brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ပေးရပါတယ်။ ဖေဖေတွေကလည်း မေမေတို့ လိုအပ်တာတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးရပါတယ်။ ဒီဆောင်းပါးလေးကတော့ မေမေတွေအတွက်တင်မဟုတ်ဘဲ ဖေဖေတွေပါ သိထားသင့်တဲ့ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ အကြောင်းပါ။

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက်မွေးဖွားလာချိန်ကနေ အသက် ၅ နှစ်အထိ လအလိုက်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့လိုပါမယ်။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့

ကလေးမွေးစ

၂ လအရွယ်

၄ လအရွယ်

  • ၅ မျိုးစပ် ကာကွယ်ဆေး ( ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေး ကာကွယ်ဆေး) ဒုတိယအကြိမ်
  • ပိုလီယိုကာကွယ်ဆေး အစက်ချ ဒုတိယအကြိမ်
  • ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PVC) ဒုတိယအကြိမ်
  • ဝမ်းလျှောရောဂါ ကာကွယ်ဆေး (Rota Virus) ဒုတိယအကြိမ်
  • ပိုလီယို ထိုးဆေး

၆ လအရွယ်

  • ၅ မျိုးစပ် ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေး ကာကွယ်ဆေး) တတိယအကြိမ်
  • ပိုလီယို ကာကွယ်ဆေး တတိယအကြိမ်
  • ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PVC) တတိယအကြိမ်
  • တုပ်ကွေး ကာကွယ်ဆေး ပထမအကြိမ်

၇ လအရွယ်

  • တုပ်ကွေး ကာကွယ်ဆေး ဒုတိယအကြိမ် (ရှေ့နှစ်တွေက ၂ကြိမ်ထိုးထားရင် နောက်နှစ်တွေမှာ တစ်ကြိမ်ပဲ ထိုးလို့ရပါတယ်။)

၉ လအရွယ်

၁ နှစ်အရွယ်

၁ နှစ် ကနေ ၁ နှစ်ခွဲ

  • အသည်းရောင်အသားဝါအေကာကွယ်ဆေး ပထမအကြိမ်
  • ဝက်သက်၊ ပသိရောင်၊ ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး (MMR) ဒုတိယအကြိမ်
  • ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) စတုတ္ထအကြိမ်

၂ နှစ် ကနေ ၂ နှစ်ခွဲ

  • အသည်းရောင် အသားဝါအေ ကာကွယ်ဆေး ဒုတိယအကြိမ်

၅ နှစ် အရွယ်

  • အသည်းရောင် အသားဝါ ဘီကာကွယ်ဆေး (Booster)
  • ရေကျောက် ကာကွယ်ဆေး (Booster)

၉ နှစ် အရွယ်

  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမအကြိမ် (အစိုးရဆေးရုံတွေမှာ လက်ရှိမှာတော့ မိန်းကလေးများကိုသာ ထိုးပေးပါတယ်။)

၁၀ နှစ် အရွယ်

  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ်

ဒီကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားမှာ သေချာဂရုတစိုက်လေး ထိုးပေးခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်လိုက်ပါ။ ဒါမှ ကလေးက ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။