backup og meta

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ကလေးတွေကိုကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် မိဘတွေအရေးတကြီးလုပ်ရမယ့်အထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ

ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက –

  • ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက် နီမြန်းရောင်ရမ်းတာ
  • ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။

ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားနာတဲ့အခါ

ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ဆွေမျိုးတွေမှာသနားစိတ်နဲ့ စိတ်မချမ်းမသာဖြစ်ရတာပေါ့။

ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ

ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ်အထက်ဆိုရင် ကလေးက ဖျားနေပြီလို့ဆိုလို့ရပါတယ်။ အသက်အပိုင်းအခြားအလိုက်ပြောပြရမယ်ဆိုရင်တော့

  • ကလေးက ၃ လအောက်ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်)၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက်ဖြစ်နေမယ်
  • ကလေးက ၃ လကနေ ၆လ ကြားအရွယ်ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက်ဖြစ်နေမယ် ဆိုရင်တော့ ကလေးက ဖျားနေပြီလို့ပြောလို့ရပါတယ်။ ကလေးတွေက ဖျားတဲ့ အခါ မအီမသာဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်းရှိနိုင်ပါတယ်။

ကာကွယ်ဆေးထိုးတာကတော့ မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့်ဆေးထိုးအပြီး ကလေးဖျားတာ၊ ထိုးထားတဲ့နေရာနီရဲပြီးရောင်နေတာ၊ အီပြီး ငိုနေတာတွေအတွက် သက်သာအောင်ပြုစုပေးလို့ရပါတယ်။

ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ

  • ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေးထားပေးပါ။
  • ကလေးကို ချိုသာတဲ့ အသံလေးနဲ့ချော့မြူပြောဆိုပါ။
  • ကလေးကို လက်ထဲမှာချီပြီးထွေးပိုက်ချော့မြူပေးပါ။
  • ကလေးကို နို့တိုက်တာနို့ဘူးတိုက်တာမျိုး လုပ်ပေးပါ။
  • ကလေးဆေးထိုးထားတဲ့နေရာကိုရေခဲကပ်ပေးပါ။

ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေးတစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင်ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vaccination and your child https://www.caringforkids.cps.ca/handouts/vaccination_and_your_child Accessed Date 28 June 2018

Immunizations and Vaccines https://www.webmd.com/children/vaccines/immunizations-vaccines-power-of-preparation#2 Accessed Date 28 June 2018

Vaccinations https://www.nhs.uk/conditions/vaccinations/vaccination-appointment-tips-for-parents/?tabname=babies-and-toddlers Accessed Date 28 June 2018

KidsHealth https://kidshealth.org/en/parents/baby-vaccinations.html Accessed Date 28 June 2018

Post-immunisation fever https://www.calpol.co.uk/illnesses-symptoms/post-immunisation-fever Accessed Date 28 June 2018

ယခုပုံစံ

15/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကာကွယ်ဆေးများအကြောင်း အမေးနှင့်အဖြေများ

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ