အိမ့်ဆည်းလည်းလေးတွေကို ဒေါင်ဒေါင်မြည်တဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးလာဖို့က ဖဖေမေမေတွေရဲ့အတွေးမှာ အမြဲစိုးမိုးနေတဲ့အရာပါ။ ကိုယ့်အတွက်ကအသာထား သူတို့လေးတွေအတွက်အာဟာရဖြစ်မယ်ဆို ဘယ်ကဖြစ်ဖြစ်လေ့လာမေးမြန်းဖို့၊ ရှာဖွေဖို့၊ စီမံချက်ပြုတ်ကျွေးဖို့ မေမေတို့က အဆင်သင့်ပါပဲ။ ကျန်းမာတဲ့၊ဉာဏ်ကောင်းတဲ့၊ ထွားတဲ့ကလေးတွေမြင်ရင် ဘာတွေကျွေးလဲ၊ ဘာအားဆေးတိုက်လဲလို့ အဲဒီကလေးရဲ့မေမေကိုမေးလိုက်ရမှ။
ကလေးတစ်ယောက်ရဲ့ကျန်းမာဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အဓိကအားဖြည့်ပေးနိုင်တာက မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဆိုတာ လူတိုင်းနီးပါးသိထားကြပြီးဖြစ်မှာပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေလည်း မပါမဖြစ်ပြည့်ဝနေဖို့လိုသလို ပရိုတင်းလို့ခေါ်တဲ့ အသားဓါတ်ကလည်း အရမ်းအရေးကြီးတယ်ဆိုတာမမေ့ဖို့လိုပါတယ်။ သူများကလေးတွေကို ဘာအားဆေးတိုက်လဲမေးလိုက်၊ တိုက်ကျွေးကြည့်လိုက် လုပ်နေမယ့်အစား ကလေးအတွက်လိုအပ်မယ့် အာဟာရဓါတ်တွေကို အစားအစာမှာမပါမဖြစ် ညီညွတ်မျှတအောင် စီမံထည့်သွင်းပေးပါ၊ လိုအပ်နိုင်မယ့်အာဟာရကို ဘေးကင်းစိတ်ချရတဲ့ ဖြည့်စွက်အာဟာရတွေကနေ ရယူရပါမယ်။
ပရိုတင်း ဘာလို့ အရေးကြီးတာလဲ
ပရိုတင်းဓါတ်က ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှူးတွေရဲ့ဖြစ်တည်မှု၊ ထိန်းသိမ်းမှု၊ အစားထိုးဖြစ်ပေါ်မှုတွေအတွက်အကျိုးပြုပါတယ်။ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ ကိုယ်ခံအားစနစ်တို့မှာလည်း အများစုကို ပရိုတင်းနဲ့ဖွဲ့စည်းလုပ်ဆောင်တာပါ။ ပရိုတင်းပါတဲ့ အစားအသောက်တစ်ခုခုစားလိုက်တဲ့အခါ ပရိုတင်းမော်လီကျူးလေးတွေကို သီးခြားတာဝန်တွေအတွက် ခန္ဓါကိုယ်က အသုံးချပါတယ်။ ဥပမာ ခန္ဓါကိုယ်ကဟေမိုဂလိုဘင်ထုတ်လုပ်ဖို့ ပရိုတင်းကိုသုံးတာမျိုး။ တခြားပရိုတင်းတွေကိုတော့ နှလုံးကြွက်သားအပါအဝင် ကြွက်သားတည်ဆောက်မှုတွေမှာ သုံးပါတယ်။
ကလေးတွေမှာ အာဟာရပြည့်ဖို့၊ ဖွံ့ဖြိုးကျန်းမာဖို့ ဘာလို့ပရိုတင်းအရေးကြီးတာလဲဆိုတော့ –
- ပရိုတင်း ၁ ဂရမ်က ၄ ကယ်လိုရီထောက်ပံ့ပေးနိုင်လို့ ခွန်အားဖြစ်စေတယ်။
- လူ့ခန္ဓါကိုယ်ရဲ့ဆဲလ်တစ်ခုချင်းစီမှာ ပရိုတင်းပါဝင်လို့ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်ကိုအရေးပါတာပေါ့။
- ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့၊ ဆဲလ်နဲ့တစ်ရှူးတွေပြန်လည်ကောင်းမွန်စေဖို့ ပရိုတင်းလိုအပ်ပါတယ်။
- အရေပြား၊ အရိုး၊ ဆံပင်၊ လက်သည်းခြေသည်း၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာမှုအတွက် အရေးပါပါတယ်။
- သွေးခဲခြင်း၊ဟော်မုန်းနဲ့အင်ဇိုင်းထုတ်လုပ်မှု၊ အရည်ဓါတ်ထိန်းညှိမှုတို့လို ဇီဝလုပ်ငန်းစဉ်တွေအတွက်လည်း မရှိမဖြစ်အရေးပါပါတယ်။
ဒီလုပ်ဆောင်ချက်တွေအားလုံးဟာ ကလေးအတွက်အရေးကြီးတာတွေချည်းမို့ ပရိုတင်းဓါတ်ကို ထိုက်သင့်မှန်ကန်တဲ့ပမာဏတော့ ရရှိဖို့ လိုကိုလိုအပ်ပါတယ်။ ကလေးငယ်ငယ်တွေဆို ပျမ်းမျှအားဖြင့် တစ်နေ့ကို ပရိုတင်းပမာဏ ၁၀ ဂရမ်လိုအပ်ပြီးကျောင်းနေအရွယ်ဆိုရင်တော့ တစ်နေ့ကို ၁၉ ဂရမ်ကနေ ၃၄ ဂရမ်အထိလိုအပ်ပါတယ်။
ကလေးများအတွက် အကောင်းဆုံးပရိုတင်းအရင်းအမြစ်
ပရိုတင်းများများရနိုင်မယ့် အရင်းအမြစ်တွေကတော့ နို့ထွက်ပစ္စည်း၊ အသား၊ ငါး၊ ကြက်ဥဘဲဥ၊ အပင်ထွက်ပရိုတင်းတွေ(ပဲ၊ အစေ့အဆန်တို့လို) ပါဝင်တယ်ဆိုတော့ ကလေးကိုကျွေးမယ့်အာဟာရထဲ ဒါတွေ ပါအောင်စီစဉ်ရမှာပေါ့။ ထမင်းကျွေးတဲ့အခါ အသားဓါတ်ပါအောင် စီစဉ်ပေးလည်း လုံလောက်တဲ့ပမာဏ စားမိဖို့အရေးကြီးပါတယ်။စားသုံးမိတဲ့ပမာဏကနည်းရင်နည်းမယ်၊ ခန္ဓါကိုယ်က စုပ်ယူနိုင်စွမ်းကွာဦးမယ်၊ အသားသိပ်မကြိုက်တဲ့ကလေးလည်းဖြစ်ရင်ဖြစ်မယ်၊ အကြောင်းအမျိုးမျိုးကြောင့် ပရိုတင်းအလုံအလောက်မရနိုင်တာရှိနိုင်တယ်။
ဒီတော့ လိုအပ်နေတဲ့ ပမာဏကို ဘာနဲ့ဖြည့်မလဲ။ ဒီအရင်းအမြစ်တွေပါတဲ့ သရေစာလေးတွေဖန်တီးပေးမယ်၊ကျွေးမယ်ပေါ့။ ဥပမာ ပဲနို့၊ နွားနို့၊ ပူတင်း၊ အသားပေါင်း စသည်ဖြင့်မေမေတို့ကျွေးတဲ့အခါ သတိထားသင့်တာက ကလေးရဲ့ခန္ဓါကိုယ်ကစုပ်ယူမယ့်အထဲမှာ ပရိုတင်းထက် တခြားအကျိုးမပြုတဲ့အရာတွေပါ တပေါင်တည်းပါမသွားစေဖို့ပါပဲ။ ပဲနို့ဆိုလည်း အချိုမများမှ၊ တခြားသရေစာတွေဆိုလည်း အပြင်ကဝယ်ကျွေးရင် ကလေးအတွက်အကျိုးမပြုတဲ့ တာရှည်ခံပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေ၊ အနံ့တု၊အရသာတုတွေ ပါလာနိုင်လို့ ချင့်ချိန်ရွေးချယ်သင့်ပါတယ်။
ကလေးအတွက်အကောင်းဆုံး ပရိုတင်းအရင်းအမြစ်ကိုရွေးချယ်တဲ့နေရာမှာ အရင်ဆုံးစဉ်းစားရမှာကဘေးကင်းစိတ်ချရမှု၊ အရည်အသွေးသာလွန်မှုနဲ့ ထိရောက်မှုပဲဖြစ်ပါတယ်။ ကလေးရဲ့တစ်နေ့တာအာဟာရမှာ ပရိုတင်းလိုအပ်မှုပမာဏလုံလောက်တဲ့အထိ မရရှိနိုင်ခဲ့ရင် ထိရောက်စွာကူညီပေးနိုင်မှာက ပရိုတင်းမှုန့်တွေရှိပါတယ်။ ကလေးကအစားနည်းတယ်၊ အစားချေးများတယ်ဆိုပါစို့။ အာဟာရဓါတ်တွေရမယ့်အစားအသောက်ကိုမှရှောင်ပြီး နှစ်သက်မယ်ဆို ဘယ်လိုလုံလောက်နိုင်ပါ့မလဲ။ သူ့ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် NutriChamp အရည်အသွေးမြင့် ပရိုတင်းမှုန့်နဲ့မှ အဆင်ပြေလွယ်ကူနိုင်ပါလိမ့်မယ်။
အရည်အသွေးမြင့် ပရိုတင်းမှုန့်ကအစားအသောက်နဲ့တင်မလုံလောက်တဲ့ ပရိုတင်းပမာဏကို အပိုဖြည့်တင်းပေးနိုင်မယ့်အပြင် အရည်ဖျော်သောက်ရမှာဖြစ်လို့ ခန္ဓါကိုယ်ရဲ့စုပ်ယူမှုပိုမြန်ဆန်စေတယ်။ NutriChamp ဆိုတာ ဗီတာမင်B1၊ B2 ၊B6 နဲ့ B12 အပြင် ကယ်လ်စီယမ်နဲ့ သံဓါတ်တို့လို ဗီတာမင်နဲ့သတ္တုဓါတ် ၁၈ မျိုးပါဝင်တယ်၊ စုပ်ယူမှုမြန်ဆန်မှုအဆင့်သတ်မှတ်ချက်(PDCAAS) ကိုအမြင့်ဆုံး နံပါတ် ၁ ရရှိထားတဲ့ အရည်အသွေးမြင့်ပရိုတင်းမှုန့်ဖြစ်ပါတယ်။ ဒါကြောင့် ထမင်းသိပ်မစားတဲ့ကလေးတွေဆိုရင်တောင်နေ့စဉ်အာဟာရအဖြစ် ပုံမှန်တိုက်ပေးရင် ကြီးထွာဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါ ရရှိနိုင်မှာပါ။ ကြက်သားကိုအခြေခံပြီး နည်းစနစ်အဆင့်ပေါင်းများစွာကျော်ဖြတ်ပြီးမှ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့်ပရိုတင်းဖြစ်လို့ဘေးကင်းမှုအတွက်လည်း စိတ်ချရပါတယ်။ရေနွေး သို့မဟုတ် နွားနို့နဲ့ရောစပ်တိုက်ကျွေးလို့ရသလို ကလေးနှစ်သက်တဲ့အစားအစာတွေမှာလည်း ထည့်ကျွေးလို့ရပါတယ်။