လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်ငယ်လေးတွေကို တိုက်ကျွေးခြင်းနဲ့ ကွာခြားမှုရှိပါတယ်။ တစ်နှစ်ပြည့် မွေးနေ့မှာ ကလေးငယ်ဟာ အစာအမာတွေကနေ လိုအပ်တဲ့ အာဟာရတွေကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။
အတော်များများဟာ နွားနို့ကိုတောင် သောက်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်ကို ဘယ်နှစ်ကြိမ် မိခင်နို့တိုက်ကျွေးသင့်တယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။
လမ်းလျှောက်တတ်ကာစ ကလေးကိုနို့တိုက်ခြင်း -အသစ်အဆန်း မဟုတ်ပါဘူး။
လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့တိုက်ခြင်းဟာ အသစ်အဆန်းမဟုတ်ပါဘူး။ တကယ်တော့ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုမှာ ပုံမှန်ဖြစ်ပြီး သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
WHO က ပထမ ခြောက်လမှာ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသင့်ပြီး နို့ချိုတိုက်ကျွေးခြင်းကို ကလေးအသက် နှစ်နှစ်အထိ ဆန္ဒရှိရင် တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။
ဆက်လက်မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အစားချေးများတဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို အစာစားချင်စိတ် ဖြစ်စေပါတယ်။ တကယ်တော့ မိခင်နို့ပြောင်းလဲမှုတွေဟာ ကလေးငယ်ရဲ့ အာဟာရဆိုင်ရာ လိုအပ်ချက်တွေအတိုင်း ဖြစ်လာတာ ဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ငှက်ကလေးတစ်ကောင်လောက်သာ စားတယ်ဆိုရင် သူတို့ရဲ့ အစာချေးများခြင်းကြောင့် ဖြစ်လာတဲ့ အာဟာရချို့ယွင်းချက်တွေကို မိခင်နို့က ဖြည့်တင်းပေးနိုင်ပါတယ်။
အစာစားချိန်မှာ မိခင်နို့ကြောင့် အစာစားခြင်း အနှောင့်အယှက်မဖြစ်အောင်တော့ သတိပြုသင့်ပါတယ်။ ကလေးအတွက် ကောင်းတဲ့ အစားအသောက်တွေကိုလည်း ကျွေးသင့်ပါတယ်။
လမ်းလျှောက်တတ်ကာစကလေးငယ်ကို ဘာကြောင့် နို့တိုက်သင့်တာလဲ။
ရောဂါကာကွယ်ရန် ။ ။ မိခင်နို့ဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာကြောင့် အအေးမိခြင်း၊ နားရောဂါပိုးဝင်ခြင်း၊ ဓါတ်မတည့်ခြင်း၊ အခြားအဖြစ်များတဲ့ ရောဂါတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ သူတို့ ဖျားနာရင်တောင်မှ မိခင်နို့က သူတို့ကို အမြန်ပြန်ကောင်းစေပါတယ်။
အနာဂတ်မှာ ကျန်းမာရေးပိုကောင်းခြင်း ။ ။ သုတေသန တစ်ခုက မိခင်နို့သောက်ရတဲ့ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေမှာ သူတို့အသက်ကြီးလာတဲ့အခါ သွေးမတိုးခြင်း၊ ကိုလက်စထရော ကျဆင်းခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ သူတို့မှာ အဝလွန်ခြင်း (သို့) ဆီးချို အမျိုးအစား ၂ ဖြစ်နှုန်းတွေလည်း နည်းနိုင်ပါတယ်။
ဉာဏ်ပိုကောင်းခြင်း ။ ။ ကျွမ်းကျင်သူတွေက အချိန်ကြာကြာ ပုံမှန် မိခင်နို့သောက်တဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေဟာ မိခင်နို့မှာ အိုမီဂါသရီးဖက်တီးအက်ဆစ် နဲ့ DHA ပါဝင်တာကြောင့် ပိုဉာဏ်ကောင်းကြတယ်လို့ ဆိုပါတယ်။
သက်တောင့်သက်သာဖြစ်ခြင်း။ ။ ချိုလိမ်တွေလိုပဲ မိခင်ရင်သားဟာ စိတ်မကြည်ဖြစ်နေတဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို စိတ်သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
တိတ်ဆိတ်ငြိမ်သက်ချိန်။ ။ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို စူးစမ်းချင်စိတ်၊ ကျွမ်းကျင်မှု အသစ်တွေ သင်လိုစိတ်၊ အရာရာကို သိလိုစိတ်တွေ များပြားနေပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့တိုက်ခြင်းဟာ အလုပ်ရှုပ်တဲ့ သူတို့လေးတွေရဲ့တစ်နေ့တာအတွင်းမှာ သူတို့လိုအပ်တဲ့ အနားရခြင်းကိုလည်း ဖြစ်စေမှာ ဖြစ်ပါတယ်။
[embed-health-tool-vaccination-tool]

















