backup og meta

ကလေးများအတွက် အကျိုးပြု အိုမီဂါ

Omega 3 နဲ့ Omega 6 fatty acidsတွေက လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေဖြစ်ပါတယ်။သူတို့နှစ်မျိုးလုံးဟာ polyunsaturated fatty acid (ပိုလီမပြည့်ဝဆီ) တွေဖြစ်ပြီး ကိုလက်စထရော ပမာဏ လျော့နည်းစေတယ်၊ ရောင်ရမ်းခြင်းတွေ လျော့ကျစေတယ်၊ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။

ကလေးများအတွက် အကျိုးပြု အိုမီဂါ

အဆီလျှော့စားပါ၊ အဆီရှောင်ပါဆိုလို့ အဆီဓါတ်အားလုံးကိုရှောင်လို့လည်းမဖြစ်ဘူးနော်။ ဒီလိုအကျိုးပြုအဆီတွေကို ဖယ်ထားမယ်ဆိုရင် ပိုမကျန်းမာလာတဲ့အပြင် လိုအပ်တဲ့အာဟာရတွေမပြည့်စုံဘဲနေပါလိမ့်မယ်။ အခုမှ စတင်ဖွံ့ဖြိုးကာစ ကလေးတွေဆို ပိုပြီးလိုအပ်နေပါတယ်။ ကလေးတွေအတွက် အကျိုးပြု fatty acidတွေ ဘာကြောင့်လိုအပ်တာလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်နော်။

Omega 3 နဲ့ 6 Fatty Acidsတွေက ဘာအကျိုးကျေးဇူးတွေရှိတာလဲ

Omega 3 နဲ့ 6 fatty acidတွေက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။Omega 3 ဆိုရင် ခန္ဓါကိုယ်အတွက်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်ပါ မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။Omega 3 နဲ့ 6 က ကလေးတွေမှာဖြစ်တတ်တဲ့ တက်ကြွလှုပ်ရှားမှုလွန်ကဲတဲ့ (ADHD)ရောဂါ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်တယ်လို့ သုတေသနစစ်တမ်းတွေကဖော်ပြခဲ့ပါတယ်။ တခြားအကျိုးကျေးဇူးတွေကို ဖတ်ကြည့်ပါဦး –

  • ဉာဏ်ရည်ဖွံ့ဖြိုးမှု Omega 3 အမျိုးအစားဖြစ်တဲ့ DHA က ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အဓိကအထောက်အကူပေးပါတယ်။ DHA ရရှိမှုမလုံလောက်ခဲ့ရင် ကလေးတွေမှာ မှတ်ဉာဏ်ပြဿနာတွေနဲ့ သင်ယူလေ့လာနိုင်စွမ်းတွေမှာ ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။
  • အမြင်အာရုံဖွံ့ဖြိုးမှုခန္ဓါကိုယ်က မျက်စိမြင်လွှာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆဲလ်တွေကို ထုတ်ပေးနိုင်ဖို့အတွက် DHA ကို အသုံးပြုပါတယ်။ ဒါ့ကြောင့် DHAပြည့်ဝရင် ကလေးတွေမှာ မျက်စိနဲ့ပတ်သက်တဲ့ပြဿနာမရှိဘဲ အမြင်အာရုံ တအားကောင်းနေတာတွေ့ရပါလိမ့်မယ်။
  • နှလုံးကျန်းမာခြင်း -DHA ဟာ ဆံချည်မျှင်သွေးကြောလေးတွေမှာသွေးလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့ အကျိုးပြုအဆီါ်ဓါတ်ဖြစ်လို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။Omega-3 ကသွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။
  • ဆီးချိုသွေးချိုကာကွယ်ခြင်း –ဆီးချိုသွေးချိုရောဂါက အကျိုးပြုကိုလက်စထရောဓါတ်ေတွနည်းပါးသူတွေမှာတွေ့ရတတ်ပါတယ်။Omega-3 က ကလေးတွေမှာ အကျိုးပြုကိုလက်စထရောဓါတ်ကိုမြင့်စေတာကြောင့်နောက်ပိုင်းမှာ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်ကိုလျော့နည်းစေပါတယ်။
  • ပြုမူလုပ်ဆောင်နိုင်စွမ်း –့လေ့လာမှုအထောက်အထားတွေအရ Omega-3 နဲ့ 6 fatty acidတွေက ကလေးတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းနဲ့ ပညာရေးစွမ်းဆောင်ရည်တွေကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။
  • အာရုံစူးစိုက်မှုပိုကောင်းခြင်း –အစားအသောက်ကနေ အကျိုးပြုအဆီဓါတ်တွေအပြည့်အဝရရှိထားတဲ့ ကလေးတွေဟာ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းပါတယ်။
  • မှတ်ဉာဏ်ပိုကောင်းခြင်း –Fatty acidsတွေဟာ ဦးနှော်က်ရဲ့မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေလို့ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေ အဖြစ်ကြီးပြင်းလာဖို့အထောက်အကူပြုပါတယ်။
  • ပန်းနာရင်ကျပ် –Omega-3 က အသက်ရှူလမ်းကြောင်းထဲမှာရောင်ရမ်းမှုကိုလျော့ပါးစေတာကြောင့် ကလေးတွေမှာ ပန်းနာရင်ကျပ်ြဖစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

ဘယ်အရင်းအမြစ်တွေကနေ ရရှိနိုင်မလဲ

နေကြာဆီ၊ပြောင်းဖူးဆီ၊ သစ်ကြားသီး၊ ပဲပိစပ်၊ နှမ်း စတာတွေမှာOmega-6 ကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးအတွက် တစ်နေ့တာလိုအပ်တဲ့ Omega-3 ပမာဏကို ဒီအစားအစာတွေကနေရရှိနိုင်ပါတယ် ။

  • ဆယ်လ်မွန်ငါး
  • ငါးသေတ္တာငါး
  • တူနာငါး
  • ကမာ
  • ပုဇွန်
  • အမဲသား
  • သစ်ကြားသီး
  • ပင်ပွားစေ့ တို့ ပါဝင်ပါတယ်။

ဒီနှစ်မျိုးစလုံးကို အားဖြည့်ထုတ်လုပ်ထားတဲ့ တခြားအစားအသောက်တွေ့ကလည်းရရှိနိုင်ပါသေးတယ်။ ဥပမာ နို့၊ ဒိန်ချဉ်၊ ဖြည့်စွက်အာဟာရမှုန့်၊ကွေကာ တို့အပြင် အားဆေးတွေလည်း ရှိပါတယ်။ ကဲ ဒီဆောင်းပါးလေးဖတ်ပြီးပြီဆိုရင် ကလေးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုလမ်းခရီးမှာ လိုအပ်တဲ့ အာဟာရဓါတ်တွေ မလစ်လပ်စေဘဲ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ဆက်ကြိုးစားကြရအောင်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.eatright.org/food/vitamins-and-supplements/types-of-vitamins-and-nutrients/do-kids-need-omega-3-fats

Accessed Nov 1, 2018.

https://www.babycentre.co.uk/x560988/can-i-give-my-toddler-omega-3-fish-oil-supplements

Accessed Nov 1, 2018.

https://www.webmd.com/diet/features/who-needs-omega-3s#1

Accessed Nov 1, 2018.

https://www.mottchildren.org/health-library/hn-10007437

Accessed Nov 1, 2018.

https://www.momjunction.com/articles/benefits-of-omega-3-fatty-acids-for-kids_00349616/#gref

Accessed Nov 1, 2018.

 

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်

ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ