brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

ကလေးတွေအတွက် ထုတ်တဲ့အစားအစာတိုင်းဟာ သူတို့အတွက်မကောင်းနိုင်ပါဘူး။ တချို့တွေက အာဟာရမဖြစ်တဲ့အပြင် သကြားဓာတ်တွေလည်း အရမ်းများပါတယ်။ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာ(၅)ခုကို ပြောပြပါ့မယ်။

ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

(၁) ကွေကာအုပ်

ကွေကာအုပ်တွေဟာ ကလေးအများစုအတွက်မနက်စာပါ။ Whole-grains ဆိုတဲ့စကားလုံးက မိဘတွေကို ကျန်းမာရေးအတွက်ကောင်းစေတယ်လို့အထင်မှားစေပါတယ်။ တကယ်တမ်းတော့ အဲဒါတွေကအမျှင်ဓာတ်အနည်းငယ်သာပါပြီးအချိုတွေကယ်လိုရီတွေနဲ့ပြည့်နှက်နေပါတယ်။ Cereals ဝယ်တဲ့အခါမည်သည့်သကြားအမျိုးအစားပဲဖြစ်ဖြစ်များများမပါစေရန်သတိထားဝယ်ပါ။ အဆင်ပြေရင် အသားဓာတ်နှင့်အမျှင်ဓာတ်အနည်းဆုံး ၃ဂရမ်ပါတဲ့ Cereals ကိုရွေးပါ။

(၂) ဟော့ဒေါ့

ဟော့ဒေါ့လိုမျိုး စက်ရုံထုတ်အသားတွေဟာ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုက်တွေ ပါဝင်ပါတယ်။ အနီရောင်ရှိသောအသားများနဲ့ စက်ရုံထုတ်အသားတွေဟာနှလုံးရောဂါ၊လေဖြတ်ခြင်းနဲ့ ဆီးချိုတွေကိုဖြစ်စေတတ်ပါတယ်။ အဲဒီဟော့ဒေါ့တွေမှာ ဆိုဒီယမ်နဲ့ပြည့်ဝဆီတွေ ပါဝင်ပါတယ်။ ပြီးတော့အာဟာရလုံးဝမရှိတဲ့ အငန်တွေ၊ ဂျုံများတဲ့ပေါင်မုန့်တွေနဲ့ တွဲဖက်စားရပါသေးတယ်။

(၃) ကြက်ကြော်

ကြက်ကြော်တွေဟာ ကလေးတွေအပြင်မှာစားတဲ့အခါ အကြိုက်ဆုံးအစားအစာပါ။ လူကြိုက်များဆုံးFast Foodဆိုင်တွေဟာ အနည်းဆုံးကြက်ကြော်ကိုတွဲဖက်အစားအစာအနေနဲ့တော့ ရောင်းကြပါတယ်။ အဲဒါတွေကို antifoaming agentခေါ်တဲ့ စွဲလမ်းစေသော dimethylpolysiloxaneခေါ် ဒြပ်ပေါင်းတစ်ခု ထည့်ပြီးကြော်ထားပါတယ်။ သင့်ကလေးက ကြက်ကြော်ကြိုက်တတ်တယ် ဆိုရင်တော့ အိမ်မှာ ကြော်ကျွေးတာ အကောင်းဆုံးပဲပေါ့။

(၄) ဂျယ်လီသကြားလုံး

Fruit snacksဆိုတာ အထင်မှားစေတဲ့နာမည်တစ်ခုပါ။ အဲ့ဒါတွေကဆိုးဆေး၊ တာရှည်ခံဆေးတွေမပါဘဲတကယ့်သစ်သီးဝလံတွေပါရင်တော့Fruit Snackဆိုတာမှန်ကောင်းမှန်ပါလိမ့်မယ်။ အဲဒီအရာတွေက သွားတွေမှာတင်ကျန်ပြီးသွားပိုးစားစေပါလိမ့်မယ်။ တကယ့်Fruit Snackဆိုတာ တကယ့်သစ်သီးတွေသာထည့်ထားပြီး ကျန်တာတွေ ထပ်မထည့်ထားသင့်ပါဘူး။ ဒါပေမဲ့ ရှာရလဲခက်ပါတယ်။ အဲဒါကြောင့် ရှောင်ကိုရှောင်လိုက်တာ အကောင်းဆုံးပါ။

(၅) အချိုရည်

ပြောစရာတောင်မလိုဘူးထင်ပါတယ်။ အချိုရည်တွေဟာ အဆိုးတကာ့အဆိုးဆုံးပါ။ ကိုလာ၊ အအေး၊အားဖြည့်အချိုရည်နဲ့ သစ်သီးအချိုရည်တွေမှာ သကြားကလွဲလို့ ကျန်တာဘာမှမပါပါဘူး။ ပိုအံ့သြဖို့ကောင်းတာက သစ်သီးအချိုရည်တွေက ဆိုဒါတွေထက်တောင် သကြားဓာတ်ပိုပါပါသေးတယ်။ ကလေးတွေကို ရေ ဒါမှမဟုတ် အချိုထုတ်ထားတဲ့ အရည်တွေသာတိုက်ပေးပါ။

အထက်ဖော်ပြပါအစားအစာတွေဟာ အရသာရှိရုံကလွဲပြီးကောင်းကျိုးမရှိပါဘူး။ ကလေးကျန်းမာရေးကိုသာ ထိခိုက်စေမှာပါ။ ကလေးတွေဟာအစားအသောက်တွေနဲ့ပတ်သက်လာရင် ပြောရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘတစ်ယောက် အနေနဲ့ကတော့ မိမိကလေးကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ မစားမိစေရန်မှာ ကျေပွန်ရမယ့် တာဝန်တစ်ခုဖြစ်ပါတယ်။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။