backup og meta

သင့်ကလေးအတွက် အမျှင်ဓါတ်ပိုရအောင် ဘယ်လိုလုပ်မလဲ

အမျှင်ဓါတ်ဟာ ကလေးတွေကိုပုံမှန်ဝမ်းသွားစေပါတယ်။ ဒါပေမယ့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ကလေးအတော်များများလိုအပ်သလောက် မရနိုင်တာမို့ အကောင်းဆုံး အစားအသောက်တွေတော့ မဟုတ်ပါဘူး။

သင့်ကလေးအတွက် အမျှင်ဓါတ်ပိုရအောင် ဘယ်လိုလုပ်မလဲ

မိဘတွေက ကလေးတွေရဲ့ အစားအသောက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

အကြံပြုချက်များ

သင့်ကလေးလိုအပ်တဲ့ အမျှင်ဓါတ်ပမာဏဟာ ကလေးရဲ့ အသက်ပေါ်မူတည်ပါတယ်။ အသက် ၁ နှစ်ကနေ ၃ နှစ်ကြားကလေးတွေဟာ တစ်နေ့ကို ၁၉ ဂရမ် လိုအပ်ပါတယ်။ ၄ နှစ်ကနေ ၈ နှစ်ကြား ကလေးတွေကတော့ ၂၅ ဂရမ်လိုအပ်ပါတယ်။ အသက် ၉ နှစ်ကနေ ၁၃ နှစ်ကြား မိန်းကလေးတွေက ၂၆ ဂရမ်လိုအပ်ပြီး ယောက်ျားလေးတွေက ၃၁ ဂရမ် လိုအပ်ပါတယ်။

ကလေးတွေဟာ သူတို့မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ရော၊ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါ ရရှိဖို့အတွက် အရင်းအမြစ် အတော်များများက အမျှင်ဓါတ်ကို လိုအပ်ပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ဟာ အသီး၊ ပဲ၊ oats တွေထဲမှာ တွေ့ရပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ကိုတော့ whole grains နဲ့ အသီးအရွက်တွေထဲမှာ တွေ့နိုင်ပါတယ်။

အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအစာများ

သင့်ကလေးကို သဘာဝအတိုင်း အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားဖို့ အားပေးခြင်းဟာ သူတို့လိုအပ်တဲ့ ပမာဏ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ အသီးအရွက်မျိုးစုံကို ပေးစားခြင်းဟာ ကလေးက ဘယ်အရာကို ကြိုက်တယ်ဆိုတာကို ဆုံးဖြတ်စေနိုင်ပါတယ်။

အသီးကို အရည်ညှစ်ပြီး တိုက်ခြင်းထက် လတ်ဆတ်တဲ့ အသီးတွေကို ကျွေးသင့်ပါတယ်။ အမျှင်ဓါတ် ကြွယ်ဝတဲ့ အခွံကို စားဖို့ ကလေးကို အားပေးသင့်ပါတယ်။ မနက်စာ cereals တွေ အစား တစ်ခါစားရင် အမျှင်ဓါတ် ၃ ဂရမ်နဲ့ အထက်ကို ကျွေးသင့်ပြီး whole grain ပေါင်မုန့်၊ ဆန် နဲ့ ခေါက်ဆွဲတို့ကို ကျွေးသင့်ပါတယ်။

သင့်ကလေး စိတ်ဝင်စားနိုင်တဲ့ cereal ကတော့

Granola

Granola ဟာ အမေရိကန်မှာ လူသိများတဲ့ မနက်စာ cereal ပဲဖြစ်ပါတယ်။ သူဟာ အမျှင်ဓါတ် ကြွယ်ဝပြီး အတောင့်ပုံစံ ထုတ်ပိုးထားကာ ကလေးတွေ အကြိုက်ဖြစ်ပါတယ်။

အမျှင်ဓါတ် ထည့်ခြင်း

တကယ်လို့ သင့်ကလေးဟာ အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားဖို့ မနှစ်သက်ဘူးဆိုရင် ပုံမှန်အစာစားချိန်တွေမှာ အမျှင်ဓါတ်ကို ထပ်ထည့်ပေးနိုင်ပါတယ်။ ကျိတ်ထားတဲ့ flax တွေကို cereals (သို့) ဒိန်ချဉ်ထဲ၊ အသီးအချို့ကို ကိတ်မုန့်၊ ဝေဖာ၊ oatmeal တွေ ထဲကို ထည့်နိုင်ပါတယ်။

ပဲစေ့တွေကို စွပ်ပြုတ်၊ အသုတ်၊ စတူး တွေထဲကို ထည့်နိုင်ပါတယ်။ အိမ်မှာ မုန့်လုပ်ရင် whole wheat flour သို့မဟုတ် oatmeal ကိ အစားထိုးသင့်ပါတယ်။

အချို့ပါဝင်ပစ္စည်းတွေကို ကလေးရဲ့ အရသာကောင်းစေဖို့ ထပ်ဖြည့်နိုင်ပါတယ်။ ဥပမာ – အမျှင်ဓါတ် ကြွယ်ဝတဲ့ granola ကို ဒိန်ချဉ်ထဲ ထည့်နိုင်ပါတယ်။ ဒါ့ပြင် အမျှင်ဓါတ်များတဲ့ အစားအသောက်တွေကိုလည်း ပေါင်းစပ်နိုင်ပါတယ်။

ဥပမာ

  • Whole grain cereals, cereals
  • ပန်းသီး
  • လိမ္မော်သီး
  • ငှက်ပျောသီး
  • Raspberry
  • Screen
  • သစ်တော်သီး
  • ပဲစိမ်း
  • ပဲ (ပဲခြောက်၊ ပဲပင်ပေါက်)
  • Artichoke
  • မက်မွန်သီး

ထည့်သွင်းစဉ်းစားပါ။

အမျှင်ဓါတ်ကို ရုတ်တရက်များပြားစွာ ထည့်သွင်းခြင်းဟာ ကလေးကို အစာခြေ လမ်းကြောင်း ပြဿနာတွေနဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တာကြောင့် အမျှင်ဓါတ်ကို ရုတ်တရက် မြှင့်ပြီး မကျွေးသင့်ပါဘူး။

ဒီလိုလုပ်မယ့်အစား ရက်သတ္တပတ်ပေါင်းများစွာ ဖြည်းဖြည်းချင်း မြှင့်သင့်ပြီး အမျှင်ဓါတ်များတဲ့အစားအစာတွေဟာ အိမ်မှာ ပုံမှန်စားကျင့် ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။

ဒီဆောင်းပါးမှ တစ်ဆင့် အမျှင်ဓါတ်ကို အစားအသောက်တွေထဲကို ဘယ်လိုထည့်ရမလဲဆိုတာ သိရှိနိုင်ပါတယ်။ သင့်ကလေးဟာ ဒီလိုကောင်းတဲ့ အကျင့်သစ်မှာ မကြာမီ နေသားကျမယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fiber and your child http://kidshealth.org/en/parents/fiber.html Accessed on March 25, 20117
How to get more fibre into your diet
http://www.nhs.uk/Livewell/Goodfood/Pages/how-to-get-more-fibre-into-your-diet.aspx Accessed on March 25, 2017

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ