brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများသည် လူအများကြားထဲတွင် ဂျီကျလျှင် ဘာလုပ်မလဲ

ကလေးများသည် မူကြိုကျောင်းနေရွယ်အချိန်များတွင် မိဘများကို ဂျီကျတတ်ပါသည်။ ထိုသို့ဖြစ်လျှင် မိဘများသည် စိတ်အလိုမကျခြင်းကြောင့် ထိုသို့ဂျီကျဂျစ်တိုက်ခြင်းများမဖြစ်စေရန် အကောင်းဆုံးလုပ်ပေးနိုင်ရန် ကြိုးစားလာကြပါသည်။ အောက်ပါတို့သည် ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။

ကလေးများသည် လူအများကြားထဲတွင် ဂျီကျလျှင် ဘာလုပ်မလဲ

ကလေးများသည် ပင်ပန်းလာချိန်၊ ဗိုက်ဆာလာချိန်များတွင် ဂျီကျတတ်ကြပါသည်။ ထိုသို့ဖြစ်လာလျှင် ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံများသို့ခေါ်သွားခြင်း၊ အစာများကျွေးခြင်း၊ အနားပေးခြင်း၊ မုန့်များကို လက်တကမ်းတွင် ဆောင်ထားခြင်းများဖြင့် ချော့မြူနိုင်ပါသည်။

ကလေးများသည် စိတ်ရှုပ်လာလျှင် ဂျီကျတတ်ပါသည်။ ကလေးများသည် တိရိစ္ဆာန်ရုံများသို့သွားရန် ပူဆာခြင်းများပြုလုပ်လာပါက တတ်နိုင်သလောက်အချိန်ပေးခြင်း၊ ခရီးသွားခြင်းများပြုလုပ်ရန် စီစဉ်ခြင်းများ ပြုလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် ကလေးများကို အလိုလိုက်ခြင်းမဟုတ်ဘဲ ကလေးများဂျီကျခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းတခုဖြစ်လို သူတို့ခံစားချက်များကို မဖြည့်ဆည်းပေးလျှင် ဖြစ်လာမည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများမဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါသည်။

တခါတရံတွင် ကလေးများဂျီကျသည့် အရာအားလုံးကို လုပ်ပေးရန် မဖြစ်နိုင်ပါ။ ကလေးများသည် အကြောင်းမဲ့သက်သက်လည်း ဂျီကျတတ်ပါသည်။ သူတို့သည် လူကြားထဲတွင် ဂျစ်တိုက်ခြင်းများပြုလုပ်လာလျှင် လွှတ်ထားလိုက်ပါ။ ရိုက်နှက်ခြင်း၊ အော်ငေါက်ခြင်းများ မပြုလုပ်ပါနှင့်။ သို့သော် သင့်ကလေးကို တတ်နိုင်သမျှ ငြိမ်အောင်းကြိုးစားသင့်ပါသည်။

ဂျီကျခြင်းများပြုလုပ်ပြီး ကလေးစိတ်ပြေခါနီးတွင် ကလေးများသည် ဖက်ခြင်း၊ အားပေးစကားများပြောခြင်းတို့ကို လိုချင်တတ်ကြပါသည်။ ထွေးပွေ့ထားခြင်းဖြင့်လည်း ချော့နိုင်ပါသည်။ သို့သော် စည်းကမ်းသည် စည်းကမ်းပင်ဖြစ်ပါသည်။ ဥပမာ- သင်သည် ကစားကွင်းတွင် အချိန်ပြည့်သွားသောကြောင့် အိမ်ပြန်ရန် ပြောချိန်သင့်ကလေးက ဂျီကျနေပါက စည်းကမ်းအတိုင်းအိမ်ပြန်ရမည်ဖြစ်ပါသည်။

ဂျီကျနေသော်လည်း စည်းကမ်းမပျက်စေအောင် လေ့ကျင့် ပေးရမည်ဖြစ်ပါသည်။ သူတို့စိတ်ထဲမှဖြစ်စေချင်သော အရာများကို သိနေသော်လည်း အိမ်ပြန်ချိန်တွင် အခြားအာရုံများပြောင်းအောင် စာအုပ်များ၊ ပုံပြင်များ ဖတ်ပြပေးခြင်းဖြင့် ချော့မြူသင့်ပါသည်။

ကလေးများသည် ဂျီကျတတ်သော သဘာဝရှိပါသည်။ အချို့သည် လူအများကြားထဲတွင် ဂျီကျတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် မိဘများကြောင့် မဟုတ်ပါ။ ကလေးသဘာဝဂျီကျခြင်းသာ ဖြစ်ပါသည်။ အခြားသူများက မိမိတို့ကိုစာနာစိတ်ဖြင့် ကြည့်နေချင် ကြည့်နေပါလိမ့်မည်း။ ထိုသို့ကြည့်ခံရသောကြောင့် မိဘများအနေဖြင့် ရှက်စိတ်များဖြစ်မိမည်ဖြစ်သော်လည်း ကလေးများက ထိုအရာကို နားလည်နိုင်စွမ်းမရှိသေးပါ။ ထို့ကြောင့် ကလေးများကို ပြင်းထန်စွာ မတုန့်ပြန်ဘဲ အိမ်တွင် ချော့မြူသလိုပင် လူအများကြားတွင်လည်း ပြုမူဆက်ဆံသင့်ပါသည်။

ကလေးများသည် အသက်ကြီးလာသည်နှင့် အမျှ ဂျီကျခြင်းများ နည်းသွားမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်လာလျှင် သင့်အနေနှင့် လည်း အပြင်ထွက်ခြင်း၊ အပြင်ဘက်သို့ သွားရလာရအဆင်ပြေလာခြင်းများဖြစ်လာမည်ဖြစ်ပါသည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။