brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေးကို ကြင်နာစွာ ပြုစုပျိုးထောင်ပေးပါ

ဘယ်လိုအရွယ်၊ နောက်ခံအသိုင်းအဝိုင်း၊ ဓနဥစ္စာအခြေအနေပဲ ဖြစ်ဖြစ်၊ ကလေးတွေကို ဘယ်လို သင်ကြားရမလဲဆိုတာ မိဘတွေအတွက် ကြီးမားတဲ့ မေးခွန်း တစ်ခုပါ။ တစ်ယောက်ချင်းဆီမှာ ကလေးတွေကို ဘယ်လို ပျိုးထောင်ရမလဲဆိုတဲ့ မတူညီတဲ့ အမြင်တွေ ရှိတတ်ကြပါတယ်။ ဒီမှာ သင့်ကလေးတွေကို သင်ကြားဖို့ ယေဘုယျအချက်တွေ ရှိပါတယ်။

သင့်ကလေးကို ကြင်နာစွာ ပြုစုပျိုးထောင်ပေးပါ

ဂရုစိုက်မှုက အောင်မြင်မှု ရရှိစေပါတယ်

မိဘတွေက သူတို့ကလေးတွေကို ကျောင်းစာတွေမှာ ပိုကြိုးစားဖို့ မကြာမကြာ အားပေးတတ်ကြပါတယ်။ အတန်းတွင်း အပြုအမူတွေကြောင့်မဟုတ်ပဲ ကျောင်းစာမှာ ညံ့တာကြောင့် မကြာခဏ အပြစ်ပေးခံရပါတယ်။ ဒါက ကလေးတွေကို သူတို့ပိုပြီး ယှဉ်ပြိုင်သင့်တယ်၊ သူတို့မိဘတွေ ဂုဏ်ယူရအောင် ပြုလုပ်ပေးသင့်တယ်၊ ပိုပြီး အောင်မြင်မှုတွေ ရသင့်တယ်၊ ရှုံးနိမ့်မှုဆိုတာ ပြစ်ဒဏ်လို့ပဲ ဆိုတာကို သူတို့စိတ်ထဲမှာ တဖြည်းဖြည်း ပြုပြင်လာစေပါတယ်။

ဒါ့အပြင် ကလေး ဘယ်လောက်တော်လဲ ဒါမှမဟုတ် ဘယ်လောက် ပျော်ရွှင်လဲ ဆိုတာကို အာရုံစိုက်ခြင်းက အားလုံးက သူ့ကြောင့်ပဲဆိုတဲ့ အတွေးဆီကိုသာ ဦးတည်သွားမှာပါ။ သင့်ကလေးရဲ့ ကျန်းမာပျော်ရွှင်တာက အရေးကြီးတယ်ဆိုတာ သံသယမရှိပေမယ့် ဂရုစိုက်မှုကို ပိုပြီး လိုအပ်ပါတယ်။ လူသားဆိုတဲ့ ပင်မဖြစ်တည်မှုဆိုတာ ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ တခြားသူတွေအပေါ်ထားတဲ့ ကြင်နာမှုတို့ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တော်ဖို့ဆိုတာထက် ကြင်နာတတ်ဖို့ကို အရေးကြီးဆုံး ဖြစ်စေရပါမယ်။ ကြင်နာမှုက အမြဲတမ်း ပျော်ရွှင်မှုကို ပေးနိုင်မှာ မဟုတ်တာတော့ သိသာပါတယ်။ ကတိတည်အောင် ကြိုးစားတာမျိုးတွေဟာ တခါတလေမှာ ဝမ်းနည်းမှုတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ ကြင်နာမှုက ပိုပြီး ကောင်းကျိုးပေးပါတယ်။

ကြင်နာမှုကို ပြသဖို့ လေ့ကျင်ခြင်း

ကလေးတွေရဲ့ နဂိုစရိုက်က ပေးသူပါ၊ ယူသူမဟုတ်ပါဘူး။ မိန်းကလေးငယ်လေးတစ်ယောက် ဝမ်းနည်းနေရင် ကောင်လေးက သူမသက်သာအောင် တခုခု လုပ်ပေးမှာ သဘာဝ တုံ့ပြန်မှု တစ်ခုပါ။ ဒါပေမယ့် လေ့ကျင့်မှုမရှိပဲ အားကစားတစ်ခု ပြုလုပ်မယ်ဆိုရင်တော့ ကိစ္စတွေက နည်းနည်း ရုပ်ဆိုးသွားပါလိမ့်မယ်။

အကူအညီလိုနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီတာ အားပေးခြင်းလိုမျိုး ဂရုစိုက်မှုကို သူတို့ဖာသာ လေ့ကျင့်ဖို့ ကလေးတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ နေ့တိုင်း ထပ်ကာထပ်ကာ လုပ်ပေးတာတော့ အကောင်းဆုံးပါပဲ။ သနားကြင်နာတာ အားပေးတဲ့ ဆုလဒ်တွေကိုတော့ ထောက်ခံပေမယ့် များသွားရင်တော့ ကလေးတွေက တခုခုရဖို့ရှိမှပဲ ကူညီတာမျိုး ဖြစ်သွားတတ်ပါတယ်။

ဒါ့အပြင် ကျေးဇူးတင်တယ်ဆိုတာ ကျေးဇူးပါ ဆိုတဲ့ စကားလုံး နည်းနည်းကနေ တစ်ခုခု ပြန်လုပ်ပေးချင်စိတ်အထိ ကြင်နာမှုကို ဖော်ပြတဲ့ အပြုအမူတစ်ခုပါ။

မကောင်းတဲ့ ခံစားမှုတွေကို ရင်ဆိုင်ခြင်း

မကောင်းတဲ့ ခံစားမှုတွေ ဆိုတာ ကောင်းတဲ့ ခံစားမှုတွေရဲ့ အဖြည့်အဖြစ် တည်ရှိပါတယ်။ ကလေးတွေက စိတ်ဆိုးတာ၊ အားကျတာ၊ ဒါမှမဟုတ် ရှက်ရွံ့တာ၊ ဒါတွေက တခါတလေသူတို့ကို သူတို့ ကိုယ်တိုင် မသိလိုက်ပဲ တစ်ကိုယ်ကောင်းဆန်မိတာ ဒါမှမဟုတ် နာကျင်အောင် လုပ်မိတာတွေဆီ လမ်းပြပေးတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ ခံစားမှုကို ဘယ်လို ကိုယ်တွယ်ရမလဲဆိုတာ စောစောစီးစီး လမ်းပြပေးခြင်းက လမ်းလျှောက်တတ်အောင် သင်ပေးတာလောက်ကို အရေးကြီးပါတယ်။

အကလေးတွေ သိသင့်တဲ့ ပထမဆုံး အရာက ဒီလို ခံစားမှုတွေ ရှိတာ သဘာဝ ဖြစ်တယ် ဆိုတာနဲ့ ဒီခံစားချက်တွေက သူတို့ ကိုယ်တိုင် ထိန်းချုပ်ဖို့ ဆိုတာပါပဲ။ နည်းလမ်းတွေထဲက တစ်ခုက အသက်ပြင်းပြင်း ရှူပြီး တစ်ချိန်တည်းမှာ တစ်ကနေ ငါးအထိ ရေတွက်ပြီး စိတ်ငြိမ်အောင် လုပ်ဖို့ သင်ပေးခြင်းပါ။ ဒေါသတွေ ပေါက်ကွဲတော့မယ့် ဘယ်အချိန်မှာမဆို ဒီနည်းလမ်းကို သတိပေးရပါမယ်။ အချိန်တစ်ခုအကြာမှာ သူတို့ကိုယ် သူတို့ ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ ပိုကောင်းကောင်း သင်ယူလာနိုင်မှာပါ။

ကလေးတွေကို ကြင်နာဖို့ သင်ပေးတဲ့အခါ အရေးအပါဆုံးကတော့ သူတို့ စံထားရတဲ့ မိဘတွေ ဖြစ်ပါတယ်။ ကလေးတွေက အတုယူကြတာ များပါတယ်။ တကယ်လို့ မိဘတွေက လုံလုံလောက်လောက် ဂရုမစိုက်ရင် ကလေးတွေ အရွယ်ရောက်တဲ့အခါ ကြင်နာတတ်ဖို့က ခက်ခဲသွားတတ်ပါတယ်။ ကလေးတစ်ယောက် ပျိုးထောင်တယ်ဆိုတာ လိုတဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးတာချည်း မဟုတ်ပါဘူး။ ကျင့်ဝတ်နဲ့ ယုံကြည်မှုတွေကို သင်ပြဖို့တွေလည်း ပါပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/04/2022 ဖြစ်ပါသည်။