အဆီတိုင်းမကောင်းတာမဟုတ်ပါဘူး။ ခုမှ ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေအတွက် အာဟာရပြည့်ဝဖို့အတွက် အဆီတွေရော၊ အသားတွေရော တစ်ခြားအရာတွေရော အကုန် မျှတအောင်စားမှ ရမှာပါ။ ဒါကြောင့် ခုပြောပြပေးချင်တာကတော့ ကလေးတွေ ရဲ့ ကျန်းမာရေးအတွက် fatty acids ေတွက ဘယ် အခန်းကနေ ပါဝင်နေလဲ၊ ဘာကြောင့် စားဖို့လိုအပ်လဲဆိုတာလေးတွေပဲ ဖြစ်ပါတယ်။
အဆီစားတိုင်းကောင်းသလား။ ။
ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရမျိုးစုံရအောင် အဆီတွေပါစားရမယ်ဆိုပေမယ့်လည်း သင့်တော်တဲ့ ပမာဏသာ စားဖို့လိုအပ်ပါတယ်။ အဆီစားများရင် ကလေးအတွက် အဝလွန်စေတဲ့ ပြဿနာ ဖြစ်တတ်သေးတယ်မဟုတ်လား။ ။
ဘာကြောင့် ကိုယ်ခန္ဓါအတွက် fatty acid တွေက မရှိမဖြစ်လိုအပ်တာလဲ။ ။
fatty acid တွေက
ဒါကြောင့် ခုမှ ကြီးထွားဖွံ့ဖြိုးဖို့ တာဆူနေတဲ့ ကလေးတစ်ယောက်မှာ fatty acid က မရှိမဖြစ်လိုအပ်ပါတယ်။
ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acid ဘယ်နှစ်မျိုးရှိသလဲ။ ။
သူတို့နှစ်မျိုးလုံးက (polyunsaturated fats ) မပြည့်ဝဆီေတွဖြစ်လို့ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ LDL ကိုလက်စရောကို လျော့ကျစေတဲ့အပြင် ကိုယ်တွင်းရောင်ရမ်းတာတွေတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် သူတို့ကို ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acid လို့ခေါ်ကြတာပါ။ ကိုယ်ခန္ဓါက မထုတ်ပေးနိုင်တဲ့အတွက် fatty acid ဆိုတာ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲ ပါကိုပါရမယ့် အရာတစ်ခုပါ။
Omega 3 fatty acid ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။ ။
Omega 3 fatty acid မှ
- alpha-linolenic acid (ALA),
- docosahexaenoic acid (DHA),
- eicosapentaenoic acid (EPA). ဆိုပြီး ၃ မျိုးရှိပါတယ်။
DHA က ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံဖြိုးဖို့နဲအမြင်အာရုံ သန်စွမ်းစေဖို့အတွက် အဓိက အခန်းကနေ ပါဝင်ကူညီပေးပါတယ်။ ဒါကြောင့် ကလေးတွေ အတွက်ထုတ်ထားတဲ့ နို့မှုန့်နဲ့ ဖြည့်စွက်စာတွေမှာ DHA က မပါမဖြစ်ပါဝင်ပါတယ်။
alpha-linolenic acid (ALA) ကို အပင်တွေကနေ အများဆုံးရတာဖြစ်ပြီး စားလိုက်ရင် ကိုယ်ခန္ဓါက alpha-linolenic acid (ALA), ကို DHA နဲ့ EPA တို့ အဖြစ်ပြောင်းပေးပါတယ်။ alpha-linolenic acid (ALA) က ကိုက်လန်၊ ပဲပိစပ်ဆီနဲ့ သစ်ကြားသီးတို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။
DHA နဲ့ EPAတို့ ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးကွမ်းရှပ်၊ ငါးသလောက်နဲ့ ထရောက်ငါးတို့က နေ့စဉ်စားတဲ့အစားအသောက်ထဲမှာ ပါသင့်တဲ့ အရာတွေပါ။
Omega 6 fatty acid ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။
Omega 6 fatty acid ကို linolenic acid လို့လည်းခေါ်ကြပြီး အပင်တွေကနေ အဓိက ရပါတယ်။ ပြောင်းဖူး၊ ဆူးပန်းရွက်၊ ညနေခင်းနှင်းဆီ( evening primose)၊ နေကြာဆီ နဲ့ ပဲပိစပ်ဆီတို့က Omega 6 fatty acid ကြွယ်ဝတဲ့ အရာတွေပါ။
ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ essential fatty acids ပမာဏက ဘယ်လောက်လဲ။ ။
အသက် ၁နှစ်မှ ၃ နှစ်အရွယ်ကလေးတွေက
Omega 6 fatty acid – ၇ ဂရမ် နဲ့
Omega 3 fatty acid – ဝ.၇ ဂရမ် နေ့စဉ်ရဖို့ လိုအပ်ပါတယ်။
အသက် ၄ နှစ်မှ ၈ နှစ်ကလေးတွေက
Omega 6 fatty acid – ၁၀ ဂရမ် နဲ့
Omega 3 fatty acid – ဝ.၉ ဂရမ် နေ့စဉ်ရဖို့ လိုအပ်ပါတယ်။
ကလေးတွေအနေနဲ့ fatty acid တွေကို သတ်မှတ်ထားတဲ့ပမာဏထက်ပိုမစားသင့်ပါဘူး။ Omega 3 fatty acid ကို လိုတာထက်ပိုစားမိရင် သိပ်ပြဿနာ မရှိပေမယ့် Omega 6 fatty acid ကတော့များများစားမိရင် ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလည်း ရှိတယ်မလား။ ။
ဒါတွေကတော့ ကလေးတွေအတွက် fatty acids ကဘယ်လိုအရေးကြီးတယ်၊ တစ်နေ့ဘယ်လောက်လိုအပ်လဲဆိုတာနဲ့ သူတို့ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲဆိုတာတွေကို ပြောပြပေးထားတွေပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးတို့က မေမေတို့လက်ထဲမှာပဲရှိတဲ့အတွက် ခုဆောင်းပါလေးက မေမေတို့ ဖတ်ထားသင့်တဲ့ဆောင်းပါးတစ်ခုပါ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။