brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ

ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆီဓါတ်တွေကို လိုအပ်ပါတယ်။ Essential fatty acids (မရှိမဖြစ်လိုအပ်တဲ့ Fatty Acids အဆီဓါတ်)တွေဟာ ကျွန်တော်တို့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါလှပါတယ်။

သူတို့ဟာ ကျန်းမာရေးပြဿနာတော်တော်များများကို ကာကွယ်ပေးနိုင်ဖို့အတွက် လွန်စွာအရေးကြီးတဲ့အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအက်ဆစ်တွေဟာ ကျွန်တော်တို့ကလေးတွေအတွက်ရော ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်စေနိုင်ပါသလဲ။

Essential fatty acid (မရှိမဖြစ် အဆီဓါတ်များ) တွေဟာ ဘာကြောင့်အရေးပါရတာလဲ။

Essential Fatty Acids ( EFAs )တွေဟာ ကျွန်တော်တို့အစားအစာတွေထဲမှာ မရှိမဖြစ်ကို ပါဝင်နေဖို့လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီဓါတ်တွေကို ခန္ဓါကိုယ်က အလိုအလျောက်ထုတ်ပေးလို့မရပါဘူး။

ဒီအက်ဆစ်တွေဟာ အာရုံကြောစနစ်ရဲ့ တစ်သျှူးတွေကို တည်ဆောက်ပေးပြီး အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သူတို့ဟာ သွေးလည်ပတ်မှုစနစ်ကိုလည်းအားကောင်းစေပြီး ခုခံစွမ်းအားကိုတည်ဆောက်ပေးကာ အာဟာရဓါတ်တွေကို ခန္ဓါကိုယ်ကစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

ဒါ့အပြင် ခန္ဓါကိုယ်က ဟော်မုန်းနဲ့တူတဲ့အရာတစ်ခုဖြစ်ပြီး မတူညီတဲ့လုပ်ဆောင်မှုအမျိုးမျိုးကိုဆောင်ရွက်ပေးနိုင်တဲ့ prostaglandins တွေ ထုတ်လုပ်ရာမှာလည်း EFAs တွေကို အသုံးပြုပါသေးတယ်။

EFAs တွေမှာ အဓိကအားဖြင့် အမျိုးအစား၂မျိုးရှိပါတယ်။ ဒါတွေကတော့ အိုမီဂါ-၃ (alpha-linolenic acid ) နဲ့ အိုမီဂါ -၆ (linoleic acid )တွေဖြစ်ပါတယ်။ သူတို့နှစ်မျိုးလုံးဟာ polyunsaturated fatty acid (ပိုလီမပြည့်ဝဆီ) တွေဖြစ်ပြီး ကိုလက်စထရော ပမာဏ လျော့နည်းအောင်၊ ရောင်ရမ်းခြင်းတွေ လျော့ကျအောင်နဲ့ သင့်နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စေအောင် စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။

အိုမီဂါ-၃ အမျိုးအစားတစ်ခုဖြစ်တဲ့ DHA (Docosahexaenoic acid)ဆိုရင် ကလေးတွေရဲ့မျက်စိနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါသလို ဉာဏ်ရည်ထက်မြက်တဲ့သားသမီးတွေဖြစ်လာစေနိုင်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။

သင့်ကလေးအတွက်ဆိုရင် ဘယ်ပမာဏလောက်ဆို လုံလောက်မလဲ။

၁နှစ်ကနေ ၃နှစ်အရွယ်မှာ ကလေးတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် အိုမီဂါ ၆ ကို ၇ဂရမ်နဲ့ အိုမီဂါ ၃ ကို ဝ.၇ဂရမ် ကို နေ့စဉ်လိုအပ်ပါတယ်။ အသက်၄နှစ်မှ ၈နှစ်အတွင်းမှာ ကလေးဟာ နေ့စဉ် အိုမီဂါ ၆ ကို ၁၀ဂရမ်လိုအပ်ပြီး အိုမီဂါ ၃ ကိုတော့ ဝ.၉ဂရမ်လိုအပ်မှာဖြစ်ပါတယ်။

ဒါပေမယ့် နေ့စဉ်လုံလောက်တဲ့ EFA တွေရရှိနိုင်ဖို့ ခက်ခဲနေမယ်ဆိုရင်တော့ သင့်ကလေးမှာလည်း EFA ပမာဏ လုံလောက်စွာရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်လို့သင့်ကလေးက ဗီတာမင်နဲ့သတ္တုဓါတ်တွေ လုံလောက်စွာမရရှိနေဘူးဆိုရင် သူ့ခန္ဓါကိုယ်ကလည်း စားသုံးလိုက်တဲ့ EFA တွေကို စီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူး။

EFA တွေ အလုပ်ဖြစ်မြောက်ဖို့ ဗီတာမင်အေ၊စီ၊အီး နဲ့ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါးစသကဲ့သို့သော သတ္တုဓါတ်တွေကိုလည်း လိုအပ်နေပါသေးတယ်။

သင့်ကလေးဟာ ဒီEFA တွေကို အများကြီးရနိုင်ချင်မှ ရနိုင်မှာပေမယ့် သူတို့ရဲ့နေ့စဉ်အစားအသောက်တွေထဲကနေ အဆီဓါတ်တွေတော့ များများရယူနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ သင်က သင့်ကလေးတွေကို အသွင်ပြောင်းဆီတွေနဲ့ ပြည့်ဝဆီတွေကို ကျွေးမွေးတာကို ရှောင်ရှားသင့်ပါတယ်။

ဒီအရာတွေက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုအမျိုးအစား ၂ စတာတွေကိုဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား အိုမီဂါ၃ နဲ့ အိုမီဂါ ၆ အဆီေတွေကို ရွေးချယ်ပါ။

EFA တွေရဲ့ ရင်းမြစ်များ

အိုမီဂါ ၃ မရှိမဖြစ်အဆီဟာ လတ်ဆတ်တဲ့ အဆီများ ငါး(တူနာနဲ့ ဆယ်လ်မွန်) တွေ၊ ကာနိုလာဆီနဲ့ သစ်ကြားဆီတွေမှာ အများဆုံးတွေ့ရပါတယ်။ အိုမီဂါ ၆ ကတော့ ပြောင်းဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ စပျစ်ဆီနဲ့ primrose အဆီ စတာတွေမှာတွေ့ရပါတယ်။

သင်က အိုမီဂါ၃ ကြွယ်ဝစွာပါဝင်တဲ့ နို့၊ မြေပဲထောပတ်၊ ဒိန်ချဉ်၊ လိမ္မော်ရည်နဲ့ ဥတွေလို စားစရာတွေ ရှာဖွေစားသောက်သင့်ပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆံတွေကလည်း EFA တွေရဲ့ ရင်းမြစ်ကောင်းတစ်ခုပါပဲ။

ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကလေးတွေအတွက်တော့ မသင့်လျော်လှပါဘူး။ သူတို့ဟာ အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်တယ်လေ။ ကျွန်တော်တို့အများစုကတော့ အိုမီဂါ ၆ ပမာဏကို လိုအပ်သည်ထက် ပိုပြီးစားသုံးမိလေ့ရှိပါတယ။် (အဓိကကတော့ ဟင်းသီးဟင်းရွက်ဆီတွေကနေပေါ့)

ဒါကြောင့် အိုမီဂါ ၃ ကြွယ်ဝစွာပါဝင်တဲ့ စားစရာတွေကို ရွေးချယ်ကျွေးမွေးခြင်းအားဖြင့် သင့်ကလေးမှာ မရှိမဖြစ်လိုအပ်သောအဆီ (EFA) လုံလုံလောက်လောက်ရရှိနေပါစေ။

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
မှ ရေးသားသည်။ Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။