brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၂)

မိမိကလေး ကျောင်းတက်စ နှစ်တွေဟာ မိဘတွေ အနေနဲ့ သားသမီးရဲ့ ပညာရေးအခြေအနေကို သိမြင်နိုင်ပြီး အထောက်အပံ့ပေးဖို့ အရေးကြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။

သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၂)

၆။ သင်ယူမှုစွမ်းရည်များ မြှင့်တင်ပါ

စာမေးပွဲဆိုတာ ကလေးများအတွက် ကြောက်လန့်ဖွယ် အရာတခုပဲ ဖြစ်ပါတယ်။ စာမေးပွဲတွေဖြေရမယ်ရင် မတုန်လှုပ်တဲ့သူ မရှိပါဘူး။ ကံအားလျော်စွာပဲ မဘများဟာ သားသမီးများရဲ့ အခြေခံပညာရေးမှာ ပါဝင် အကူအညီပေးနိုင်ပါတယ်။ သင့်ကလေးကို သင်ယူမှုစွမ်းရည် မြင့်မားအောင် သင်ကြားပေးမယ် ဆိုရင် ဘသတလျှောက်လုံးအတွက် အထောက်အကူ ဖြစ်ပါတယ်။

သူတိုရဲ့ စာမေးပွဲအချိန်စာရင်းကို သိအောင်လုပ်ထားပြီး မဖြေခင်ညတွေအထိ ကူညီဖတ်မှတ်ပေးနိုင်ပါတယ်။ များပြားတဲ့ စာတွေကို ဘယ်လိုချုံ့ပစ်မလဲ၊ ကျက်မှတ်ဖို့ ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ ကလေးများကို သင်ကြားပေးပါ။ တခုမှတ်ထားရမှာတော့ ၄၅မိနစ်ပြီးတိုင်း ခေတ္တအနားယူခြင်းဟာ သင့်ကလေးရဲ့ စာကျက်မှတ်မှုကို ပိုပြီးထိရောက်စေတယ်ဆိုတာပါပဲ။ စာကျက်ခြင်းနဲ့ စာမေးပွဲဖြေခြင်းကို သင့်ကလေးဟာ စိတ်ဓါတ်ကျနေမယ်ဆိုရင် ဆရာ/ဆရာမများနဲ့ တိုင်ပင်ဆွေးနွေးပါ။

၇။ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ မူဝါဒများကို နားလည်အောင်လုပ်ပါ

စာသင်ကျောင်းများဟာ များသောအားဖြင့် ကျောင်းသားလက်စွဲစာအုပ်များ ဝေပေးထားကြပြီး စည်းကမ်းချက်တွေကို ထုတ်ပြန်ထားကြပါတယ်။ သင့်ကလေးဟာ ဘာတွေ လုပ်ရမယ်၊ ဘာတွေ မလုပ်ရဘူးဆိုတာ သိရှိဖို့ လိုအပ်ပါတယ်။ ကလေးတွေဟာ စည်းကမ်းချက်တွေဖောက်ဖျက်မိရင် အဲဒီအတွက် အကာအကွယ် မပေးနိုင်ပါဘူး။ ကျောင်းနဲ့ မိဘများအကြား နားလည်မှုရှိရင် ကလေးတွေကို လမ်းကြောင်းမှန်အပေါ် တင်ပေးဖို့ ပိုမိုလွယ်ကူပါတယ်။

၈။ ပူးပေါင်းပါဝင်ပါ။

ကျောင်းသားမိဘများဟာ မိမိကလေး ဘယ်အတန်းတက်နေနေ ကျောင်းရဲ့လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်သင့်ပါတယ်။ မိမိတို့ကလေးရဲ့ ပညာရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ကျောင်းမှာ သင်တို့ရဲ့ ပါဝင်လှုပ်ရှားမှုများဟာ သင့်ကလေးကို သက်တောင့်သက်သာ မဖြစ်ခဲ့ရင် နောက်ကွယ်မှာလှုပ်ရှားရတာမျိုးကို ပိုမိုပါဝင်ပါ။ စူးစမ်းလေ့လာဖို့ မဟုတ်ဘဲ ကျောင်းမိသားစုမှာ ပါဝင်ကူညီရုံသက်သက်ဆိုတာ အများသိအောင်လုပ်ပါ။ ကျောင်းရဲ့ လူမှုရေးလိုအပ်ချက်တွေကို လေ့လာပြီး မိမိအချိန်နဲ့ ကိုက်ညီတဲ့အခါ ပါဝင်ဖြည့်ဆည်းပါ။

၉။ သင့်ကလေးကို ကျောင်းမပျက်ပါစေနဲ့

ကလေးတွေဟာ နေမကောင်းချိန်မှာတော့ အိမ်မှာ နေသင့်ပါတယ်။ ဖျားနေ ဝမ်းသွားနေတဲ့ကလေးကို ကျောင်းလွှတ်ခြင်းဟာ ကောင်းတဲ့စိတ်ကူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နေကောင်းတဲ့ ကျောင်းသားဟာ ကျောင်းကို မှန်မှန်သွားဖို့ လိုပါတယ်။ ဒါမှသာ သင်ခန်းစာတွေကို လိုက်နိုင်မှာ ဖြစ်ပါတယ်။ သင့်ကလေးဟာ သူငယ်ချင်းတွေ၊ သင်ခန်းစာတွေ၊ အဆင့်တွေ၊ တခါတရံ ဆရာ/ဆရာမတွေကြောင့် ကျောင်းကို မသွားချင်ဘဲ အိမ်မှာပဲ နေချင်တဲ့ အခိုက်အတန့် ရှိတတ်ပါတယ်။ အဲဒီအခါမှာ သင့်ကလေးနဲ့ရော ဆရာများနဲ့ပါ ပြောဆိုဆွေးနွေး သင့်ပါတယ်။ ကျောင်းတာဝန်ခံတွေနဲ့ တိုင်ပင်ရင် အဆင်ပြေမှာပါ။

၁၀။ သင့်ကလေးနဲ့ ကျောင်းအကြောင်းပြောပါ။

မိဘတွေအနေနဲ့ မူလတန်းကျောင်းသားတွေနဲ့ စာသင်ခန်း အတွေ့အကြုံတွေနဲ့ ကျောင်းရဲ့ နောက်ဆုံးသတင်းတွေကို ပြောဆိုဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် မိဘများဟာ ဒီရိုးရိုးရှင်းရှင်း ကိစ္စလေးတွေကို မေးမြန်းဖို့တောင် အလုပ်ရှုပ်နေတတ်ပြီး ကျောင်းမှာ ကလေးတွေရဲ့ အောင်မြင်မှုကို ဘာကလွှမ်းမိုးနေတယ် ဆိုတာ မသိနိုင်ကြပါဘူး။ နေ့စဉ် သင့်ကလေးနဲ့ စကားပြောပါ။ အပြန်အလှန်ဆွေးနွေးပါ။ သင့်ရဲ့ အပြုအမူဟာ ကလေးရဲ့ တုံ့ပြန်ချက်အပေါ် အကျိုးသက်ရောက်ပါတယ်။

သူတို့နဲ့ စကားပြောချိန်မှာ တခြားလုပ်စရာတွေကို ဘေးဖယ်ထားပြီး သေချာစွာ နားထောင်ပါ။ မျက်လုံးချင်းဆု့ပြီး စကားပြောပါ။ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတဲ့ အဖြေများထက် ပိုနိုင်တဲ့ မေးခွန်းတွေမေးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။