ကျောင်းတက်ရခြင်းသည် ကလေးများအတွက် ပျော်ရွှင်နေရသည်ချည်းမဟုတ်ပါ။ ကလေးနှင့်ဆရာများကြား ပြဿနာများ ခဏခဏဖြစ်တတ်ကြောင်း သင်မြင်ဖူးပါလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုးမှာဆို ဘယ်လိုကိုင်တွယ်ကြမလဲ။
ကျောင်းတက်ရခြင်းသည် ကလေးများအတွက် ပျော်ရွှင်နေရသည်ချည်းမဟုတ်ပါ။ ကလေးနှင့်ဆရာများကြား ပြဿနာများ ခဏခဏဖြစ်တတ်ကြောင်း သင်မြင်ဖူးပါလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုးမှာဆို ဘယ်လိုကိုင်တွယ်ကြမလဲ။

သင့်ကလေးက အိမ်ပြန်ရောက်ရောက်ချင်း “မေမေ သားကို ဆရာကဆူတယ်” ဟု ပြောပါလျှင် ထိုစကားကို ဖြစ်နိုင်သည့်ရှု့ထောင့်မျိုးစုံမှ သင်ဆန်းစစ်ဖို့ လိုပါသည်။ ထိုသို့လုပ်ခြင်းအား ကလေး၏စကားကို အထုပ်ဖြေခြင်းဟု ခေါ်သည်။ မေးခွန်းများကိုမေးပြီး အချက်အလက်များ ပိုရရှိစေရန် ကြိုးစားပါ။ “ဆရာက ဘာတွေပြောလိုက်တာလဲ” “သူငယ်ချင်းတွေကရော ဆူနေတုန်း ဘယ်လိုတွေ လုပ်ပြကြလဲ” တစ်ခါတစ်ရံကလေးက ချဲ့ကားပြောတတ်သည်ကို သတိပြုပါ။
“ဆူသည်” ဆိုသည်မှာ ဒီနေရာတွင် “အိမ်စာမလုပ်ခဲ့လို့” ဆိုတာမျိုး ဖြစ်နိုင်ပါသည်။ အကယ်၍ထိုသို့ဖြစ်နေပါက ဆရာက စေတနာဖြင့်ပြောဆိုကြောင်းကို ရှင်းပြရမည်မှာ သင့်တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် အရေးကြီးဆုံးဗျူဟာမှာ ကလေးပြောသည်၏နောက်ကွယ်က အကြောင်းကို ကောင်းကောင်းသိရှိဖို့ရန်ပင် ဖြစ်သည်။
ဆရာနှင့်နောက်တွေ့သည့်အခါ ပြောပြရန်အတွက် သူပြောသမျှကို ချရေးထားကြောင်း ကလေးကိုပြောပါ။ ထိုသို့ပြုလုပ်ခြင်းကြောင့် – ကလေးသည် သူပြောသမျှကို သင်ဂရုစိုက်ကြောင်း၊ သူတို့ခံစားချက်တွေကို နားလည်ကြောင်း သိရှိသွားပါလိမ့်မည်။ သင်ကမှတ်တမ်းတင်သူသာဖြစ်ပြီး ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးရမည်သူမဟုတ်ပါ။ ကလေးများက ကိုယ်တိုင်ကိုင်တွယ်နိုင်မည့်အရွယ်ဆိုပါက ပြဿနာကို ရင်ဆိုင်နိုင်မည့် အကြံများကို ပြုပေးပါ။
အတန်းချိန်ပြီးနောက် ဆရာနှင့်သွားတွေ့ပြီး ကိုယ့်ဖက်ကအကြောင်းကို သွားပြောရန် အားပေးပါ။ တစ်ခါတစ်ရံ ဆရာဆရာမများက သူတို့လုပ်ရပ်သည် ကလေးအပေါ် စိတ်မသက်မသာဖြစ်စေကြောင်း သဘောက်ပေါက်ချင်မှ ပေါက်ပါလိမ့်မည်။
အကယ်၍သင်က ဆရာနှင့်ပြောဆိုဆွေးနွေးလိုသည်ဆိုပါက ကြိုတင်ချိန်းဆိုပေးပါ။ အကူအညီပေးရန်လာသည့် မိဘဖြစ်ရပါမည်။ စကားအသုံးအနှုန်းက အရေးကြီး၏။ နှစ်ဦးနှစ်ဖက်မျှတပါ။ ဆရာနှင့်တွေ့ချိန်သည် ကလေးပြောသည်ကို ပြန်ပြောင်းဆွေးနွေးရမည့်အချိန် ဖြစ်သောကြောင့် တတ်နိုင်သလောက် ယဉ်ယဉ်ကျေးကျေး ဆွေးနွေးပါ။ ဘာပဲဖြစ်လာပါစေ ရိုးသားကြောင်းပြပါ။ သင့်ဖက်က သြဇာညောင်းသူဖြစ်ပါစေ ဆရာအတွက် စိတ်ညစ်စရာဖြစ်နိုင်ပါသည်။
ဆရာတစ်ချို့သည် အလုပ်၊ လစာ၊ မိသားစုရေးရာတို့မှ စိတ်ဖိစီးရသောကြောင့် အကဲဆတ်နိုင်ပါသည်။ သင်ဖက်က ဆရာတို့ကို အပြစ်တင်သည်မဟုတ်ကြောင်း သိပါစေ။ အကောင်ဆုံးအနေဖြင့် ဆရာရောသင်ရော နှစ်ဦးနှစ်ဖက်နားလည်မှ အကောင်းဆုံးဖြေရှင်းချက်ကို ရရှိမည်ဖြစ်သည်။
ဆရာဖက်မှ ကလေးကို အညိုးထားနေလျှင် အထူးသဖြင့် သင့်ဖက်က သွားရောက်ဆွေးနွေးပြီးနောက် အညိုးထားနေပါက ကျောင်းအုပ်နှင့်သွားတွေ့ပါ။ ကလေးအတွက် ကာကွယ်ပေးရမည့်အချိန့်ဖြစ်ပါသည်။ အဆိုးဝါးဆုံးအခြေအနေဖြစ်လာပါက ကလေးကို အတန်းပြောင်းပေးဖို့ တောင်းဆိုရပါမည်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။