brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ့်မှာဖြစ်နေတာ Morning Sickness လား... Motion Sickness လား... ဘယ်လိုသိနိုင်မလဲ

ဒီခံစားချက်နှစ်ခုစလုံးက မအီမသာဖြစ်တာချင်းကတေ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကတော့ မတူပါဘူး။ ဒီတော့ကိုယ့်မှာ ခံစားနေရတာက ဘယ်လက္ခဏာလဲဆိုတာ သိဖို့ ဒီဆောင်းပါးလေးဖတ်ရင်း အဖြေထုတ်ကြည့်လိုက်နော်။

ကိုယ့်မှာဖြစ်နေတာ Morning Sickness လား... Motion Sickness လား... ဘယ်လိုသိနိုင်မလဲ

Motion Sickness (ကားမူးခြင်း)

ခရီးသွားတဲ့အခါမျိုးမှာအဖြစ်များပါတယ်။ အမြင်အာရုံနဲ့အကြားအာရုံကောင်းကောင်းမချိတ်ဆက်မိတဲ့အခါမျိုးမှာပေါ့။ ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။

ကားမူးတာကို အဓိကခံစားတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊ အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။ မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနားကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။

ကားမူးနေပြီလား…….

ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။

  • ခေါင်းမူးမယ်
  • သန်းမယ်
  • ညီးစီစီဖြစ်မယ်
  • ချွေးထွက်မယ်
  • မအီမသာဖြစ်မယ်
  • ခေါင်းထဲမှာ မူးဝေနေမယ်
  • အော့အန်မယ်
  • ဖြူဖပ်ဖြူရော်ဖြစ်မယ်
  • ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်
  • အစားစားချင်စိတ်မရှိဖြစ်မယ်
  • တံထွေးတွေ အများကြီးထွက်လာမယ်
  • အသက်ရှုရတာပြတ်တောင်းတောင်းဖြစ်လာမယ်
  • ခြေဖျားလက်ဖျားတွေ အေးစက်လာမယ်
  • ခြေကုန်လက်ပမ်းကျမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

Morning Sickness ( ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း)

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်း ဟော်မုန်းပမာဏအပြောင်းအလဲကြောင့်ဖြစ်တဲ့ မအီမသာဖြစ်စဉ်တစ်ရပ်ပါ။ Morning sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ဆိုတာအမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်ပါ။ အများအားဖြင့်တော့ ကိုယ်ဝန်ဆောင်စဉ် ပထမ ၃ လ အတွင်းမှာ ဖြစ်တတ်ပေမယ့် တချို့တွေကတော့ ဒုတိယ ၃ လ အထိ ခံစားကြရပြီး အချို့ကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံး ပျို့အန်နေကြတတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ….

ကိုယ်ဝန်ကြောင့်ပျို့အန်တာကို ခံစားရတဲ့အခါ

• မူးဝေမယ်

• ပင်ပန်းနွမ်းနယ်မယ်

• အန်ချင်မယ်

• ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်

• တံထွေးတွေအများကြီးထွက်မယ်

• အစားစားချင်စိတ်မရှိဖြစ်မယ် စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာက ပင်ပန်းတယ်ဆိုပေမယ့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဖြစ်သလို ကျန်းမာသန်စွမ်းတဲ့ ဘေဘီလေးမွေးလာမယ်ဆိုတဲ့လက္ခဏာပါ။ ကိုယ်ဝန်ဆောင်ကာလပျို့အန်တဲ့ မေမေတွေက ကလေးပျက်ကျတာ၊ ကလေးအသေမွေးတာမျိုး မဖြစ်ဘူးလို့ လေ့လာမှုတွေကဆိုပါတယ်။

Motion Sickness နဲ့ morning sickness တို့ကြားက ကွာခြားမှုက ရာသီသွေးပုံမှန်ဆင်းတာနဲ့ ရာသီသွေးမဆင်းတာပါ။ ရာသီသွေးလည်းမဆင်းဘူး အပေါ်မှာပြောခဲ့သလို လက္ခဏာတွေလည်း ခံစားနေရပြီဆိုရင် ခံစားနေရတာက ကားမူးတာ မဟုတ်ဘဲ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ပျို့အန်မှုကို ခံစားနေရတာပါ။

ဘယ်လိုသက်သာအောင်လုပ်မလဲ…..

ဒီပြဿနာနှစ်ရပ်စလုံးကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတွေကသိပ်မကွာလှပါဘူး။

ကဲ..ကိုယ်ခံစားနေရတာက Motion Sickness (ကားမူးခြင်း) လား….. Morning Sickness ( ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း) လား….. ဆိုတာ ကိုယ်တိုင်ဆန်းစစ်လိုက်ရအောင်လား လေဒီလေးတို့ရေ…….

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။