ဘေဘီလေးတစ်ယောက်ရဲ့ ရှင်သန်မှုလက္ခဏာက ဘာများဖြစ်မလဲ။ လူကြီးတွေလိုပါပဲ ရှင်သန်မှုလက္ခဏာက နှလုံးခုန်နှုန်းပေါ့။ ဒါဆိုကိုယ်ဝန်စရှိပြီဆိုတာနဲ့ ဘေဘီလေးက နှလုံးစခုန်တာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုယ်ဝန်ဘယ်အချိန်မှာ နှလုံးစခုန်တာလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။
ဘေဘီလေး ဘယ်အချိန်မှာ နှလုံးစဖွံ့ဖြိုးတာလဲ……….
ဘေဘီလေးရဲ့ ပထမဆုံးနှလုံးခုန်နှုန်းကိုကြားရတာက မိဘတိုင်းအတွက် စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ကဲ…ဘေဘီလေးကဘယ်အချိန်မှာ နှလုံးစခုန်တာလဲ…..
ဘေဘီလေးရဲ့နှလုံးက စတင်ဖွံ့ဖြိုးချိန်မှာ ပြွန်ပုံစံမျိုးလေးအနေနဲ့ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီကနေမှ တဖြည်းဖြည်းချင်း အကန့်လေးတွေပါတဲ့ နှလုံးအဖြစ် ဖွံ့ဖြိုးလာတာပါ။ နှလုံးကဘယ်အချိန်မှာ စတင်ဖွံ့ဖြိုးလာသလဲဆိုတော့ သန္ဓေအောင်ပြီး ရက်အနည်းငယ်အကြာမှာ စတင်ဖွံ့ဖြိုးလာတာပါ။
ဘေဘီလေးဘယ်အချိန်မှာ နှလုံးစခုန်မလဲ………..
ဘေဘီလေးက ကိုယ်ဝန်ပထမ ၃ပတ်လောက်မှာစပြီး နှလုံးခုန်ပါတယ်။
ရက်သတ္တပတ် ၃ ပတ် – သန္ဓေအောင်ပြီး ၂၂ ရက်မှာ ဘေဘီလေးက နှလုံးစခုန်ပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းက အရမ်းတိုးသေးတာကြောင့် ကြားရဖို့တော့ ခက်နိုင်ပါသေးတယ်။
ရက်သတ္တပတ် ၅ ပတ် – နှလုံးရဲ့ အခန်းတွေ စတင်ဖွံ့ဖြိုးလာပါပြီ။
ရက်သတ္တပတ် ၆ ပတ် – နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၀၀ ကနေ ၁၆၀ လောက်ရှိလာပါပြီ။ ဘေဘီလေးနှလုံးခုန်တာကို
အယ်လ်ထရာဆောင်းကနေတဆင့် သိနိုင်မှာဖြစ်ပါတယ်။
ရက်သတ္တပတ် ၈ ပတ် – ဘေဘီလေးနှလုံးခုန်နှုန်းက စည်းချက်မှန်လာပါပြီ။
ရက်သတ္တပတ် ၁၀ ပတ် – ဘေဘီလေးနှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၇၀ အထိရှိလာပါပြီ။ မွေးဖွားခါနီးလာချိန်မှာတော့ ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၃၀ ရှိမှာဖြစ်ပါတယ်။
ဘေဘီလေးမှာ ပုံမှန်ရှိနေသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲ…..
ဘေဘီလေးမှာ ပုံမှန်ရှိသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာကို အတိအကျသိဖို့ခက်ပါတယ်။ ဒါပေမယ့် အများစုလက်ခံထားကြတာကတော့ ဗိုက်ထဲက ဘေဘီလေးတစ်ယောက်ဟာ ပုံမှန်အားဖြင့် နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၁၀ ကနေ ၁၅၀ အထိ ဒါမှမဟုတ် ၁၂၀ ကနေ ၁၆၀ အထိပါ။ တကယ်လို့ ဗိုက်ထဲမှာ ဘေဘီလေးက
လှုပ်ရှားမှုတစ်စုံတရာလုပ်မယ်ဆိုရင်တော့ နှလုံးခုန်နှုန်းက အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပြောင်းလဲမှုက စိုးရိမ်ရမယ့် အနေအထားတစ်ရပ်တော့ မဟုတ်ပါဘူး။
ဘေဘီလေးရဲ့နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ်ရေ ၉၀ ပဲရှိတယ်ဆိုရင်တောင်မှ ဒါက
ဘေဘီလေးပုံမှန်ကြီးထွားနေတယ်ဆိုတဲ့ သဘောပါပဲ။ အရမ်းစိုးရိမ်စရာမလိုပါဘူး။ သတိထားရမယ့်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ကာလ ပထမဆုံး အယ်လ်ထရာဆောင်းရိုက်ချိန်မှာ ဘေဘီလေးနှလုံးခုန်နှုန်းက ကျနေတယ်ဆိုရင် အရမ်းစိတ်မပူဖို့ပါ။ အကြောင်းကတော့ ဘေဘီလေးရဲ့ နှလုံးက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အယ်လ်ထရာဆောင်းရိုက်တဲ့အချိန်မှာ စက္ကန့်အနည်းငယ်လောက်ကျဆင်းနိုင်ပါတယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ အရမ်းမစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။
ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ စစ်ဆေးသင့်တဲ့ ဘေဘီလေးရဲ့ နှလုံးခုန်နှုန်း
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေထဲမှာ ဘေဘီလေးရဲ့နှလုံးခုန်နှုန်းကို စစ်ဆေးတာကလည်း တစ်ခုအပါအဝင်ပါ။ အခုလိုအခြေအနေမျိုးတွေရှိနေမယ်ဆိုရင် ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းစစ်ဆေးမှုကို မဖြစ်မနေလုပ်ဖို့လိုမှာပါ။
- မေမေက ဆီးချိုရှိမယ်ဆိုရင်
- မေမေက သွေးတိုးရောဂါရှိမယ်ဆိုရင်
- ဘေဘီလေးရဲ့ ကြီးထွားမှုနှုန်းက နှေးနေမယ်ဆိုရင်
- လမစေ့ခင်မွေးဖွားတာမျိုးမဖြစ်အောင် ဆေးသောက်နေရမယ်ဆိုရင် ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
ဘေဘီလေးနှလုံးဖွံ့ဖြိုးစေဖို့ ဘာတွေဂရုစိုက်ရမလဲ…..
ဗိုက်ထဲက ဘေဘီလေးနှလုံးကောင်းကောင်းဖွံ့ဖြိုးစေဖို့ဆိုရင်တော့ မေမေအနေနဲ့
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။