backup og meta

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာဖို့ မိခင်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးကြီးလဲ

မိခင်တွေရဲ့ ဂရုစိုက်မှုကိုခံရတဲ့ ကလေးလေးတွေက ပိုပြီးပျော်ရွှင်တတ်ကြသလို ပိုပြီးလည်း ထူးချွန်ထက်မြက်တတ်ကြပါတယ်။ မိခင်တွေက သားသမီးတွေရဲ့ လမ်းပြကြယ်တွေလို့ဆိုရင် လူတိုင်းလက်ခံမယ်ထင်ပါတယ်။ ကလေးတွေရဲ့ ပင်ကိုအသိကိုက မိခင်တွေကို ပိုအားကိုးတာပါ။ ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ရာမှာလည်း မိခင်တွေက ဖခင်တွေထက်ပိုပြီးတော်ကြပါတယ်။

အမျိုးသမီးတစ်ဦးအနေနဲ့လည်း မိခင်တစ်ယောက်ဘဝကိုရောက်လာပြီဆိုရင် အရာရာကပြောင်းလဲလာသလို စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတဲ့ ဘဝအစိတ်အပိုင်းတစ်ခုကိုရောက်လာတာပါပဲ။ ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် မိခင်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိအရေးပါလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

မိခင်နဲ့ ကလေးကြားမှာချစ်ခင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဆက်ဆံရေးရှိနေဖို့က ကလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေဖို့အတွက် အရေးအပါဆုံး စိတ်အပိုင်းပါ။ ကိုယ့်ရဲ့ ရင်သွေးကို မိခင်ဖြစ်သူကနွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ပြောဆိုဆက်ဆံတာက ကလေးတစ်ယောက်ကောင်းမွန်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့ အရေးပါတဲ့အခြေခံအုတ်မြစ်ဖြစ်သလို ကလေးကို ကောင်းမွန်တဲ့ လူရွယ်လေး အဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်ရာမှာလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

ကလေးကို ချစ်ချစ်ခင်ခင်နဲ့ပျိုးထောင်ပေးမှုက ဘာကြောင့်အရေးပါတာလဲ

မိခင်နဲ့ကလေးကြားကဆက်ဆံရေးက ကလေးရဲ့ ပတ်ဝန်းကျင်ပေါ်အမြင်နဲ့ ကလေးရဲ့ဖွံ့ဖြိုးမှုအပါအဝင် အရာရာပေါ်မှာ သက်ရောက်မှုရှိနေတာပါ။ မိခင်နဲ့သူတို့လေးတွေကြားက ဆက်ဆံရေးကနေတဆင့် ကလေးတွေကလောကကြီး အကြောင်းကိုသင်ယူတာပါ။

ငယ်ရွယ်စဉ်အချိန်မှာ ကလေးက ငိုတာ၊ ရယ်တာနဲ့ ခန္ဓါကိုယ်အပြုအမူတွေနဲ့ဖော်ပြမှုတွေကို အကောင်းဆုံးအဖြေထုတ် နိုင်တာ မိခင်တွေပါ။ မိခင်တွေရဲ့ တုံ့ပြန်တဲ့အပြုအမူတွေကနေတဆင့် ကလေးက ဘယ်အရာကကောင်းတယ်၊ ဘယ်လိုပြုမူရမယ်ဆိုတာတွေကို သင်ယူသလို ဘယ်လိုတွေးရမယ်၊ ဘယ်လိုနားလည်ရမယ်၊ဆက်ဆံပြုမူမှုတွေကို ဘယ်လိုလုပ်ရမယ် ဆိုတာတွေအပြင် စိတ်ခံစားမှုအခြေအနေကို ဘယ်လိုဖော်ပြမလဲဆိုတာနဲ့ လူမှုဆက်ဆံရေးအရည်အချင်းတွေကိုပါ သင်ယူတာပါ။ မိခင် နဲ့ ကလေးတို့ကြားမှာ ဆက်ဆံမှုတွေ ပိုများလာလေလေ မိခင်နဲ့ကလေးကြားက ဆက်ဆံရေးက ခိုင်မာလာလေလေပါ။

မိခင်ရဲ့ချစ်ခင်မှုကိုပြည့်ပြည့်ဝဝရရှိတဲ့ ကလေးငယ်တွေက သူတို့ရဲ့ ဘဝမှာပိုပြီးအောင်မြင်မှုရတတ်ကြပါတယ်။

မိခင်နဲ့ကလေးတို့ကြားက ဆက်ဆံရေးက ကလေးဘဝအတွက် ဘယ်လောက်အရေးပါလဲ

သင်နဲ့သင့်ရဲ့ ကလေးကြားမှာနွေးထွေးချစ်ခင်တဲ့ ဆက်ဆံရေးရှိနေမယ်ဆိုရင် ကလေးကိုယုံကြည်မှုတိုးလာစေမှာဖြစ်သလိုပြဿနာတွေကို ဇွဲရှိရှိနဲ့ဖြေရှင်းနိုင်စွမ်းလည်းရရှိစေပြီး ဆက်ဆံရေးကောင်းမွန်တဲ့ကလေးအဖြစ်ပါ ကြီးပြင်းလာစေမှာပါ။နွေးထွေးတဲ့ဆက်ဆံရေးက ကလေးရဲ့ ဘဝတစ်လျှောက်အရွယ်ရောက်လာတဲ့အခါ ရင်ဆိုင်ရမယ့် အခက်အခဲတွေအတွက်ပြင်ဆင်နိုင်စေမှာဖြစ်သလိုပြဿနာတွေနဲ့စိတ်ဖိစီးမှုတွေကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်စေပြီးကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖန်တီးနိုင်သူအဖြစ် အရွယ်ရောက်ကြီးပြင်းလာမှာပဲဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မိခင်နဲ့ ခိုင်မာတဲ့ ဆက်ဆံရင်းနှီးမှုကို ပိုင်ဆိုင်ထားတဲ့ကလေးငယ်တွေဟာ စိတ်အခြေအနေပိုမိုကောင်းမွန်တတ်ကြသလို အပြုအမူပိုင်းဆိုင်ရာပြဿနာတွေလည်း နည်းပါတယ်။ ကိုယ့်ရဲ့ ရင်သွေးလေးနဲ့နွေးထွေးပြီးအပြုသဘောဆောင်တဲ့ဆက်ဆံရေးတည်ဆောက်ပေးတာက ကလေးဘဝတစ်လျှောက်လုံးမှာအောင်မြင်ပျော်ရွှင်မှုနဲ့ ပြည့်စုံတဲ့သူတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကိုချပေးလိုက်တာပါပဲ။ ဒီဆက်ဆံရေးကိုလုပ်ဆောင်ပေးနိုင်တာက မိဘတွေပါ။ အထူးသဖြင့် မိခင်တွေပေါ့။

မိခင်နဲ့ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမရှိတဲ့ ကလေးငယ်တွေက အတန်းပညာသင်ယူရာမှာ အားနည်းသလို လူမှုဆက်ဆံရေးပိုင်းမှာရောပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းမှုပိုင်းမှာပါ အားနည်းကြပါတယ်။ သားသမီးတွကိုငွေကုန်ကြေးကျခံစရာမလိုဘဲပေးနိုင်တာက မိဘမေတ္တာပါ။ ဒါကြောင့် မိမိရင်သွေးလေးတွေကိုပျော်ရွှင်ကျန်းမာတဲ့ကလေးလေးတွေအဖြစ် ရှင်သန်ကြီးပြင်းလာစေဖို့အတွက် အနှိုင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာကိုပေးကြပါလို့ တိုက်တွန်းလိုပါ။ ကလေးတိုင်းပျော်ရွှင်ကျန်းမာတဲ့ သားသားမီမီးလေးတွေအဖြစ် ရှင်သန်ကြီးပြင်းနိုင်ကြပါစေကြောင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Role of moms in developing a healthy and happy child

Being a mother is an ever-changing and eventful journey, full of challenges and surprises. Read on to see the role and importance of mothers in child development.

A loving relationship with you is the most important part of your child’s environment. Tuning in and responding to your child with warmth and gentleness lays the foundations for your child’s development and helps to shape the adult your child will become.

Why loving, nurturing relationships are important

Children’s relationships shape the way they see the world and affect all areas of their development.

Through relationships children learn about their world.

That’s because relationships let children express themselves – a cry, a laugh, a question – and get something back – a cuddle, a smile, an answer. What children ‘get back’ gives them very important information about what the world is like and how to act in the world – how to think, understand, communicate, behave, show emotions and develop social skills.

This back-and-forth communication strengthens relationships. It also helps children learn more about the world all the time.

Your child’s most important early relationships are with you, other family members and carers.

Relationships: benefits for life

Warm and loving interactions between you and your child develop confidence, resilience and communication. This prepares your child for things she’ll come across later in her life, like working through problems, dealing with stress and forming healthy relationships with other people in adolescence and adulthood.

Strong attachments and relationships early in life also mean your child is more likely to have better mental health and fewer behaviour problems.

By building a warm, positive and responsive relationship with your child, you’re helping shape the adult he’ll become and giving him a strong foundation for the rest of his life.

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.momjunction.com/articles/different-ways-in-which-a-mother-can-influence-child-development_00353010/#gref

https://www.livescience.com/13541-happiness-survey-moms-children.html

http://raisingchildren.net.au/articles/child_development_relationships.html

ယခုပုံစံ

28/01/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု



Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ