brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား

ကျန်းမာရေးနဲ့ ညီညွတ်အောင် သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)တွေ စားကြတယ်နော်။ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) က ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ပြုတယ်လို့ လက်ခံယူဆထားကြပါတယ်။ ဒီလို ကျန်းမာရေးအတွက် အထောက်အကူ ပြုတဲ့ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) က ကလေးတွေ အတွက်ရော အထောက်အကူ ပြုလား သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား

သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)ဆိုတာ

Organic Food ဆိုတာက ဓါတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေလုံးဝ အသုံးပြုထားတာမျိုးမရှိဘဲ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအသောက်တွေနဲ့ အသီးအနှံတွေပါ။ မျိုးဗီဇပြောင်းလဲထားတာမျိုးလည်းမရှိသလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်ခြင်းမရှိတဲ့ အစားအသောက်တွေပေါ့။ တိုးတက်လာတဲ့ခေတ်ကြီးကြောင့် ခန္ဓါကိုယ်နဲ့ကျန်းမာရေးကိုထိခိုက်ပျက်စီးစေနိုင်တဲ့ ဓါတုပစ္စည်းတွေနဲ့ ခပ်ကင်းကင်းနေခွင့်ရအောင် ကူညီပေးမယ့်စားစရာလေးပေါ့။

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား ….. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကလေးတွေ နဲ့ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)

ကလေးတွေကို Organic Foodတွေကျွေးပေးလို့ရပါတယ်။ ဒီအစားအစာတွေက အာဟာရတွေပိုပြီးပါဝင်တာမျိုးမရှိပေမယ့် ကလေးကို ဓါတုပစ္စည်းတွေ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုကိုတော့လျှော့ချပေးနိုင်မှာပါ။ ကလေးကို မှိုသတ်ဆေး၊ပိုးသတ်ဆေးနဲ့ တာရှည်ခံဆေးတွေ၊ဆိုးဆေးတွေကင်းစင်တဲ့ အစားအသောက်တွေကိုမှ ကျွေးချင်တယ်ဆိုရင်တော့ Organic Food ကအကောင်းဆုံးဖြစ်မှာပါ။

သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)ကို ဘာကြောင့် စားသင့်ရတာလဲ

အပေါ်မှာပြောခဲ့သလိုပေါ့။ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေက သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်ထားတာကြောင့် သဘာဝအတိုင်းလတ်ဆတ်ဘေးကင်းပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေအတွက်တော့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေး နဲ့ ဆိုးဆေးတွေကနေခပ်ကင်းကင်းနေနိုင်တာက အကောင်းဆုံးတွေထဲကတစ်ခုလို့တောင်ဆိုရပါမယ်။ ကလေးတွေအနေနဲ့ ပိုးသတ်ဆေးတွေပါဝင်မှုများနေတဲ့ အစားအသောက်တွေကို စားသုံးမိမယ်ဆိုရင် ဓါတ်မတည့်တာ၊ ပန်းနာရင်ကျပ်ြဖစ်တာ၊ အပြုအမူပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုပြဿနာတွေ နဲ့ သင်ယူမှုပိုင်းမှာ အားနည်းတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ ကင်ဆာရောဂါအထိခံစားရနိုင်ပါတယ်။

ဒီပြဿနာတွေကင်းဝေးပြီးအောက်မှာပြောပြတဲ့အကျိုးကျေးဇူးလေးတွေရရှိချင်တယ်ဆိုရင်တော့ ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) လေးတွေကျွေးပေးသင့်တယ်၊လို့ပြောပါရစေ။

ခန္ဓါကိုယ်အတွက်အရေးကြီးတဲ့ အာဟာရကိုထောက်ပံ့ပေးတဲ့အစားအသောက်တွေကို စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့အော်ဂဲနစ်စားစရာတွေကို စားသုံးပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုအလေ့အထကိုပျိုးထောင်ပေးရာမှာအထောက်အကူဖြစ်စေမှာဖြစ်သလို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။

နုနယ်လွန်းတဲ့ ခန္ဓါကိုယ်အတွက် အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ အထောက်အကူ ပြုပေးနိုင်မယ့် အစားအသောက် တစ်မျိုး ဖြစ်တာကြောင့် သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေက ကလေးတွေနဲ့ သင့်တော်တယ်လို့ပြောပါရစေ။ အာဟာရပိုပြည့်ဝမသွားစေပေမယ့်ဘေးကင်းတဲ့အစာအာဟာရကိုရမှာကတော့ အသေအချာပဲလေ။ ဒီတော့ ကိုယ့်ရဲ့ ရတနာ သားသားမီးမီးတို့ကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးမလား၊ မကျွေးဘူးလား ဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်လိုက်ပေါ့နော် မေမေဖေဖေတို့ရေ……

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။