brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘယ်လိုကလေးမျိုးတွေက Growing-up milk လိုအပ်သလဲ

ငယ်စဉ်ဘဝမှာ အာဟာရ ပြည့်ဝမှ ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာမှာပါ။ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ထက်ထက်မြက်မြက်ဖြစ်စေချင်တဲ့ ဆန္ဒက မိဘတိုင်းရဲ့ အမျှော်လင့်ဆုံး ဆန္ဒတစ်ခုဟုတ်။ ဒီဆန္ဒ ပြည့်ဝဖို့ ဒီနေ့ပဲ အကောင်အထည် ဖော်လိုက်ပါ။

ဘယ်လိုကလေးမျိုးတွေက Growing-up milk လိုအပ်သလဲ

ကိုယ့်ရဲ့ ရတနာလေးတွေကို ကျန်းမာထက်မြက်စေချင်တဲ့ ဆန္ဒပြည့်ဝဖို့ ဆုတောင်းနေစရာ မလိုပါဘူး။ မေမေရဲ့ အကောင်းဆုံးသော ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။

တိုးတက်လာတဲ့ ခေတ်နဲ့အညီ တိုးတက်လာတဲ့ သားသားမီးမီးတို့အတွက် အာဟာရ

ခေတ်ကြီး တိုးတက်လာတာနဲ့ အမျှ ဆေးပညာတွေ တိုးတက်လာတယ်။ နည်းပညာတွေ တိုးတက်လာသလို သားသားမီးမီးတို့ရဲ့ အာဟာရ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ အာဟာရဖြည့် အရာတွေလည်း တိုးတက်လာပါတယ်။

သားသားမီးမီးတို့ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်စေဖို့အတွက် အကောင်းဆုံးသော အာဟာရတွေကို ဖြည့်စွမ်းပေးနိုင်မယ့် အာဟာရလေး တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကတော့ သားသားမီးမီးတို့ရဲ့ အာဟာရ လိုအပ်ချက်ကို ပြည့်မီအောင် ထိထိရောက်ရောက် ဖြည့်စွမ်းပေးနိုင်မယ့် Growing-up milk ပါ။

ဒီစကားလုံးလေးက ကြားဖူးနေကျ မဟုတ်တာမျိုးတော့ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ သေသေချာချာလေး သိအောင် အရင်ဆုံး Growing-up milkက ဘာလဲဆိုတာ ပြောပြပေးပါမယ်။

Growing-up milkဆိုတာ

Growing-up milkဆိုတာ ဖွံ့ဖြိုးစ ကလေးအတွက် ဖော်စပ်ထားတဲ့ ဖော်မြူလာနို့ပါ။ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်မယ့် မရှိမဖြစ် အာဟာရတွေ ပါဝင်နေတဲ့ သောက်စရာနို့ တစ်မျိုးပါ။

ဒီနို့ထဲမှာ ကလေးတစ်ယောက်အတွက် လိုအပ်မယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ဖြည့်စွက်ထားတဲ့ အာဟာရဖြည့်နို့ တစ်မျိုးပါ။

ဘယ်လိုကလေးမျိုးတွေက Growing-up milk လိုအပ်သလဲ

 ကလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် Growing-up milkအရေးကြီးသလား ……

Growing-up milkကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရတွေ ပြည့်ဝအောင် ဖော်စပ်ထုတ်လုပ်ထားပါတယ်။ အဓိကကတော့ ကလေးတွေမှာ အာဟာရ လိုအပ်ချက် ဖြစ်မသွားစေဖို့ပေါ့။ ငယ်စဉ်မှာ အာဟာရပြည့်ဝမှု မရှိဘူးဆိုရင် ကလေးက ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုမှာရော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာပါ ထိခိုက်တာတွေ ဖြစ်လာမှာပါ။

ဒီလို အာဟာရ လိုအပ်ချက်တွေ မဖြစ်စေဖို့အတွက် ပုံမှန်သောက်နေကျ နွားနို့လိုမျိုး နို့တွေမှာ ပါနေကျ အာဟာရတွေဖြစ်တဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ် အပြင် မပါတဲ့ အာဟာရတွေရောဖြစ်တဲ့ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် C၊ ဇင့်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် D၊ lcFOS ( အကျိုးပြု ဘက်တီးရီးယား အာဟာရ) – Inulin (မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်)၊ DHA (Omega-3 fatty acids) တို့အပြင် ကလေးတစ်ယောက်အတွက် လိုအပ်မယ့် ဆိုဒီယမ်ပမာဏကိုပါ အတိအကျ ဖြည့်စွက် ထုတ်လုပ်ထားပါတယ်။ နောက်တစ်ချက်ကတော့ Growing-up milkတွေမှာ LCPs လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ ပါဝင်နေတာပါ။

Growing-up milk အကျိုးများ သလား …….

Growing-up milkက သားသားမီးမီးတို့ကို အာဟာရဖြည့်ပေးတာထက်ပိုပြီး ဘက်စုံဖွံ့ဖြိုးမှုအတွက် ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ပါတယ်။ Growing-up milkက သားသားမီးမီးတို့ရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးသလို အူတွေက လိုအပ်တဲ့ အာဟာရပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးပါတယ်။

ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်စွမ်းပေးပါတယ်။ ကလေးတွေကို အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးသလို နှလုံး ကျန်းမာစေပြီး အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေပါတယ်။ ဝမ်းချုပ်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ် ပြဿနာတွေကိုလည်း ကင်းစေနိုင်ပါတယ်။

ဘယ်လိုကလေးမျိုးတွေက Growing-up milk လိုအပ်သလဲ ……

ကလေးတိုင်းနီးပါး Growing-up milkကို သောက်လို့ရတယ်ဆိုပေမယ့် အခုလို ကလေးတွေကတော့ Growing-up milk ကို ပိုမို လိုအပ်ပါတယ်။

  • ပေါင်မပြည့်ဘဲ မွေးလာတဲ့ ကလေးတွေ
  • အစားရွေးတဲ့ ကလေးတွေ
  • အစာခြေစနစ် ကျန်းမာရေး အားနည်းတဲ့ ကလေးတွေ
  • ကိုယ်ခံအား နည်းတဲ့ ကလေးတွေ
  • မွေးရာပါ ရောဂါတစ်ခုခု ရှိတဲ့ ကလေးတွေ
  • ပုံမှန်ထက် ညှက်တဲ့ ကလေးတွေ
  • နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ကလေးတွေကတော့ အခြားကလေးတွေထက် Growing-up milkကို လိုအပ်မှာပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။