brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရည်အသွေးပြည့်ဝတဲ့ပရိုတင်းနဲ့ တခြားပရိုတင်းဘာကွာခြားလဲ

ကျန်းမာရေးနဲ့အာဟာရ သက်ရှိတိုင်းနဲ့ကင်းကွာလို့မရတဲ့ကိစ္စရပ်ပါ။ အရွယ် ၃ ပါးစလုံးကျန်းမာဖို့လိုသလို အာဟာရမှီဝဲဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။နေ့စဉ်လုံလောက်တဲ့ အာဟာရကိုရရှိမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဖွံ့ဖြိုးဆဲအရွယ်ကလေးတွေက လူကြီးတွေထက် အာဟာရပိုမိုလိုအပ်နိုင်ပါတယ်။ ဒီနေရာမှာပြောစရာလေးတစ်ခုရှိလာပါပြီနော်။ ကလေးက အစားစားသားပဲ ဘာလို့များအာဟာရမပြည့်စရာလဲလို့ပေါ့။ စားတဲ့ အစားအစာတိုင်းက အာဟာရပြည့်မယ်လို့ တရားသေမှတ်ယူထားလို့မရပါဘူးနော်။ကျွေးလိုက်တဲ့အစားအစာတိုင်းက ကလေးအတွက် အာဟာရပြည့်ဝပြီး ကြီးထွားဖွံ့ဖြိုး ဉာဏ်ကောင်းဖို့အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ဗီတာမင်တွေပါဝင်နေတာသေချာဖို့ လိုပါမယ်။

အရည်အသွေးပြည့်ဝတဲ့ပရိုတင်းနဲ့ တခြားပရိုတင်းဘာကွာခြားလဲ

အရည်အသွေးမြင့်ပရိုတင်း

ပရိုတင်းဓာတ်ကို ရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်တွေက အများကြီးပါ။ ဒါပေမယ့် အရည်အသွေးမြင့်ပရိုတင်းကိုရရှိနိုင်တဲ့ အရင်းအမြစ်ကတော့ ရှားပါတယ်။ ပရိုတင်းတိုင်းကို အရည်အသွေးမြင့်ပရိုတင်းလို့ သတ်မှတ်ဖို့က မဖြစ်နိုင်ပါဘူး။ အရည်အသွေးမြင့်ပရိုတင်းဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်ရမှာဖြစ်သလို ကျန်းမာဖို့လိုအပ်တဲ့ သက်စောင့်ဓာတ်တွေလည်း ပါဝင်ရပါဦးမယ်။ အစာကြေလွယ်ပြီး ခန္ဓာကိုယ်က အလျင်အမြန်စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိကလည်း ပိုင်ဆိုင်ဖို့လိုဦးမှာပါ။ အရည်အသွေးမြင့်ပရိုတင်းတစ်ခုဖြစ်၊မဖြစ်ကို တွက်ချက်နိုင်တဲ့ စံနှုန်းလေးတစ်ခုရှိပါတယ်နော်။ ဒါကတော့ PDCAAS ပါ။ အရည်အသွေးမြင့် ပရိုတင်းတစ်ခုဖြစ်ဖို့ဆိုရင် PDCAAS 1 အဆင့်ရှိရပါမယ်။ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပမာဏကိုဖြည့်တင်းပေးနိုင်မှုနဲ့ အစာကြေလွယ်မှုတို့အပေါ်မှာ အခြေခံပြီးပရိုတင်းအရည်အသွေးကိုတွက်ချက်တာပါ။

ပရိုတင်းရဲ့ အခန်းကဏ္ဍ

ခန္ဓါကိုယ်အစိတ်အပိုင်းတွေ၊ တစ်ရှုးတွေ၊ ကြွက်သားတွေနဲ့ဟော်မုန်းတွေအားလုံးကို ပရိုတင်းနဲ့ဖွဲ့စည်းထားတယ်ဆိုတာ သိပါသလား။ အစားအစာတွေကနေရရှိတဲ့ပရိုတင်းက ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ ခန္ဓာကိုယ်ကလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အားဖြည့်ပေးနေတဲ့လောင်စာပါ။ ခန္ဓါကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းက ပရိုတင်းနဲ့ကင်းကွာလို့မရပါဘူး။ ပရိုတင်းက ဒါတွေကိုလည်း လုပ်ဆောင်ပေးပါသေးတယ်။

  • ခန္ဓါကိုယ်တလျှောက်မော်လီကျူးတွေကို ပို့ဆောင်ပေးတယ်
  • ထိခိုက်ပျက်စီးသွားတဲ့ ဆဲလ်တွေကိုပြုပြင်ပေးတယ်
  • ဆဲလ်အသစ်တွေဖြစ်ပေါ်စေတယ်
  • ခန္ဓါကိုယ်ကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်
  • ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုတွေကိုဖြစ်ပေါ်စေတယ်။

ပရိုတင်းဘယ်ကရ

နေ့စဉ်စားသုံးတဲ့အစားအစာတွေကရတယ်လို့တော့ မဖြေနဲ့နော်။ စားလိုက်သမျှအစားအစာတိုင်းမှာ ပရိုတင်းမပါသလို အစားအစာတစ်ခုချင်းစီအလိုက်မှာပါဝင်တဲ့ ပရိုတင်းပမာဏချင်းကလည်း မတူနိုင်ပါဘူး။ ပရိုတင်းရရှိနိုင်တဲ့အစားအစာတွေတိုင်းက အရည်အသွေးမြင့် ပရိုတင်းကို မပေးစွမ်းနိုင်ပါဘူး။ ပရိုတင်းကို ပဲအမျိုးမျိုးကနေရရှိနိုင်သလို နွားနို့၊ ဒိန်ခဲ၊ ပဲနို့၊အနီရောင်အသား၊ ပဲနို့၊ပင်လယ်ငါး၊ ဥအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ပါဝင်နေတဲ့ ပရိုတင်းပမာဏချင်းကတော့ မတူနိုင်ဘူးပေါ့။

ပင်လယ်ငါး – အဆီပါဝင်မှုနည်းပြီး ပရိုတင်းကြွယ်ဝပါတယ်။ နှလုံးကျန်းမာစေတဲ့omega-3 fatty acids ပါဝင်နေပါတယ်။

နို့၊ဒိန်ခဲ နဲ့ ဒိန်ချဉ် – ပရိုတင်းကြွယ်ဝသလို ကယ်လ်ဆီယမ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။

ဥအမျိုးမျိုး – စားရတာအဆင်ပြေလွယ်ကူပြီး ပရိုတင်းဓါတ်ပါဝင်နေတဲ့ အစားအစာတစ်ခုပေါ့။

ပဲအမျိုးမျိုး – ပရိုတင်းအပြင် အမျှင်ဓါတ်ကိုပါရရှိနိုင်ပါတယ်။

ဝက်သား – အဖြူရောင်အသားလို့ပြောလို့ရပါတယ်။ ပရိုတင်းပါဝင်နေတဲ့ အစားအစာအရင်းအမြစ်တွေထဲကတစ်ခုပါ။ အဆီပါတဲ့အဖြူရောင်အသား ပရိုတင်းအရင်းအမြစ်ပါ။

ပဲပိစပ် – အဆီပါဝင်မှုနည်းတဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုပါ။ နှလုံကျန်းမာစေမယ့် အစားအစာတစ်မျိုးပေါ့။

အဆီမပါတဲ့ အမဲသား – ပရိုတင်းကြွယ်ဝသလို ဇင့်ဓါတ်၊ သံဓါတ်နဲ့ဗီတာမင် B12 တို့ပါဝင်နေပါတယ်။ပြည့်ဝဆီလည်းပါဝင်နေတဲ့ ပရိုတင်းအရင်းအမြစ်တစ်မျိုးပေါ့။

ကြက်သား – အဖြူရောင်အသားပါ။ ပရိုတင်းကြွယ်ဝသလို ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့သံဓါတ်၊ကယ်လ်ဆီယမ်၊ဗီတာမင် B1၊ B2 နဲ့ B12 တို့အပြင် သတ္တုဓါတ်တို့ပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် အရေခွံသာဖယ်လိုက်မယ်ဆိုရင် ကြက်သားက အရည်အသွေးမြင့်ပရိုတင်းတစ်ခုရဲ့ ဂုဏ်သတ္တိတွေနဲ့ပြည့်စုံသွားပါပြီနော်။ ကလေးတစ်ယောက်ကြီးထွားဖို့ကနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ကလေးကို ကျန်းမာပျော်ရွှင်စေပြီး ဉာဏ်ရည်ထက်မြက်စေနိုင်တဲ့ အရည်အသွေးမြင့်ပရိုတင်းပါဝင်ဖို့လိုအပ်ပါမယ်။ ဒီလိုဆိုတာနဲ့ ကလေးကို အရည်အသွေးမြင့်ပရိုတင်းရအောင်ဆိုပြီး နေ့တိုင်း ကြက်သားကျွေးမယ်လို့တော့ စိတ်ကူးမနေပါဘူးနော်။ ကလေးကနေ့တိုင်းတော့လည်း ကြက်သားချည်းပဲ ဘယ်စားချင်မလဲ။ ဒီတော့ဘာလုပ်ရမလဲလို့တွေးရခက်နေလား။မေမေတို့ စိတ်ညစ်နေတာကိုဖြေရှင်းပေးနိုင်မယ့် အရည်အသွေးမြင့်ပရိုတင်းတစ်မျိုးဖြစ်တဲ့ BRAND’S ရဲ့ NutriChamp ရှိပါတယ်။ ကလေးကို ဦးနှောက်နဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တို့စုံလင်စွာပါဝင်နေတဲ့ အရည်အသွေးမြင့်အာဟာရကိုဖြည့်တင်းပေးနိုင်မှာပါ။ ကလေးလည်း မငြီးငွေ့ဘဲမေမေတို့လည်း အဆင်ပြေစေမယ်ထင်ပါတယ်နော်။ အကောင်းဆုံးသောအရာကိုမှ မိမိရင်သွေးကိုပေးချင်တဲ့မေမေတို့အတွက်လည်း အကောင်းဆုံးဖြစ်မှာပါ။ အရည်အသွေးမြင့် ပရိုတင်းမှုန့်လေးကို စွပ်ပြုတ်လိုပဲသောက်သောက်၊နို့ထဲပဲထည့်ဖျော်ဖျော် အဆင်ပြေပြေသောက်လို့ရပါတယ်။နေ့ခင်းနေ့လယ် အဆာပြေအတွက်ပဲဖြစ်ဖြစ် မနက်စာဖြစ်ဖြစ်သောက်သုံးလို့ရပါတယ်နော်။

အသက်အရွယ်အလိုက်လိုအပ်နိုင်မယ့် ပရိုတင်းပမာဏ

  • မွေးစကနေကျောင်းနေအရွယ်မတိုင်ခင် တစ်နေ့ကို ပရိုတင်း ၁၀ ဂရမ်ရရှိဖို့လိုပါမယ်။
  • အသက် ၅ နှစ်ကနေ ၁၂ နှစ်အထိ တစ်နေ့ကို ပရိုတင်းပမာဏ ၁၉ ဂရမ် ကနေ ၃၄ ဂရမ် ရရှိဖို့လိုအပ်ပါမယ်။
  • ၁၂ နှစ်ကနေ ၁၆ နှစ်အရွယ်ယောက်ျားလေးတွေမှာဆိုရင် တစ်နေ့ကို ပရိုတင်း ပမာဏ ၅၂ ဂရမ်ရရှိဖို့လိုအပ်မှာပါ။
  • ၁၂ နှစ်ကနေ ၁၆ နှစ်အရွယ် မိန်းကလေးတွေမှာဆိုရင် တစ်နေ့ကို ပရိုတင်း ပမာဏ ၄၆ ဂရမ်ရရှိဖို့လိုအပ်မှာပါ။
  • အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်မှာဆိုရင် တစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်ရရှိဖို့လိုအပ်မှာပါ။
  • အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်မှာဆိုရင် တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်ရရှိဖို့လိုအပ်မှာပါ။
  • ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအနနဲ့ကတော့ တစ်န့ကို ပရိုတင်းပမာဏ ၇၁ ဂရမ်ရရှိဖို့ိလိုအပ်မှာပါ။

အရည်အသွေးမြင့်ပရိုတင်းက ခန္ဒါကိုယ်ကိုကြီးထွားဖွံ့ဖြိုးစေနိုင်သလို ဦးနှောက်နဲ့ဉာဏ်ရည်ကိုလည်း ဖွံ့ဖြိုးေစေနိုင်တာကြောင့် ကလေးတွေအတွက်က မဖြစ်မနေလိုအပ်မယ့် အရာတစ်ခုပါ။ ဒီတော့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ အရည်အသွေးမြင့်ပရိုတင်းနဲ့ ကလေးလေးတွေ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏပြည့်ဝအောင်ကျွေးမွးစောင့်ရှောက်လို့ ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးငယ်လေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။