ်
  • ၂ မွာပူး ၃ မွာပူး ကိုယ်ဝန်ဆောင်နဲ့
  • သားဦးကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မူးဝေ အော့အန်ခြင်းကို အခြားကိုယ်ဝန်ဆောင်တွေထပ် ပိုပြီး ခံစားရလေ့ရှိပါတယ်။ ။

ဒီလို ကိုယ်ဝန်ဆောင်ချိန်မူးဝေအော့အန်ခြင်းက ကိုယ်ဝန်ဆောင်တိုင်း အနည်းနဲ့ အများခံစားရမယ့် ဝေဒနာတစ်ခုဆိုတော့ သက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

  • ကောင်းကောင်းအနားယူပါ။ မောပန်းခြင်းက မူးဝေအော့အန်ချင်စိတ်ကိုပိုဆိုးစေနိုင်တာကြောင့်ပါ။
  • ရေသောက်ပါ။ တစ်ခါတည်း အများကြီး တစ်ဝသောက်တာထက်စာရင် နည်းနည်းလေးနဲ့ အကြိမ်ရေများများသောက်တာ ပိုကောင်းပါတယ်။ ဒါ့အပြင် အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ် အေးအေးလေးတွေက ခေါင်းကြည်ပြီး လန်းဆန်းစေလို့ ကိုယ်ဝန်ဆောင် မေမေတို့ခံစားရတဲ့ မူးဝေတာကို သက်သာစေမှာပါ။
  • အစားစားပါ။ အစားစားချင်စိတ်မရှိလို့ မူးပြီး အန်ချင်နေလို့ဆိုပြီး ဗိုက်အဆာခံနေရင် မူးဝေခြင်းကိုပိုဆိုးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အစားစားပါ။ နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ အနံ့ပြင်းပြီး အဆီများတဲ့ အစားအသောက်တွေကိုတော့ ရှောင်ပါ။
  • အိပ်ရာကထရင် ဆတ်ကနဲကောက်မထဘဲ ဖြည်းဖြည်းချင်းထပါ။
  • သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
  • မူးဝေတာကို သက်သာစေတဲ့ ဆေးတွေ သောက်ပါ။

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေးကို ထိခိုက်နိုင်လို့ တွေ့ကရာဆေးတွေ လျှောက်သောက်လို့မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်တာ သာအကောင်းဆုံးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://americanpregnancy.org/pregnancy-health/morning-sickness-during-pregnancy/

Accessed Date 7.6.2019

https://www.mayoclinic.org/diseases-conditions/morning-sickness/symptoms-causes/syc-20375254

Accessed Date 7.6.2019

 

ယခုပုံစံ

14/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။

ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ