backup og meta

သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

ကလေးကို အိုင်းစတိုင်းလောက် ဉာဏ်ရည်မြင့်အောင် မမွေးမြူနိုင်တာ သင့်အပြစ်မဟုတ်ဘူး၊ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အရာတွေ ကျွေးမိနေတာမသိရင်တော့ သင့်အပြစ်ပဲ။ ဘာလို့ဆို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်တဲ့အချက်တွေထဲမှာ အစာအာဟာရက ထိပ်ဆုံးကပါဝင်လို့ပါပဲ။

သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

ဘာတွေက ထိခိုက်စေတာလဲ

အချိုများတဲ့ သောက်စရာတွေ

အချိုများတဲ့ သောက်စရာတွေက အဝလွန်ခြင်းကိုဖြစ်စေတဲ့အပြင် အမျိုးအစား ၂ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်းဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။

အချိုများများစားရင် ဦးနှောက်ရောင်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်းကျဆင်းခြင်းတွေဖြစ်စေနိုင်တယ်လို့ သုတေသနလေ့လာမှုတွေက တွေ့ရှိထားပါတယ်။

ရေခဲမုန့်

ကလေးတွေအတွက် အကြိုက်ဆုံးစားစရာထဲမှာ ရေခဲမုန့်လည်းပါဝင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ဝိတ်တက်တာနဲ့ ချောင်းဆိုးတာလောက်ပဲဖြစ်စေမယ်လို့ မထင်လိုက်ပါနဲ့။ တစ်ခါတလေက ဘာမှမဖြစ်ပေမယ့် အမြဲစားနေရင် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေခဲမုန့်တစ်ခွက်မှာပါဝင်တဲ့ ပြည့်ဝဆီ ၁၀ ဂရမ်က သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး သကြား ၂၈ ဂရမ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန်ချက်မညီဖြစ်စေနိုင်ပါတယ်။

ကြက်အူချောင်း၊ ဟော့ဒေါ့

ပြုပြင်စီမံထားတဲ့အစားအစာတွေမှာ အငန်ဓာတ်၊ အဆီတွေနဲ့ သကြားပါဝင်မှုများပါတယ်။ အသင့်စားလို့ရအောင်၊ တာရှည်ခံအောင်၊ အရသာပိုကောင်းအောင် စီမံထုတ်လုပ်ထားတာတွေမှန်သမျှ ဆိုးကျိုးသက်ရောက်မှု အတူတူပါပဲ။ သူတို့မှာ ကယ်လိုရီမြင့်ပေမယ့် အာဟာရဓာတ်ကျတော့ နည်းလွန်းပါတယ်။ ကိုယ်အလေးချိန်ကိုတက်စေပြီး ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ပီဇာ

ပီဇာ၊ ဟမ်ဘာဂါ တို့လို အမြန်စား အစားအစာတွေက ဦးနှောက်အတွက် ဆိုးကျိုးပေးတဲ့ အဆီအမျိုးအစားပေါင်းစုံ စုပြီးပါဝင်နေတဲ့အရာတွေပါ။ အသင့်အမြန်စား စားစရာတွေစားတာများရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွဖြစ်လာနိုင်ပြီး အာရုံစူးစိုက်ရခက်ခဲစေနိုင်ပါတယ်လို့လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

ခေါက်ဆွဲထုပ်

အသွင်ပြောင်းဆီတွေဟာ ဦးနှောက်ကျန်းမာရေးအတွက် ဘေးအန္တရာယ်များစေနိုင်တဲ့ မပြည့်ဝဆီအမျိုးအစားထဲ ပါဝင်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ တွေ့ရတတ်တဲ့ အသွင်ပြောင်းဆီအတုတွေက ပိုဆိုးပါတယ်။ ဒါတင်မကသေးဘဲ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ တတ်နိုင်သလောက် မကျွေးတာကောင်းပါတယ်။

အာလူးကြော်

ဆီကြော်အစားအစာတွေက အဝလွန်ခြင်း၊ နှလုံးရောဂါတို့အတွက် အန္တရာယ်ဖြစ်စေရုံမက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်တဲ့။ ပြည့်ဝဆီတွေ၊ ကိုလက်စထရောတွေပါတဲ့ ဆီကြော်အစားအစာတွေက ဦးနှောက်သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/nutrition/worst-foods-for-your-brain#section3

Accessed Dec 5, 2018.

https://doctor.ndtv.com/living-healthy/5-worst-foods-for-your-brain-1812279

Accessed Dec 5, 2018.

https://www.huffingtonpost.com/entry/the-5-worst-foods-for-your-brain_us_563d1713e4b0411d30711ac4

Accessed Dec 5, 2018.

https://www.boldsky.com/health/nutrition/2016/worst-foods-for-your-brain/articlecontent-pf133058-105766.html

Accessed Dec 5, 2018.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးထွားဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား

ကလေးက အစားစစားဖို့ အသင့်ဖြစ်ပြီလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ